Paper Art Flower Vase

ဒီတစ်ခုကသစ်ပင်ပုံစံပန်းအိုးလေးတစ်လုံးပုံဖော်ထားပါတယ်။ကတ်ထူပေါ်သစ်ပင်ပုံဆွဲ၍ပန်းပွင့်များဖြင့်အလှဆင်ပြီးပြုလုပ်ထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်တာပါ။ပြုလုပ်နည်းကိုလည်းပုံများနဲ့အဆင့်ဆင့်ပြထားပါတယ်။စာရေး၍လည်းပြောပြထားပါတယ်။ပထမအဆင့်မှာကတ်ထူပေါ်သစ်ပင်ပုံဆွဲ၍ကတ်ကြေးဖြင့်ညှပ်ပြီး၊အစိမ်းရောင်စာရွက်ကော်ကပ်ကာ၊ပြန်၍ညှပ်လိုက်ပါတယ်။ပြီးနောက်သစ်ပင်ပင်စည်၊အကိုင်းအခက်ပုံစံဆွဲလိုက်ပါတယ်။ကတ်ထူဘူးခွံတစ်ခုကိုတစ်ဝက်ခန့်ဖြတ်၍၊အ​​ပြာရောင်စာရွက်ကော်ကပ်ပါတယ်။ပန်းပွင့်တွေကိုတော့စာရွက်ပေါ်ပန်းပွင့်ပုံဆွဲ၍ညှပ်ပြီး၊သစ်ပင်မှာအနီရောင်နဲ့အပြာရောင်ပန်းပွင့်များကော်ကပ်ပါတယ်။အပြာရောင်ဘောက်စ်မှာတော့အဖြူရောင်နဲ့အနီရောင်ပန်းပွင့်များကော်ကပ်ပါတယ်။ပြီးနောက်အပြာရောင်ဘောက်စ်ရဲ့ဘေးဘက်အနားနှစ်ဘက်မှာကတ်ကြေးဖြင့်အနည်းငယ်ညှပ်၍၊သစ်ပင်ပုံကတ်ထူဖြင့်ဆက်ကာ၊အလှထားနိုင်တဲ့ပန်းအိုးတစ်လုံးပြုလုပ်ပါတယ်။

img_0.02648383127544963.jpg

img_0.6698135891308284.jpg

img_0.045733164468915115.jpg

img_0.25848767351765733.jpg

img_0.8763393513910338.jpg
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center