Alpha Droid

မနေ့ ရှေ့တနေ့က Evolution X ROM တင်လိုက်၏။ မနေ့က Update ပေးလို့ ထပ်တင်၏။ update တင်ပြီး Magisk အဆင် မပြေ ဖြစ်လို့ ပြန် လုပ်လိုက်ရသေး၏။ Magisk ရမှလည်း Bank apps တွေ သုံးလို့ရမည်ကိုး။ သို့နှင့် အဆိုပါ Magisk ကို ရအောင် သွင်းရခြင်း ဖြစ်၏။ Magisk မသွင်း (Root မလုပ်ရင်) ရင် ရပေမယ့် တခြား Customize လုပ်ချင်တာတွေလည်း ရှိသဖြင့် Magisk ကို သွင်းခြင်း ဖြစ်၏။

ROM Update လုပ်ပြီး Magisk သွင်းပြီး (ပြန်ဖြုတ်ပြီး ပြန်သွင်း) နောက်မှာတော့ အဆင် ပြေပြေ ပြန်ပြီး သုံးလို့ ရသွားခဲ့၏။ အဆင်လည်း ပြေဦးမှရယ်။ ဒီ ROM တွေ ပြောင်းနေရတာနဲ့တင် အချိန်တွေလည်း အတော်ကုန်ခဲ့ပြီကိုး။ ကိုယ့် ဒုက္ခနှင့် ကိုယ် မလား။ Evolution X လေး update တင်ပြီးခါမှ နောက်ထပ် Custom ROM အသစ် တခုက ထပ်ထွက် လာပြန်၏။ Developer ကတော့ တယောက်ထဲပင်။ လက်ရှိမှာလည်း Mi 9 lite အတွက် Custom ROM တွေ ရေးပေးနေတာကလည်း သူ တ‌ယောက်ထဲ ပဲ ကျန်သည်ဟု ပြောလို့ရမည်။

ဘာပဲ ပြောပြော ဒီ phone အဟောင်းလေး အတွက် update custom ROM တွေ ရေးပေးမယ့်သူ ရှိနေတာကပဲ ဟုတ်နေပြီ။ ဒီ phone အဟောင်းလေး up to date သုံးနေရတာကကို သူတို့၊ သူ့ ကျေးဇူးတွေဟု ပြောလို့ရ၏။ ခုလည်း သူပဲ ရေး‌ထားပေးသည့် နောက်ထပ် custom ROM အသစ် တခု ထွက်လာခဲ့၏။ Alpha Droid ဖြစ်၏။ Custom ROM တွေကတော့ သိပ်ပြီး မကွာကြပါဘူးလေ။ ပုံစံ ဆင်တူလေးတွေ ချည်းပဲ နည်းနည်းပို၊ နည်းနည်းလျော့တွေသာ။

ယခု Alpha Droid ကတော့ ထူးဆန်း၏။ version 3 ခု ထုတ်ပေး၏။ တခြား custom ROM တွေတုန်းက version 2 မျိုးသာ ရှိ၏။ Vanilla နှင့် Gapps version ဖြစ်၏။ Vanilla က Google apps တွေ မပါ၊ တနည်းအားဖြင့် Google support မပေးပေ။ သက်သက် ပြန်သွင်းယူရ၏။ Gapps version ကတော့ Google apps တွေ build in ပါပြီး သားဖြစ်၏။ ယခု Alpha Droid က တခုပို၏။ MicroG version ဖြစ်၏။ Google apps တွေ အပြည့် မပါပေမယ့် Google ကို အဆင်ပြေပြေ သုံးလို့ရ၏။

ROM size တွေ ကြည့်ရင်လည်း Gapps က size ကြီး၏။ Vanilla နှင့် MicroG က size နည်း၏။ Gapps က 2.1 GB ရှိရင် Vanilla နှင့် MicroG ကတော့ 1.6 GB သာ ရှိ၏။ လက်ရှိကို Evolution X သုံးနေလို့သာရယ်။ Evolution X သာ မတင်ရသေးရင် ယခု Alpha Droid ရဲ့ MicroG version ကို စမ်း တင်ဖြစ်လောက်မည်။ ခု လောလောဆယ်တော့ Evolution X ပဲ သုံးကြည့်ပါဦးမည်။

Evolution X သုံးရတာ အဆင်မပြေတဲ့ တနေ့တော့ Alpha Droid MicroG version လေး သုံးကြည့်ပါဦးမည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center