ဟာသအတိုအထွာ ရယ်မောစရာ (၂၂)
လွယ်လွယ်လေးကို
အပန်းဖြေဥယျာဉ်တစ်ခုတွင်ဖြစ်သည် _
အလည်လာသူ ။ ။ "ခင်ဗျားတို့ အပန်းဖြေဥယျာဉ်ကြီးက အလည်လာသူများသားဗျ နော်"
လုံခြုံရေး ။ ။ "ဟုတ်ကဲ့ခင်ဗျ ... ပိတ်ရက်ဆို လူပိုစည်ပါတယ်"
အလည်လာသူ ။ ။ "အခုလည်း များပါတယ်ဗျ"
လုံခြုံရေး ။ ။ "ဟုတ်ကဲ့ခင်ဗျ"
အလည်လာသူ ။ ။ "ဒါနဲ့ နောင်ကြီးက ဒီမှာ လုပ်တာ ကြာပြီလားဗျ"
လုံခြုံရေး ။ ။ "သိပ်တော့မကြာသေးပါဘူးဗျ ... ဘာဖြစ်လို့လဲခင်ဗျာ"
အလည်လာသူ ။ ။ "အော် မေးကြည့်ချင်တာလေးတစ်ခုရှိလို့ပါ ... ကျွန်တော် မြင်ပြီး သိချင်လာမိလို့"
လုံခြုံရေး ။ ။ "ဟုတ်ကဲ့ မေးပါဗျာ"
အလည်လာသူ ။ ။ "ဒီလိုပါ ... ဟိုဘက်က ရေကူးကန်နှစ်ကန်မှာ တစ်ကန်မှာ ရေအပြည့်ရှိပြီး တစ်ကန်မှာကျ ရေလုံးဝမဖြည့်ထားတာကို ထူးဆန်းလို့ပါ ဘာလို့အဲ့လိုလုပ်ထားတာလဲ သိချင်မိလို့"
လုံခြုံရေး ။ ။ "အော် ... ဒါများ လွယ်လွယ်လေးဆရာရယ် ... ရေအပြည့်ဖြည့်ထားတာက ရေကူးတတ်တဲ့သူတွေအတွက်၊ ရေမဖြည့်ထားတာက ရေမကူးတတ်တဲ့သူတွေအတွက်နေမှာပေါ့"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