Copa America

ဒီနေ့တော့ Copa America ဖက် သွားကြည့်ပါဦးမည်။ Euro 2024 ကိုပဲ အာရုံစိုက်နေတာနဲ့ Copa America ဖက် မလှည့်ဖြစ်နေခြင်း ဖြစ်၏။ ပြီး Copa America ပွဲတွေက မြန်မာစံတော်ချိန် အရ မနက်အခင်းအစောတွေ ဖြစ်နေတော့ ညနက်မှ အိပ်ပြီး မနက် အစော မထ၊ မနိုးသူ ကျနော့် အတွက် အဆင်မပြေပေ။ Euro ပွဲတွေသာ မရှိရင်တော့ ထကြည့်ကောင်း ကြည့်ဖြစ်ပေလိမ့်မည်။ ခုက Euro ပွဲကြည့်ပြီး လူက နောက်ကျမှ အိပ်တော့ မထနိုင်တော့ပေ။ ည ၁၀ နာရီခွဲပွဲလောက်ပဲဆိုထား တခါတလေ မနက် ၁ နာရီခွဲပွဲကို အပြီးထိ မဟုတ်ဘဲ ပထမပိုင်းပဲ ကြည့်တောင် မနက် ၄ နာရီခွဲ၊ ၆ နာရီခွဲ၊ ၇ နာရီခွဲတို့ထဖို့ မဖြစ်နိုင်တော့ပေ။

Tournament, Competition အကြီးကြီးတွေ လာဆုံ၊ လာတိုက်နေတာက အတော်ဆိုးလှ၏။ ကွာတားဖိုင်နယ် ကျင်းပချိန်တွေပါ လာတိုက်နေခဲ့၏။ Euro ကွာတားဖိုင်နယ်ကလည်း July 5,6,7 Copa America ကွာတားဖိုင်နယ်ကလည်း July 5,6,7 တွေပဲ ဖြစ်၏။ Euro က အုပ်စု အဆင့်ပြီးရင် ၁၆ သင်းဆင့် ရှိသေးပေမယ့် Copa America က အုပ်စုပြီးရင် ကွာတားဖိုင်နယ် တန်းရောက်သွား၏။ အုပ်စု ခွဲဝေချထားမှုကလည်း ကွာသည်ကိုး။ Euro က အုပ်စု ၆ ခု၊ Copa America က အုပ်စု ၄ ခုသာ ခွဲဝေထား၏။

အုပ်စု ပွဲစဉ် အားလုံး ကစားပြီးမှာ ကွာတားဖိုင်နယ် တက်သွားသည့် အသင်းတွေက Group A မှာ Argentina နှင့် Canada, Group B မှာ Venezuela နှင့် Ecuador, Group C မှာ Uruguay နှင့် Panama, Group D မှာ Colombia နှင့် Brazil တို့ပဲ ဖြစ်ပါတယ်။ အိမ်ရှင် USA ကတော့ အုပ်စု အဆင့်ကနေပဲ ထွက်ခွာသွား ခဲ့ရပါပြီ။

ကွာတားဖိုင်နယ် အဆင့်မှာတော့ Argentina vs Ecuador, Venezuela vs Canada, Uruguay vs Brazil, Colombia vs Panama တို့ တွေ့ဆုံ ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။

Ronaldo အတွက် ယခု Euro ပြိုင်ပွဲက နောက်ဆုံး ပြိုင်ပွဲကြီး ဖြစ်သလို Messi အတွက်ကလည်း ယခု Copa America ပြိုင်ပွဲက နောက်ဆုံး ပြိုင်ပွဲ ဖြစ်ပါတယ်။ သူတို့ fans တွေ အတွက် သူတို့ကို အားပေး ကြည့်ရှုခွင့်ရမည့် နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲတွေ ဖြစ်သွားမှာပါ။ ဒီနိုင်ငံ ပြိုင်ပွဲတွေ ပြီးသွားခဲ့ရင် နိုင်ငံလက်ရွေးစဉ် အဖြစ်ကနေ အနားယူသွားကြဖို့ များပါလိမ့်မယ်။ ထို့နောက်မှာတော့ မကြာခင် နှစ်အပိုင်းအခြားအတွင်းမှာ ကစားသမားဘဝကနေ အနားယူသွားကြဖို့လည်း ရှိလာပါလိမ့်မယ်။ Goats နှစ်ယောက်ကို ကြည့်ရှုအားပေးဖို့ အချိန် အားဖြင့် အနည်းငယ်သာ ရှိပါတော့တယ်။ ကိုယ့် အသည်းကျော် နှစ်ယောက်ကြီးကို ကြည့်ရှု အားပေးခွင့် ရနေတုန်း အားပေးလိုက်ကြရအောင်လားဗျာ။

(photos from Copa America Facebook page)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now