My Entry For Around The World- Challenge #1/5🌎

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


For Around The World Challenge #1/5, I am sharing a photo that is not like the previous photos, but a photo that is used for entertainment as well as technology. If this photo does not meet the competition rules, it can be rejected. I like it too much to share.

Around The World Challenge #၁/၅ အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကို ယခင်ဓာတ်ပုံများလိုမဟုတ်ပဲ နည်းပညာနဲ့ပတ်သက်သလို ဖျော်ဖြေရေးအနေနဲ့လည်း အသုံးပြုနေကြတဲ့ ‌ဓာတ်ပုံကို မျှဝေလိုက်ပါတယ်။ အကယ်၍ ဒီဓာတ်ပုံက ပြိုင်ပွဲစည်းကမ်းနဲ့ မညီခဲ့ရင် ပယ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့က သဘောကျလွန်းလို့မျှဝေခြင်းဖြစ်ပါတယ်။



Friends, I want you to guess what the pictures are by looking at the shared photos without reading further.

သူငယ်ချင်းတို့ အနေနဲ့ ဆက်မဖတ်သေးပဲ မျှဝေထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ဘာပုံတွေလည်းဆိုတာ ခန့်မှန်းကြည့်စေချင်ပါတယ်။



These are made using water fountains and a projector as TV screen so that you can watch movies, songs, etc. In a pond, water pipes were installed to create fountains. They are used for entertainment at night when there is no light. It doesn't look good to display in bright daylight. These photos were taken at a restaurant near Taungthaman Lake, Amarapu Township, Mandalay Region, Myanmar.

ဒါတွေက ရေပန်းတွေကို အသုံးပြုပြီး projector နဲ့ တီဗွီ ဖန်သားပြင်လို ရုပ်ရှင် သီချင်း စတာတွေကို ကြည့်လို့ရအောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ ရေကန်တခုထဲမှာ ရေပန်းတွေဖြစ်ပေါ်စေဖို့ရေပိုက်လိုင်းတွေထည့်ထားတယ်။ ‌အလင်းရောင်မရှိတော့တဲ့ ညပိုင်းအချိန်တွေမှာ ဖျော်ဖြေရေးအတွက် အသုံးပြုကြပါတယ်။ အလင်းရောင်ရှိတဲ့ နေ့အချိန်တွေမှာတော့ ပြသဖို့အဆင်ပြေပုံမရပါဘူး။ ဒီဓာတ်ပုံတွေကို မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး အမရပူမြို့နယ် တောင်သမန်အင်းအနီး စားသောက်ဆိုင်မှာ ရိုက်ယူခဲ့တာဖြစ်ပါတယ်။



The photo below is the contestant photo for this week's around the world challenge #1/5.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #1/5 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center