My Paper Craft Idea Photo Stand & Bag

ဒီတစ်ခုကိုတော့ပုံလေးတွေကော်ကပ်ထားလို့ရတဲ့ဓာတ်ပုံဘောင်တစ်ခုရယ်၊တစ်ဘက်မှာကဒ်လေးတွေ၊ပေတံတွေထည့်လို့ရတဲ့အိတ်လေးတစ်လုံးပါတဲ့၊ခေါက်ချိုးလို့လည်းရသလို၊ဒီအတိုင်းထားလို့လည်းရတဲ့ပုံစံမျိုးပြုလုပ်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနှင့်စာတို့ဖြင့်ဖော်ပြထားပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ဓာတ်ပုံဘောင်အတွက်ကတ်ထူကိုလေးထောင့်ပုံစံဖြတ်ပြီး၊အနီနှင့်အဝါရောင်စာရွက်ကိုအပိုင်းငယ်များဖြတ်ကာ၊တစ်ခုစီခြား၍ကော်ကပ်ကာ၊ပုံဖော်ထားပါတယ်။ကျောဘက်ကိုတော့အဖြူရောင်ကတ်ထူဖြင့်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ကတ်ထူတစ်ရွက်ကိုအလယ်မှခေါက်ချိုးပြီး၊အပြာရောင်စာရွက်ကော်ကပ်ထားပါတယ်။ထို့နောက်အခြားကတ်ထူအပိုင်းတစ်ခုကိုပုံပြထားတဲ့အတိုင်းလေးပိုင်းခေါက်ချိုး၍၊ခုနကကတ်ထူရဲ့အတွင်းဘက်မှာကော်ကပ်ကာ၊ခေါက်ချိုးလို့ရတဲ့ကဒ်ပုံစံလိုမျိုး၊ဒီအတိုင်းထားလို့လည်းရအောင်ပြုလုပ်လိုက်ပါတယ်။

photo 247 122011.jpg

photo 247 122040.jpg

photo 247 121935.jpg

photo 247 121839.jpg

photo 247 122540.jpg

photo 247 122341.jpg

ဒီအဆင့်မှာစက္ကူအိတ်တစ်လုံးပြုလုပ်ပါတယ်။အိတ်ကိုကတ်ထူမှာကော်ကပ်လို့ရအောင်အနားသုံးဘက်ကိုပုံပြထားတဲ့အတိုင်းခေါက်ချိုးလိုက်ပါတယ်။အိတ်ရဲ့ရှေ့ဘက်အတွက်အဝါရောင်စာရွက်အပိုင်းတစ်ခုကော်ကပ်ပြီး၊အနားတွေမှာအနီရောင်စက်ဝိုင်းခြမ်းပုံလေးတွေဆွဲ၍အနီရောင်ဆေးခြယ်ပြီး၊ဖြတ်လိုက်ပါတယ်။ပြီးနောက်အပြာရောင်စက်ဝိုင်းပုံလေးတွေဆွဲပြီး၊ဆေးခြယ်လိုက်ပါတယ်။ပြီးနောက်ကတ်ထူရဲ့တစ်ဘက်မှာအိတ်ကိုကော်ကပ်ပါတယ်။ဆက်လက်ပြီးအရုပ်ပုံစံသုံးခုပြုလုပ်၍၊အပြာရောင်ဆေးခြယ်ကာ၊ငွေရောင်ကတ်ထူကိုဘိုးပွင့်သုံးပွင့်ဖြတ်ပြီး၊ကော်ကပ်ကာဓာတ်ပုံဘောင်နှင့်စက္ကူအိတ်မှာအလှဆင်ကော်ကပ်ထားပါတယ်။

photo 247 122455.jpg

photo 247 122249.jpg

photo 247 122212.jpg

photo 247 122120.jpg

photo 247 122140.jpg

Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center