ခါးသီးလွန်းတဲ့ အမှန်တရား

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

"ဆောင်းက ဆောင်းမပီပြင်တော့ဘူး" အသက် (၆၀)ကျော်လူကြီးတစ်ဦးရဲ့စကားသံကိုကြားခဲ့ရတယ်။ ငယ်ဘဝကို ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်လို့နေတယ်။ ခုလိုသီတင်းကျွတ်ကာလအချိန်တွေကစပြီး ညနေခင်းအချိန်မှာ မြူနှင်းဖုံးလွှမ်းပြီး အအေးဓာတ်ကိုခံစားကြရတယ်။ ညပိုင်းအချိန်တွေမှာ အေးမြတဲ့ရာသီဥတုကို အံတုနိုင်ဖို့ အနွေးထည်တွေဝတ်ကြရတာကို မှတ်မိတယ်။ ဆောင်းက‌ ဆောင်းမပီပေမယ့် နွေကတော့ နွေအပီလွန်နေတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။ အခုရေးမယ့်စာတွေက ပညာရှင်တစ်ယောက်အတွက်တော့ ရီစရာဖြစ်နေနိုင်ပေမယ့် ဗဟုသုတလို့ပဲ မှတ်ယူနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တာကိုလည်း လုပ်ဆောင်နိုင်ကြပါစေ။



ယနေ့ ကျွန်တော်တို့ လူသားတွေနေထိုင်တဲ့ အိမ်လို့ခေါ်ဆိုနိုင်မယ့် ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ခံစားလာကြရပါပြီ။ ပြောင်းလဲခြင်းကြောင့် ကမ္ဘာ့မြေမျက်နှာပြင် ရေမျက်နှာပြင်တွေ အပူချိန်တက်လာရတယ်။ ရာသီဥတုပြောင်းလဲရခြင်းရဲ့ အဓိက ‌ဇာတ်ကောင်ကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ဒါမှမဟုတ် မှန်လုံအိမ်ဓာတ်ငွေ့တွေ(Green House Gases) များပြားလာတဲ့အတွက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ အဲဒီ ဖန်လုံအိမ်ဓာတ်ငွေ့(Green House Gase)တွေက ဘာတွေလဲ? ဘယ်ကနေဖြစ်လာရသလဲ?ဆိုတာတွေကို သိဖို့လိုအပ်လာတယ်။



ကမ္ဘာကြီးအပူချိန်တက်လာတာ လွန်ခဲ့တဲ့ နှသ်ပေါင်း(၁၀၀)ကျော်လောက်ကဖြစ်တယ်လို့သိရတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အပူချိန်ကပိုတိုးလာတာကို ယနေ့ကမ္ဘာကြီးမှာပိုပြီးသိသာလာပါပြီ။ ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားကြရဲတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။ ရာသီဥတုပြောင်းလဲပြီး ကမ္ဘာကြီးအဖျားတက်နေတာကို ဘာလုပ်ပေးနိုင်မှာလဲလို့ တွေးကြည့်တော့ တစ်ဦးတစ်ယောက်တည်းနဲ့တော့ ဘာမှမလုပ်နိုင်ပေမယ့် လူအများပါဝင်မှ ဖြစ်နိုင်မှာပဲ။



