Heco Chain & Lucktogether

img_0.865738986329816.jpg

အရင် post မှာ ​ရေးတဲ့ pooltogether က ​ငွေ​ကြေး အနည်းအကျဥ်းပဲ ထည့်လိုသူ​တွေအတွက် အဆင်မ​ပြေနိုင်ပါဘူး။ pooltogether က ethereum blockchain မှာ အလုပ်လုပ်တာ​ကြောင့် ethereum gas fees or transaction fees က အရမ်းများပါတယ်။ ethereum က 2.0 version မြင့်လာလည်း transaction fees မတရား​ပေး​နေရတဲ့ ပြဿနာက အဆင်မ​ပြေ​သေးပါဘူး။

ဟိုတစ်​နေ့က uniswap မှာ coin တစ်ခုက​နေ တစ်ခုကို exchange သွားလုပ်တာ transaction fees ​ဒေါ်လာ 60 ​ကျော် ​ပေးလိုက်ရတယ်။ အခု​ပြောတဲ့ lucktogether lottery က huobi ecological chain or heco chain မှာ လုပ်တာ ဖြစ်တဲ့အတွက် gas fees or transaction fees က USD နဲ့ဆို 1 cent သာသာ​လောက်ပဲ ကျမှာပါ။ ​တော်​တော်ကို ကွာပါတယ်။ ကိုယ် lottery ticket ဝယ်ပြီး စုမယ့် ပမာဏက အနည်းအကျဥ်းပဲဆို lucktogether က ပိုအဆင်​ပြေပါတယ်။

Lucktogether က heco peg USDT ကိုစုရမှာပါ။ သ​ဘောတရားက​တော့ pooltogether လိုပါပဲ။ လူအများကြီးက စုထားတဲ့ USDT ​တွေကို lendhub ဆိုတဲ့ ​ငွေ​ချေး protocol မှာ ​ချေးထားပြီး ရလာတဲ့ အတိုးကို တစ်ပတ်ကို တစ်​ယောက် ထီဆုအဖြစ် ထုတ်​ပေးတာပါ။

လိုအပ်တာက​တော့ heco network က huobi token HT လိုပါတယ်။ သူက ethereum gas fees လိုပဲ heco chain ​ပေါ်မှာ အလုပ်လုပ်ဖို့ transaction fees အဖြစ် အနည်းအကျဥ်း ရှိ​နေရမှာပါ။ HT ရဖို့က huobi pro account တစ်ခု လိုပါတယ်။ huobi exchange မှာ အ​ကောင့် ဖွင့်ထားရမှာပါ။ အ​ကောင့်ဖွင့်ပြီးရင် website က သိပ်သုံးမ​ကောင်းပါဘူး။ huobi pro app ကို google play က download ဆွဲရပါမယ်။ ပြီးရင် အ​ကောင့် password နဲ့ app ထဲကို ဝင်ရပါမယ်။

ပြီးရင် ကိုယ်မှာရှိတဲ့ တခြား crypto တစ်ခုခု အဆင်​ပြေတာက​တော့ litecoin သို့မဟုတ် dogecoin က ပိုအဆင်​ပြေပါတယ်။ အဲဒီ crypto တစ်ခုခုကို huobi exchange မှာ deposit လုပ်ရပါမယ်။ minimum deposit amount ကို တစ်ချက်ကြည့်ပါ။ deposit အနည်းဆုံး ဘယ်​လောက်လက်ခံလဲ ကြည့်ပါ။ ပြီးရင် deposit လုပ်ပြီး လုပ်ထားတဲ့ coin ကို HT အဖြစ် လဲလိုက်ပါ။

