Let Play Fantasy Premier League

ဒီနေ့တော့ hivefpl ရဲ့ ပိုစ့်မှာ ကျနော့်ကို mention ခေါ်ထား၏။ 2024/25 ရာသီအတွက် ကျနော်နဲ့ ကျနော့်အသင်း ယှဉ်ပြိုင် ကစားခွင့်ရပြီ ဆိုပြီးတော့ပေါ့။ မနှစ်တုန်းက နောက်ကျသွားတာနဲ့ ပါဝင်ခွင့် မရလိုက်ပေ။ ဒီနှစ်တော့ အချိန်မှီ သွားခဲ့ပြီ။ August 16 သောကြာနေ့အထိ ဝင်ခွင့်ဖောင်ဖွင့်ထားပေးဦးမည် ဖြစ်၏။ 17 ရက်နေ့မှာ အဖွင့်ပွဲစဉ် အဖြစ် Man United vs Fulham တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။

hivefpl မှာ ကျနော့်အသင်းက Division 2 ကနေ စတင် ကစားရမည် ဖြစ်၏။ hivefpl မှာက Classic League နဲ့ Head to Head League ဆိုပြီး ရှိ၏။ နှစ်ခုလုံးကို join ထားဖို့ လို၏။ Head to Head မှာက တပတ်တပွဲ ပြီးတိုင်း ဆုကြေး ရမည် ဖြစ်၏။ Classic ကတော့ ရာသီကုန်မှပဲ အမှတ်ပေး ဇယား ရပ်တည်မှုပေါ် မူတည်ပြီး ဆုကြေး ခွဲဝေ ရရှိမည် ဖြစ်၏။ Head to Head မှာက Division 1 နဲ့ 2 က ဆုကြေးကွာ၏။ Division 1 အသင်း အနေနဲ့ နိုင်ရင် 1 Hive, သရေကျရင် 0.5 Hive ရမည် ဖြစ်၏။ Division 2 အသင်း ဆိုရင်တော့ နိုင်ရင် 0.5 Hive, သရေကျရင် 0.25 Hive ရမည် ဖြစ်၏။

ကျနော့် FPL စကေးက အဂေါ်၊ အလန်းကြီးတော့ မဟုတ်ပေ။ ဒီအတိုင်း ဝါသနာရှင် အနေအထား လောက်သာ။ ခု hivefpl မှာ ဝင် join ထားတာက ဒီအတိုင်းလည်း EPL ကြည့်ပြီး FPL ကစားနေကြမလို့ ထပ် join လိုက်ခြင်း ဖြစ်၏။ ပိုစ့်တင်ဖို့ စာရေး စရာ အကြောင်းအရာ ဘာညာလည်း ရတာပေါ့လေ။ ကြားထဲ အသင်းက နိုင်ပွဲရရင် အပို Hive လေး ဘာလေး ရတာပေါ့။

သောကြာနေ့အထိ အချိန်ရသေးတာမို့ EPL ပွဲတွေ ကြည့်ရှု အားပေးသူလည်း ဖြစ်တယ်၊ FPL game နဲ့လည်း မစိမ်းဘူး ဆိုရင်တော့ hivefpl မှာ ဝင်ရောက်ပြီး ဆုငွေတွေ ရယူနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

(Screenshot from hivefpl's Hive & Discord)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now