ဟာသအတိုအထွာ ရယ်​​မောစရာ (၂၅)

ဟာသအတိုအထွာ ရယ်​​မောစရာ (၂၅)

ဦး​နှောက်​​ပြေးပါတယ်​ဆို​နေ

ဇနီးဖြစ်​သူ သတင်းစာထိုင်​ဖတ်​​နေစဉ်​ ​​ယောကျာ်းဖြစ်​သူက အိမ်​​နောက်​​ဖေးမှ _

ယောကျာ်း ။ ။ "မိန်းမ​ရေ ... မိန်းမ"

မိန်းမ ။ ။ "ဘာတုန်း​တော်​ ... ဒီမှာ သတင်းစာဖတ်​​နေတာ အာရုံပျက်​တယ်​"

ယောကျာ်း ။ ။ "လာပါဦးဟ ... ပြစရာရှိလို့"

မိန်းမ ။ ။ "ဘာလဲ ​ပြော ... မလာနိုင်​ဘူး မအားဘူး"

ယောကျာ်း ။ ။ "ဒီမိန်းမက​တော့ ... အ​ရေးကြီးလို့ ပြမှဖြစ်​မှာဟ"

မိန်းမ ။ ။ "လာပြီ​တော်​ လာပြီ ... ဘာပြမှာလဲ ​ကဲပြော​ပြော"

ယောကျာ်း ။ ။ "ဒီမှာကြည့်​ ... ငါ​နောက်​​ဖေးမှာ အိမ်​သာကျင်း တူးရင်း ရလာတာ"

မိန်းမ ။ ။ "ဟင်​ ... လက်​ပစ်​ဗုံးကြီးလားမသိဘူး"

ယောကျာ်း ။ ။ "​အေး​လေ ... ဂျပန်​​ခေတ်​တုန်းကဟာထင်​တယ်​ကွ"

မိန်းမ ။ ။ "ရှင်​အဲ့ဒါကြီးကို ဘာလုပ်​ဖို့ သယ်​လာတာတုန်း သုံးလုံးကြီးများ​တောင်​"

ယောကျာ်း ။ ။ "အာ ... ရဲစခန်းကို သွားပို့ဖို့​ပေါ့ဟ"

မိန်းမ ။ ။ "အဲ့ဒါဆိုလည်း ရှင်​​သေချာဂရုစိုက်​ကိုင်​သွားဦး ... ​တော်​ကြာတစ်​လုံးတ​လေ ထ​ပေါက်​သွားမှဖြင့်​"

ယောကျာ်း ။ ။ "အဲ့ဒီ​တော့လဲဘာဖြစ်​လဲဟ ... နှစ်​လုံးပဲရှာ​တွေ့တာလို့ ​ပြောလိုက်​မှာ​ပေါ့"

မှတ်​ချက်​ ။ ။ 'ရယ်​​သောသူ အသက်​ရှည်​ပါသည်​' 😄😄

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now