Paper Photo Frame

ဒီတစ်ခါတော့ photo frame တစ်ခုပြုလုပ်ထားတာပါ။ပုံနှစ်ပုံအသုံးပြုနိုင်မှာဖြစ်ပြီး၊ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ပြထားသလို၊စာရေး၍လည်းပြောပြထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုလေးထောင့်ပုံဖြတ်၍စက္ကူဖြင့်ကော်ကပ်ပါတယ်။အဝါရောင်စာရွက်ကိုခေါက်ချိုး၍စက္ကူအပိုင်းများပြုလုပ်တယ်။ထိုအဝါရောင်စက္ကူအပိုင်းများဖြင့်လေးထောင့်ပုံစံပြုလုပ်၍ကော်ကပ်တယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူကိုဖြတ်ပြီးလိမ္မော်ရောင်စက္ကူဖြင့်ကော်ကပ်တယ်။ဆက်လက်ပြီး frame ပုံစံကတ်ထူဖြင့်ဆက်၍ကော်ကပ်ပါ့မယ်။ပြီးနောက်အလှဆင်ရန်ရောင်စုံအရွက်များပြုလုပ်မှာပါ။စက္ကူကိုအလျားအနံတူညီစွာဖြတ်၍တစ်ဝက်ခေါက်ချိုးပြီး၊ပုံအတိုင်းတွန့်ခေါက်လိုက်ပါတယ်။ပြီးနောက်အလယ်မျဥ်းကိုအနည်းငယ်ခေါက်၍စက္ကူခေါက်ကိုဖြန့်လိုက်ပါတယ်။သစ်ရွက်ပုံစံပိုပေါ်လွင်စေရန်ထောင့်စွန်းတွေကိုအနည်းငယ်ခေါက်ချိုးပါ့မယ်။ပြီးတော့ frame မှာပုံအတိုင်းအလှဆင်ပါတယ်။

img_0.9084089936407235.jpg

img_0.9281310531740286.jpg

img_0.20235312615149306.jpg

img_0.9651578652417102.jpg

img_0.3848533967500653.jpg

img_0.08602297093270354.jpg

img_0.39752721050732265.jpg

img_0.39752721050732265.jpg
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center