သဗ္ဗေ သတ္တာ ကမ္မသကာ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

စာရေးဖို့ စိတ်မပါဖြစ်နေပါတယ်။ ပျင်းလို့တော့မဟုတ်ပါ။ CYCLONE 🌀 MOCHA ကြောင့်ဖြစ်ပါတယ်။ ဘာဆိုင်လို့လဲလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဖြစ်နေတာကတော့ အဲဒီစိတ်နဲ့ စာရေးဖို့အာရုံယူမရဖြစ်နေတာပဲ။ Extreme အဆင့်ထက်ကိုပိုမိုဖျက်အားပြင်းနိုင်တယ်လို့ ပညာရှင်တွေဆိုထားတဲ့ အလွန့် အလွန် အလွန် ပြင်းအားနဲ့တိုက်ခတ်မှာဖြစ်တယ်လို့ဆို‌နေကြပါပြီ။ ကိုယ့်အမျိုးတွေရှိလို့လားဆိုရင် ကိုယ်နဲ့သိတဲ့လူတောင် မရှိပါဘူး။






ဒေသခံအချို့က ပေါ့ပေါ့ဆဆနဲ့ပဲ နေထိုင်နေကြတာကို ဗီဒီယိုတွေမှာ မြင်တွေ့နေရတော့ စိုးရိမ်မိပါတယ်။ ပင်လယ်ပြင်ကို အထူးအဆန်းလို ငုတါတုပ်ထိုင်ကြည့်နေကြဆဲဖြစ်တာကိုမြင်ရ‌ေတာ့ အူတွေတောင်ယားမိပါရဲ့။ ဘာများတတ်နိုင်မှာလဲဆိုတော့ ဘာမှ မတတ်နိုင်ပါ။ နာဂစ်လို မိုင်(၁၃၀)နဲ့တိုက်တုံးကတောင် သေဆုံးရတဲ့လူဦးရေက သိန်းချီသွားပါတယ်။ အခု မိုင် (၁၃၀)ကျော်နဲ့ ဝင်ဆောင့်လို့ ပေါ့ဆနေသူတွေ များနေခဲ့ရင် တွေးမိတိုင်း ရင်ပူလာပေမယ့်လည်း ဘာမှမတတ်နိုင်ပါ။ ဒီလောက်ပဲရေးလိုက်ပါတယ်။ သဗ္ဗေ သတ္တာ ကမ္မသကာ ပဲပေါ့။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
Join the conversation now