ဘယ်တော့ ပြန် တက်မယ်

Telegram ၏ Tom tokens Crypto လောကထဲ ဝင်ရောက်လာပြီး ကတည်းက Telegram Airdrop bot တွေ အများကြီး ပေါ်လို့ လာခဲ့လေ၏။ Not, Dogs တို့ကနေ ရခဲ့ကြသူတွေကတော့ ယခင်ထက်ပိုပြီး Airdrop အိပ်မက်နောက်ကို လိုက်ကြလေတော့၏။ ကျနော်လည်း တယောက်အပါပေါ့။ Not တုန်းက မရလိုက်ပေမယ့် Dogs မှာတော့ အနည်းငယ် ရလိုက်၏။ Not တုန်းက သိတော့ သိလိုက်ပေမယ့် မလုပ်ဖြစ်ခဲ့ခြင်း ဖြစ်၏။ ခု Dogs နဲ့ကြမှသာ Telegram tap bot, airdrop bot တွေနဲ့ တရင်းတနှီး ဖြစ်ခွင့်ရသည်ဟု ‌‌ဆိုရပေလိမ့်မည်။

Hive ဈေးက ကျနေတော့ စာရေး ပိုစ့်တင်ရတာကလည်း သိပ်ပြီး အားမရလှပေ။ စိတ်မပါပေမယ့်လည်း မူလ လက်ဟောင်း Hive လေးကိုတော့ ပစ်ပယ်လို့ မဖြစ်ပေ။ Airdrop တွေ ခေတ်ထလာလို့ ငါ့ပို ပစ်ထားတာပေါ့လို့ အငြူစူ မခံလိုပေ။ Airdrop လေး တခု စားရရုံနဲ့ နှစ်ရှည်လများ ပြုစုပျိုးထောင်ခဲ့ရသည့် Hive ကို ပစ်ပယ် စရာလား။ Hive မှာလည်းရေး၊ Airdrop လည်း ကောက်မယ်။ နှစ်ခုလုံး လုပ်လို့ရတာပဲလေ။ လောလောဆယ်တော့ Airdrop ဘက် အချိန် ပိုပေးနေမိတာတော့ ဝန်ခံပါ၏။

ဒါကလည်း အစကိုး။ နောက်ပိုင်း Airdrop တွေ အကြောင်း သိလာ၊ နားလည်သွားရင် သေချာတဲ့ Airdrop တွေပဲ ရွေးလုပ်ဖို့ စဉ်းစားထား၏။ ခုတော့ ကောင်းတယ် ပြောတိုင်း လိုက်လိုက် လုပ်ကြည့်ရင်း အချိန်တွေလည်း ကုန်လှပြီ။ တခါတလေ စာရေးဖို့တောင် မနည်းကောင်း အချိန် ပြန်ပြန် လုနေရ၏။ တချို့ရက်တွေဆို ကသောကပါးနဲ့ ရေးရ၏။ နဂိုကမှ စာကောင်း စာချော မရေးဖြစ်နေပါဘူးဆိုမှ။ ဒီရက်ပိုင်း ပိုစ့်တွေက စာဖြစ်၊ ပိုစ့်ဖြစ် ပြီးရော။ စာပုဒ်ရေ ပြည့် ပြီးရောတွေ ဖြစ်ကုန်၏။ ပြင်ဦးမှပါလေ။

Hive ဈေးကလည်း တက်မလာသည့်အပြင် ပိုပိုလို့တောင် ကျနေခဲ့၏။ တကယ်ဆို Hive က ဒီ ဈေးတတန်းမှာကို ရှိမနေသင့်ပေ။ တဖက်က ပြန်တွေးရင် ဈေးနည်း ဈေးကျနေတော့ hive power စုလို့ အဆင်ပြေတာပေါ့လေ။ Power များလာ၊ တနည်းအားဖြင့် Hive tokens ကို stake လုပ်ထားသူ များလာရင်တော့ Hive ဈေး ကောင်းလာနိုင်ပါရဲ့။

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သူ မဟုတ်လား။ ဒီ Platform ပေါ်မှာ ဒီလောက် အချိန်ကြာကြာ ရှိနေကြသူတွေမို့ Hive အပေါ်မှာ ကျနော်တို့ ဘယ်လောက်ထိ မျှော်လင့်ထားကြတယ်ဆိုတာ ထူးထွေ ပြောပြစရာ လိုမည် မထင်ပေ။ အားလုံးပဲ Fighting ပါဗျ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now