Boring

ခုတလော firmware သိပ် မကလိဖြစ်ပေ။ သဘောကျသည့်၊ စမ်းကြည့်ချင်သည့် firmware မျိုး မတွေ့သေးတာလည်း ပါမည်။ လက်ရှိ Rising os ကလည်း အသစ် မလာသေးပေ။ Beta update တော့ ရနေပြီ ဖြစ်၏။ နို့ပေမယ့် ကိုယ်က stable version ပဲ သုံးချင်သူ ဖြစ်တော့ စောင့်ဖို့သာ တွေးထားလိုက်၏။ Changelog တွေ လိုက်ဖတ် ကြည့်ရသလောက်ကလည်း beta version က လက်ရှိ ကျနော် သုံးနေတဲ့ version ထက် ထွေထွေ ထူးထူး ကောင်းနေတာတွေ သိပ်မတွေ့ရပေ။ လက်ရှိ ကျနော်က Rising os 1.1 သုံးနေခြင်း ဖြစ်၏။

Official support မှာတော့ 1.3.1 ထိ ရနေပြီ ဖြစ်၏။ ကျနော်တို့လို support မပေး၊ မရသည့် ph အမျိုးအစားတွေ အတွက် ဖြစ်သည့် unofficial version ကတော့ စောင့်ရပေဦးမည်။ ဘယ်လောက် ကြာမည်ကတော့ မပြောတတ်ပေ။ Software (firmware) ရေးပေးချင်သည့် Developer ပေါ် မူတည် လိမ့်မည်။ တခြား rom တွေ တွေ့သော်လည်း လက်ရှိမှာက rising os ကိုသာ ပို သဘောကျနေမိ၏။ rising os မတိုင်ခင်တုန်းကတော့ Spark os ကို ကြိုက်၏။ နို့ပေမယ့် Spark os ကလည်း rom အသစ် ထပ်မလာတော့ပေ။

ကျနော့် ph အတွက် spark os ကလည်း official support မဟုတ်ပေ။ unofficial သာ ရ၏။ အမှန်တော့ official unofficial ဆိုတာက နာမည်လေးသာ ကွဲနေတာပါလေ။ သုံးရတာခြင်းက အတူတူပဲ။ lineage os, evolution os တို့ကတော့ ကျနော့် ph အမျိုးအစား အတွက် official support ရ၊ ပေး၏။

Ph ကို ဝယ်ပြီး လပိုင်းလောက်ထိသာ build in ပါလာသည့် os တွေကို သုံး၏။ နောက်ပိုင်းမှာတော့ custom rom တွေပဲ လှည့်ပတ်သုံး၏။ custom တွေက ပို့ပေါ့ပြီး ပိုလည်း သုံးလို့ ကောင်း၏။ ပြီး up to date လည်း ဖြစ်၏။ ဥပမာ အားဖြင့် ကျနော့် ph အတွက် miui version က 12.5 (Android 11) မှာတင် ရပ်သွားခဲ့ပြီ ဖြစ်၏။ ခု custom rom တွေမှာက Android 13 ထိ ရ၏။ firmware တွေ၏ size မှာတင်ကို တဝက်လောက် ကွာ၏။ miui က 2.5, 2.7 GB လောက်ရှိပြီး custom rom တွေက 1.5, 1.7 GB လောက်သာ ရှိ၏။ ဒါတောင် နောက်ထွက်သည့် အမြင့်ph တွေရဲ့ miui rom size က 4, 5, 6, 7 GB လောက်တွေ အထိ ရှိ၏။

Firmware (rom) မကလိရပေမယ့်။ Magisk module တွေတော့ စမ်းဖြစ်၊ ကလိ ဖြစ်၏။ ကျနော်က custom rom သွင်းပြီးသည်နှင့် Magisk root လုပ်ပြီးမှ သုံးလေ့ ရှိ၏။ ပြီးတာနဲ့ ကိုယ် ကြိုက်သည့် module တွေ ထည့်သုံးပေါ့။ နောက်ရက်မှ လက်ရှိ ကျနော် စမ်းထားဖြစ်သည့် module တွေ အကြောင်း ပြောပြပါဦးမည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center