F-Droid App store

ဒီနေ့မှာတော့ app လေး တခုနဲ့ မိတ်ဆက်ပေးချင်၏။ F-Droid ဟု ခေါ်သည့် app လေး ဖြစ်၏။ Android app တွေ download ရယူနိုင်သည့် App store လေး ဖြစ်၏။ Play stote လိုပေါ့။ ဒါပေမယ့် မတူပေ။ F-Droid မှာက app တွေက open source app တွေ များ၏။ ပြောရရင် playstore မှာ မရနိုင် မရှိနိုင်သည့် app တွေအများကြီး သူ့မှာ ရှိ၏။

Playstore မရသည့် ph တွေမှာ Apkpure တို့ ဘာတို့လို့ app ကနေ တဆင့် app တွေကို download ဆွဲ အသုံးပြု ရ၏။ Playstore မှာက paid app တွေလည်း ရှိသလို free app တွေလည်း ရှိ၏။ F-Droid မှာက paid app တွေ မရှိပေ။ ပြီး ဂိမ်း အကြီးကြီးတွေလည်း မရှိပေ။ ဟင် ဒါဖြင့် ဘာ app တွေပဲ ရှိမှာလဲ ဆိုတော့ နေ့စဉ် ဘဝအတွက် အသုံးဝင်သည့် app လေးတွေ များစွာ ရှိ၏။ ဥပမာ AccA လို Magisk နဲ့ တွဲသုံးရတဲ့ app လိုမျိုး၊ ပြီး YouTube music နဲ့ ဆင်တူသည့် music app လိုမျိုးတွေပေါ့။ ထို့ပြင် Dictionary တို့၊ note တို့လို app မျိုးတွေလည်း ရှိ၏။

Android ph တွေ အတွက် playstore က မရှိ မဖြစ်ရယ်လို့တော့ မဟုတ် ပေမယ့် ရှိနေရင် ရှိခဲ့ရင်တော့ ပိုကောင်းပါ၏။ Google service တွေ ရရှိမှသာ playstore တို့ ဘာတို့က သုံးလို့ရသည်ကိုး။ ထို့ကြောင့် Google service support မပေးသည့် ph တွေကကြ Apkpure တို့လို အခြား third party app store တွေ အသုံးပြု ရ၏။

ph တွေမှာ build in ပါသည့် app store တွေ ဥပမာ samsung store, mi store, huawei store တို့က playstore တို့ Apkpure တို့လောက် app တွေ မစုံပေ။ ထို့ကြောင့်ပင် ကျနော်တို့ playstore နှင့် ကင်းကွာလို့ မရနေခြင်း ဖြစ်၏။ နို့ ဒါဖြင့် playstore မရရင်ကော ph က သုံးမရ၊ အသုံးမဝင်တော့ဘူးလားပေါ့။ ထိုသို့လည်း မဟုတ် သေးပြန်ပေ။ playstore အစား Apkpure တို့ ဘာတို့ကို သုံးလို့ရပါသေး၏။

ထို (၂) ခုအစား F-Droid store သုံးလို့ မရဘူး လားဟု မေးက မရဟုသာ ဖြေရပေလိမ့်မည်။ F-Droid က bonus app store အဖြစ်သာ သုံးနိုင်ပေလိမ့်မည်။ open source app တွေကို နှစ်ခြိုက်သူများအဖို့ F-Droid က စိတ်ကျေနပ်မှု ပေးနိုင်မည်မှာ သေချာ၏။

https://f-droid.org/en/

H2
H3
H4
3 columns
2 columns
1 column
5 Comments