Today Paper Art for Wall Decor

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုလည်းဖြစ်သလို၊စက္ကူအိတ်လေးတစ်ခုကိုပါပြုလုပ်ထားတဲ့၊ကဒ်လေး
တွေ၊ပေတံ၊ဘောလ်ပင်၊ဘီးစတဲ့ပေါ့ပေါ့ပါးပါးလေးတွေပါထားလို့ရအောင်ပြုလုပ်လိုက်ပါတယ်။စက္ကူခေါက်နည်း၊ပြုလုပ်နည်းကိုပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို၊စာလည်းရေးပြထားပါတယ်။ပြုလုပ်ရမည့်အဆင့်နည်းသလိုလွယ်ကူပါတယ်။ပထမအဆင့်မှာပန်းပွင့်များပြုလုပ်ထားပါတယ်။စာရွက်ကိုအပိုင်းပိုင်းဖြတ်၍တွန့်ခေါက်ပြီး၊အလယ်မှခေါက်ချိုး၍ကလစ်ဖြင့်ညှပ်ကာ၊ပန်းပွင့်များပြုလုပ်ထားပါတယ်။အစိမ်း၊လိမ္မော်၊အနီရောင်ပန်းပွင့်တွေပါ။ပန်းပွင့်ပြုလုပ်ပြီးရင်ကတ်ထူကိုလေးထောင့်ပုံအလျားအနံတူညီစွာဖြတ်လိုက်ပါတယ်။ပန်းရောင်စာရွက်ကော်ကပ်ပြီး၊စက္ကူအိတ်တစ်ခုကိုထပ်မံပြုလုပ်ပါတယ်။ခုနကကတ်ထူရဲ့တစ်ဝက်အတိုင်းအတာနဲ့အညီ၊အနီရောင်စာရွက်ကိုဖြတ်ပြီး၊ကော်ကပ်ရန်နေရာပို၍ဖြတ်ပါတယ်။ပြီးနောက်ခေါက်ချိုး၍လိုအပ်တဲ့နေရာကော်ကပ်ပြီး၊ပန်းရောင်ကတ်ထူမှာကော်ကပ်လိုက်ပါတယ်။

photo 267 113913.jpg

photo 267 113727.jpg

photo 267 113836.jpg

photo 267 114530.jpg

photo 267 114446.jpg

photo 267 114422.jpg

photo 267 114513.jpg

ဒီအဆင့်မှာပန်းရောင်စက္ကူအပိုင်းတစ်ခုကိုကတ်ထူဖြင့်ကော်ကပ်ပြီး၊အစိမ်းရောင်အရွယ်တူစက်ဝိုင်းပုံများဖြတ်ကာ၊ပန်းပွင့်များဖြင့်ပုံပြထားတဲ့အတိုင်း၊ညီညာစွာစီ၍ကော်ကပ်လိုက်ပါတယ်။ပန်းရောင်ကတ်ထူမှာလည်းပန်းပွင့်၊ရောင်စုံစက်ဝိုင်းပုံလေးများဖြင့်ကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်ကတ်ထူနှင့်ပန်းပွင့်ကော်ကပ်ထားတဲ့စက္ကူအပိုင်းကိုဆက်ပြီး၊နံရံအလှဆင်တစ်ခုပြုလုပ်ပါတယ်။

photo 267 114133.jpg

photo 267 114352.jpg

photo 267 114217.jpg

Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center