Who will attempt to Knockout stage

Hello, Nice to meet you all.

Now all group of Match 2 are played. Today the final Group stage matches of Group A will play simultaneously at 9:30 PM GMT+6:30. Before playing final Group stage matches there are qualify teams to knockout stage and also eliminated teams from group stage. And then there are the teams which still have a chance to knockout stage. Their chance will become after the final matches of Group stage. Final Group stage matches are really important for them.

Our ASEAN Teams Thailand and Indonesia still have a chance to attempt the knockout stage but other Teams Malaysia and Vietnam, their Asian Cup Journey is ended at Group stage. Indonesia got 3 points after playing 2 matches and Thailand got 4 points after playing 2 matches.

Today at 9:30 PM GMT+6:30 Qatar vs China and Tajikistan vs Lebanon will play. Qatar already qualify to knockout stage before playing final match. The rest of three Teams will fight for knockout stage. Let enjoy the game. See you tomorrow guys.


(Photo from Thailand National Teams Facebook Page)

အာရှဖလား အုပ်စု အားလုံး အုပ်စု ပွဲစဉ် ၂ ပွဲထိ ကစားပြီးသွားပြီ ဖြစ်၏။ ဒီနေ့ ည မြန်မာ စံတော်ချိန် ည ၉ နာရီခွဲမှာ အုပ်စု A ၏ အုပ်စု နောက်ဆုံးပွဲများကို တပြိုင်နက်ထဲ ကစားကြမည် ဖြစ်၏။ ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာတင် နောက်တဆင့် တက်မည့် အသင်းတွေ ထွက်ပေါ်လာခဲ့သလို အိမ်ပြန်ရမည့် အသင်းတွေလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ အုပ်စု နောက်ဆုံးပွဲ ကန်ပြီးမှ နောက်တဆင့် တက်မတက် သိရမည့် အသင်းတွေလည်း ကျန်နေသေး၏။

အုပ်စု A မှာ ကာတာကတော့ နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်၏။ ကျန် ၃ သင်းကတော့ နောက်တဆင့် အတွက် အခွင့်အရေးကိုယ်စီ ရှိနေသေး၏။ အုပ်စု B မှာတော့ ဩစတေးလျက နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်ပြီး။ ဥဇဘတ်ကစ္စတန်နဲ့ ဆီးရီးယားတို့ကတော့ ‌အုပ်စု နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ် ယူကြရပေလိမ့်မည်။ အိန္ဒိယကတော့ အုပ်စု အဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရပြီ ဖြစ်၏။

အုပ်စု C မှာတော့ အီရန်က နောက်တဆင့် တက်ပြီး ယူအေအီးနှင့် ပါလက်စတိုင်းတို့ကတော့ နောက်တဆင့် အတွက် အခွင့်အရေးရှိသေး၏။ ဟောင်ကောင် အသင်းကတော့ တမှတ်မှ မရထားသေးပေ။ အုပ်စု D မှာတော့ အီရတ်အသင်းက နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်၏။ ဂျပန်နှင့် အင်ဒိုနီးရှားတို့ကတော့ နောက်တနေရာအတွက် ဆက်လက် ယှဉ်ပြိုင်သွားဖို့ ရှိ၏။ အင်ဒိုနီးရှား အနေနဲ့ အုပ်စု နောက်ဆုံးပွဲကို ဂျပန်နဲ့ ကစားရမည် ဖြစ်၏။ ဂျပန်ကို ရှုံးခဲ့ရင်တောင် အကောင်းဆုံး တတိယ အသင်း စာရင်းထဲ မျှော်လင့်လို့ ရနေနိုင်သေး၏။ ဗီယက်နမ်ကတော့ အိမ်ပြန်ရဖို့ များသွားခဲ့ပြီ။

အုပ်စု E မှာတော့ မလေးရှားကလွဲလို့ ကျန် ၃ သင်းလုံး က အမှတ်တွေ မကွာကြပေ။ ဂျော်ဒန်၊ ကိုရီးယားနှင့် ဘာရိန်းတို့ ဘယ်သူက ပ၊ ဒု၊ တ ရမလဲ အုပ်စု နောက်ဆုံးပွဲမှာ အဖြေပေါ်ပေလိမ့်မည်။ အုပ်စု ‌F မှာတော့ ဆော်ဒီက နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်၏။ ထိုင်းနှင့် အိုမန်တို့က နောက်တဆင့်အတွက် အုပ်စု နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ယူရပေလိမ့်မည်။ ထိုင်းက နောက်တဆင့်တက်ဖို့ များ၏။ အုပ်စု ဒုနဲ့လား၊ အုပ်စု တနဲ့လားပဲ။ အဲ အုပ်စုပ မဖြစ်နိုင်လို့လည်း ပြောမရပေ။ ဒါပေမယ့် ထိုင်းအနေဖြင့် ဆော်ဒီကို နိုင်ဖို့တော့ မလွယ်ဟု ထင်မိ၏။

ကဲပါ အုပ်စု နောက်ဆုံးပွဲစဉ်တွေကို ကြည့်ပြီး ဘယ်အသင်းတွေ နောက်တဆင့် တက်သွားမလဲကို အတူ ရင်ခုန် အားပေးလိုက်ရအောင်။ နက်ဖြန်မှ ပြန်တွေ့တာပေါ့။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now