Today Paper Craft

ဒီတစ်ခုကခဲတံ၊ဘောလ်ပင်စသည့်စာရေးကိရိယာ၊ဒါမှမဟုတ်အခြားပေါ့ပေါ့ပါးပါးအတိုအထွာလေးတွေထားလို့ရတဲ့ဘောက်စ်တစ်ခုပြုလုပ်လိုက်ပါတယ်။ထိုဘောက်စ်ကိုလှပသောဘိုးတစ်ပွင့်ဖြင့်လည်းအလှဆင်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ဖော်ပြထားပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာကတ်ထူတစ်ရွက်ကိုပုံအတိုင်းဖြတ်၍တစ်ဘက်မှာအပြာရောင်၊ကျန်တစ်ဘက်ကိုပန်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူဘောက်စ်တစ်ခုမှာထိုကတ်ထူကိုကော်ကပ်လိုက်ပါတယ်။ပြီးနောက်ဘိုးတစ်ပွင့်ဖြင့်အလှဆင်ပါတယ်။ဘိုးပွင့်ပြုလုပ်နည်းကအဝါရောင်စာရွက်ကိုအလျားအနံတူညီစွာညှပ်၍အနက်ရောင်အစက်များဆွဲလိုက်ပါတယ်။ပြီးနောက်အလယ်မှတစ်ဝက်တိတိခေါက်၍ထိုအလယ်မျဥ်းအထိအနားနှစ်ဘက်ကိုခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုပုံအတိုင်းလေးပိုင်းအညီအမျှလေးခေါက်ချိုးလိုက်ပါတယ်။ပြီးနောက်အနားတစ်ဘက်ကိုလေးပုံတစ်ပုံခေါက်၍ကျန်အနားတစ်ဘက်ကိုအလယ်တစ်ဝက်မှအပြင်ဘက်သို့ခေါက်ပါတယ်။ထိုစက္ကူခေါက်တစ်ခုလုံးကိုတွန့်ခေါက်၍အလယ်မှခေါက်ချိုးပြီး၊အပ်ချည်ဖြင့်ချည်ပါတယ်။ပြီးနောက်လိမ္မော်ရောင်စက္ကူဖြင့်ပုံအတိုင်းညှပ်၍အလယ်သို့ခေါက်၍ကော်ကပ်ပြီး၊အနက်ရောင်စက္ကူစဖြင့်ကော်ကပ်ပါတယ်။အဝါရောင်စက္ကူအပိုင်းတစ်ခုကိုလည်းညှပ်၍ကော်ကပ်ပြီးဘိုးတစ်ပွင့်ပြုလုပ်ပါတယ်။ပြီးနောက်ဘောက်စ်မှာအလှဆင်ပါတယ်။

img_0.18973164149856425.jpg

img_0.1788288392762157.jpg

img_0.09067312475174.jpg

img_0.7337904703342545.jpg

img_0.5162236843532593.jpg

img_0.9203057817554807.jpg
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center