ဖန်လုံအိမ်ဆိုတာက သဘောတရားတူလို့ တင်စား ဥပမာပေးထားတဲ့ အမည်ဖြစ်ပါတယ်။ ရာသီဥတုအေးလွန်းတဲ့ဒေသတွေမှာ အပင်စိုက်ပျိုးဖို့အတွက် မှန်လုံအိမ်တွေတည်ဆောက်စိုက်ပျိုးကြတယ်။ အဲဒီ မှန်လုံအိမ်ရဲ့ မှန်တွေကနေရောင်ခြည်ရဲ့အပူကို ဝင်ခွင့်ပြုပေမယ့် ပြန်ထွက်ခွင့်မပြုပဲ အပူကို စုပေးထားပါတယ်။ အပြင်မှာအေးနေပေမယ့် မှန်လုံအိမ်ထဲမှာတော့ နွေးနေစေပါတယ်။ အဲဒီလို အပူကိုစုပ်ယူထားတဲ့ဓာတ်ငွေ့တွေကို မှန်လုံအိမ်ဓာတ်ငွေ့လို့ခေါ်ကြပါတယ်။ နေကလာတဲ့အပူ ကမ္ဘာကပြန်ထုတ်ပေမယ့် အပူတွေအကုန်ထွက်မသွားအောင် စုပ်ယူထားတဲ့ဓာတ်ငွေ့တွေကို မှန်လုံအိမ်ဓာတ်ငွေ့ ဒါမှမဟုတ် ဖန်လုံအိမ်ဓာတ်ငွေ့လို့ခေါ်ကြပါတယ်။



ဖန်လုံအိမ်ဓာတ်ငွေ့(Green House Gas)တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ နိုက်ထရပ်အောက်ဆိုဒ် ၊ မီသိန်း ၊ ဟိုက်ဒရိုဖလူရိုကာဗွန် ၊ ပါဖလူရိုကာဗွန် ၊ ရေခိုးရေငွေ့တွေလို့ဆိုပါတယ်။ အဲဒီဓာတ်ငွေ့တွေက ကမ္ဘာကပြန်ထွက်လာတဲ့အပူကို စုပ်ယူထိန်းလိုက်ကြပါတယ်။ အဲဒီလို အပူကိုစုပ်ယူထိန်းထားတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေ များလာတဲ့အတွက် အပူချိန်ကလည်းမြင့်တက်လာတယ်လို့ယူဆရမှာပါ။ မှန်လုံအိမ်ဓာတ်ငွေ့တွေများမလာအောင် လုပ်ဖို့အတွက်ဆိုရင် အဲဒီဓာတ်ငွေ့တွေ ဘယ်လိုအကြောင်းနဲ့ထွက်သလဲဆိုတာသိဖို့လိုလာတယ်။ ဆက်စပ်နေတဲ့အကြောင်း အကျိုးတွေပဲလို့ မြင်မိတာပဲ။



ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စက်ရုံတွေ ကား ဆိုင်ကယ်တွေက ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတဲ့လောင်စာဆီတွေကို အသုံးပြုလို့ စွန်ပစ် ပစ္စည်းတွေ အမှိုက်တွေ သစ်ရွက်တွေကို မီးရှို့လို့ တောတွေ တောင်ယာတွေကိုမီးရှို့လို့ ထွက်နေတယ်။ မှန်လုံအိမ်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့ သစ်ပင် သစ်တောတွေ မရှိတော့တဲ့အတွက် ရေခဲသေတ္တာ အဲယားကွန်းတွေအသုံးများလာတဲ့အတွက် စက်ရုံ အလုပ်ရုံတွေများပြားလာတဲ့အတွက် စတဲ့အကြောင်းတွေကို ဆက်ရေးရရင် စာအုပ်ထုတ်လို့ရပြီ။



ကမ္ဘာကြီးကတော့ ရာသီဥတုအပြောင်းအလဲသာမက အပူချိန်မြင့်တက်ကာ အဖျားတွေတက်နေတာကတော့ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတွေအတွက်ကတော့ ခါးသီးလွန်းတဲ့ အမှန်တရားပဲဖြစ်ပါတယ်။ လူတွေရဲ့ လောဘ ဒေါသ မောဟတွေ နည်းပါးသွားပြီးတော့ ကမ္ဘာကြီးရဲ့ အဖျားတက်တာပျောက်ကင်းနိုင်ပါစေလို့ပဲ။ တကယ်တော့ မှန်လုံအိမ်ဓာတ်ငွေ့တွေကလည်း မရှိလို့မဖြစ်ပါဘူး။ သူတို့မရှိတော့ရင် အအေးဓာတ်တွေလွန်ကဲပြီး ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးကလည်း ရေခဲကမ္ဘာကြီးဖြစ်သွားနိုင်ပါတယ်။


သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center