Draw

ဟုတ်ကဲ့ မနိုင်၊ မရှုံးဘဲ သရေကျသွားခဲ့ပါတယ်။ ခုဆို United အနေနဲ့ ယူရိုပါလိဂ် 3 ပွဲ ကစားအပြီးမှာ တပွဲမှ မရှုံးထားသလို တပွဲမှလည်း အနိုင်မရထားသေးပါဘူး။ ကောင်း၏။ မနက်က ကစားခဲ့သည့် Fenerbache နဲ့ပွဲမှာ ဦးဆောင်ဂိုးကို ပထမပိုင်း 15 မိနစ်မှာ ကတည်းက Eriksen က သွင်းယူပေးခဲ့၏။ ဂိုးတွေများ ထပ်သွင်းမလားလို့ မျှော်လင့်မိပေမယ့် တကယ်တမ်း ဖိကစားနေတာက အိမ်ရှင် Fenerbache ဖြစ်၏။ Onana လက်စွမ်းပြ ကာကွယ်နေလို့သာ။

ပထမပိုင်းမှာ Fenerbache တိုက်စစ်မှူး၏ ခေါင်းတိုက်ဂိုးသွင်းယူမှုကို 2 ခါပြန် ကာကွယ် သွားခဲ့၏။ အဆိုပါ 2 ကြိမ်လုံးက တကယ့်ကို သေချာပေါက် ဂိုးပေးရမည့် အနေအထားတွေ ဖြစ်၏။ သရေ ရလဒ် အတွက် Onana ကို ကျေးဇူး တင်ရပေလိမ့်မည်။ ပထမပိုင်းမှာ United တို့ ဂိုးရတယ် ဆိုပေမယ့် ပွဲချိန်တော်တော်များများကို Fenerbache ကသာ စိုးမိုးထား၏။ United က တန်ပြန်တိုက်စစ်နဲ့သာ ကစားခဲ့၏။ ဂိုး ရလုနီးပါး အခြေအနေမျိုးတွေ ရှိခဲ့ပေမယ့် ဖန်တီး ပေးပို့မှုက မသေချာတော့ ဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်း ပြန်စလို့ မိနစ်ပိုင်းသာ ရှိသေး (49) မိနစ်မှာတော့ ပထမပိုင်းတုန်းက 2 ခါပြန် ခေါင်းတိုက်ပြီး ဂိုး မသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး En-Nesyri က Fenerbache အတွက် ချေပဂိုး သွင်းယူပေးခဲ့၏။ United တို့ အနိုင် 3 မှတ် မရယူနိုင်ခဲ့ဘဲ သရေ တမှတ်နဲ့သာ ထပ်မံ ကျေနပ်ခဲ့ရ၏။ ဒီပွဲမှာ Ten Hag ကစားကွက် ဆန်းဆန်းကြီး ပြသွားခဲ့သေး၏။ အနီကဒ်ကြောင့် ပွဲပယ်ခံထားရသည့် Fernandes နေရာမှာ RB & LB အဓိက ကစားသည့် Mazraoui ကို ထည့်သွင်း ကစားသွားခဲ့၏။

လာမယ့် တနင်္ဂနွေ မြန်မာစံတော်ချိန် ည 8 နာရီခွဲမှာတော့ West Ham အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရပေလိမ့်ဦးမည်။ လောလောဆယ်တော့ West Ham က အမှတ်ပေးဇယားမှာ United ၏ အောက်မှာ ရပ်တည်နေ၏။ ဒါပေမယ့် တွေ့ဆုံတိုင်း United ကို ဒုက္ခပေးလေ့ ရှိသည်မို့ ဒီပွဲကလည်း လွယ်ကူမည်တော့ မဟုတ်ပေ။ ရွှေခေတ် ကုန်သွားသည့် United အတွက် ပွဲစဉ်တိုင်းက ရုန်းကန်နေရသည့် ပွဲတွေချည်းပင် ဖြစ်ချေတော့၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center