HT ​တွေ ရပြီဆိုရင်​တော့။ withdraw လုပ်ဖို့ huobi wallet သို့မဟုတ် token pocket wallet လိုပါမယ်။ play store က ​နေ ကြိုက်တာတစ်ခုကို download ဆွဲပါ။ ပြီးရင်း create wallet လုပ်ပါ။ heco wallet ရှိ ပြီးသား ဆိုရင်​တော့ import လုပ်​ပေါ့။ wallet create လုပ်ရာမှာ mnemonics seed phrase ကို ​ရေးပြီး မှတ်ထားရပါမယ်။ ဒါက wallet ရဲ့ password ပါပဲ။ ဒီ mnemonics ကို သိတဲ့သူက သင့် ပိုက်ဆံ​တွေကို အကုန်ထုတ်သုံးလို့ ရပါတယ်။ ဘယ်သူကိုမှ မသိပါ​စေနဲ့။ လုံခြုံ​အောင် သိမ်းထားရပါမယ်။

Huobi wallet က heco chain တစ်ခုတည်းကို ​ထောက်ပံ့​ပေမယ့် token pocket က​တော့ တခြား chain ​တွေ အများအပြားပါ ရှိ​နေတဲ့အတွက် heco chain wallet address ကို ရှာရပါမယ်။ မီး​တောက်ပုံ​လေးက heco chain logo ပါ။ wallet address ရပြီဆိုရင် huobi pro exchange app မှာရှိတဲ့ HT ​တွေကို ထို wallet address ထဲ withdraw လုပ်ရပါမယ်။ minimum withdraw amount ကို ကြည့်ပြီး အနည်းဆုံး အဲဒီပမာဏထက် ပိုပြီးထုတ်ပါ။ withdraw ထုတ်ရမှာ network chain ကို heco ကို ​ရွေးထားရပါမယ်။ network မှားပြီး ထုတ်ရင် ထုတ်မယ့် HT ​တွေ ဆုံးပါမယ်။

HT ​တွေ huobi wallet သို့မဟုတ် token pocket wallet မှာ ရပြီဆိုရင်​တော့ lucktogether မှာ ​ငွေစု lottery ticket ဝယ်ဖို့ USDT အဖြစ် ​ပြောင်းရပါမယ်။ ​သိထားရမှာက heco chain မှာ interact လုပ်ဖို့ HT က အမြဲလိုအပ်​နေမှာ ဖြစ်တဲ့အတွက် မိမိ wallet ထဲမှာ HT အနည်းအကျဥ်း အမြဲ ရှိ​နေရပါမယ်။ app ထဲမှာ ပြထားတဲ့ exchange တစ်ခုခုနဲ့ မိမိရဲ့ HT ကို မိမိစုချင်သ​လောက် USDT ​ပြောင်းလိုက်ပါ။ MDEX exchange က ​အဆင်​ပြေပါတယ်။

USDT ရပြီဆိုရင်​တော့ wallet ရဲ့ ​ပေါ်ဆုံးက search bar မှာ ​အောက်က link ကို copy ကူးပြီး ထည့်ရှာလိုက်ပါ။

The first no loss lucky draw mining protocol on Heco chain. Deposit to get LUCK tokens and the chance to win thousands U as reward. Don't hesitate, mine with me! Link:

https://www.lucktogether.com/?inviteCode=eyd7va

ဒါဆိုရင် lucktogether dapp site ကို ​ရောက်သွားပါပြီ။ ပြီးရင် USDT pool မှာ deposit လုပ်ပါ။ ကျန်တဲ့ အဆင့်​တွေက​တော့ pooltogether နဲ့ သိပ်မကွာပါဘူး။

Warning

ဤ​ဆောင်းပါးသည် ဘဏ္ဍာ​ရေး အကြံ​ပေးချက် မဟုတ်ပါ။ အွန်လိုင်းတွင် ​ငွေ​ကြေး ရင်းနှီးမြုပ်နှံခြင်းသည် ဆုံးရှုံးနိုင်​ခြေ ရှိပါသည်။ နည်းပညာ ဗဟုသုတအတွက်သာ ​ရေးသားမျှ​ဝေခြင်း ဖြစ်ပါသည်။ ​မိမိ ဆုံးရှုံးခံနိုင်​သော ပမာဏဖြင့်သာ လုပ်​ဆောင်​စေလိုပါသည်။ ဖတ်ရှုသည့်အတွက် ​ကျေးဇူးတင်ရှိပါသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center