မသိခြင်း

fb_img_1638790212152.jpg

အရင်လို စာနုလေးတွေ မရေးနိုင်၊ မရေးဖြစ်တာ ကြာပြီ။ စိတ်နှလုံး နောက်ကျိနေတာလည်း ပါမည်။ နှလုံးသားတွေ မလန်းဆန်းတာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ လူတစု၏ ဒုက္ခပေးမှုက တတိုင်းပြည်လုံး အလူးအလဲပင်။ လူမဆန်သည့် လူသားများကား သက်ဆိုး ရှည်လွန်းကြ၏။ အကုသိုလ် အလုပ်ကို ထပ်လုပ်နိုင်ရန် အလို့ငှာ သက်တမ်းဆန့်ထား ပေးသည်ထင်။ တကယ်က အမှန်မြင်ပြီး အချိန် မလွန်ခင် ပြင်ဆင်နိုင်ဖို့ အခွင့်အရေး ပေးထားခြင်း ဖြစ်တန်ရာ၏။

ဒါပေမယ့် ဒါကို မသိမမြင်နိုင်လောက်အောင် အကုသိုလ်ကြီး အမှောင်ဖုံးကာ အမှားပေါ် အမှားဆင့်ပြီး အဆိုးသံသရာ ရှည်တော့၏။ လူတွေကား ကျဆုံးချင်လာလျှင် အမှားကို အမှန်ချည်း ထင်နေတတ်ကြသည်ဟု ဆိုစမှတ် ရှိ၏။ သို့ပေမယ့်လည်း တခါတလေမှာ ကျဆုံးခန်းက ရှည်ကြာနေတာမျိုးလည်း ရှိ၏။

ကျရှူံးမယ့် အရေး အချိန် အတော်ကြာ စောင့် နေရသလို သို့မဟုတ် အချိန်ကာလ ကြာမြင့်စွာ ကျရှုံးခြင်းနွံနစ်တာမျိုးပေါ့။ အကုသိုလ် အားကြီးလာလျှင်တော့ ဘယ်ကောင်းကံ ဘယ်ကုသိုလ်မှ ကြားဝင် နှာနှပ် ပေးနိုင်တော့မည် မဟုတ်ပေ။

img_0.2520602284018024.jpg

အချိန် မလွန်ခင် ပြင်ဆင်နိုင်မှ နောင်တနဲ့ ဝေးပေလိမ့်မည်။ ထိုသို့ မဟုတ်လျှင်တော့ နောင်တက ပူလောင်ပင်ပန်းခြင်းကို ဆတိုးကိန်း ဖြစ်အောင် လုပ်ပေလိမ့်မည်။

အချို့က အချိန် မလွန်ခင် အသိ၊ သတိ ဝင်ကြပေမယ့် အများစုကတော့ အချိန်လွန်မှ သိကြပြီး နောင်တတွေ တပွေ့ တပိုက်နှင့် ဘဝ နေဝင်ရလေ၏။ ထိုထဲမှ အချို့ကြပြန်တော့ သေလွန်ချိန်ထိပင် နောင်တ အသိ သတိ မဝင် သွားကြပြန်ပေ။

မသိခြင်းကား ကောင်းလည်းကောင်း၊ ကောင်းလည်း မကောင်းပေ။ လူပီသဖို့က လွယ်လွယ် လေးပင်။ လူပီသအောင်နေတက်ဖို့ကသာ ခက်နေခြင်း ဖြစ်၏။ ကျနော်တို့က ကောင်းတာကို လုပ်ရမှာထက် ဆိုးတာကို လုပ်ဖို့ ပိုကြိုက်နေကြလေ သလားတော့ မပြောတတ်တော့ပေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center