မျှော်ရပါသော မိုးတိမ်တမန်

🎵မှိုင်းပြာမှုန်ဝေ 🎶တိမ်မဲညိုရိပ်တွေ 🎵တပ်လှန့်နှိုး
🎶ညှိုးထလို့ 🎵လာချေပြီလေ 🎶ရိုးမပေါ် 🎵လွှားကျော်ကာလေ🎶တို့ချစ်မိတ်ဆွေ 🎵တို့မြန်မာနိုင်ငံပြည် 🎶လက်ဆောင်ပါးတဲ့🎵မိုးပုလဲပန်းတွေ 🎶ကြွေပါစေလေ 🎵အေးအေးချမ်းချမ်း🎶ရွာပါစေ...🎵🎶

img_0.19187523699134332.jpg

ဒီရက်ပိုင်း မိုးလေအုံ့နေတာနဲ့ မိုးတိမ်တောင်တွေကိုပဲ
ဓာတ်ပုံ ရိုက်ယူရင်း တိမ်တမန် သီချင်းလေး သီကြူး
နေဖြစ်ပါတယ်။

သီချင်း သီကြူးနေဖြစ် ဆိုလို့ သိပ်သာယာနေတယ်တော့
မထင်လိုက်ကြပါနဲ့ဦး။
မိုး က ဟုတ်တိပတ်တိ မရွာတော့ အိုက်ပြုတ်ကြီးနဲ့
ချွေးတွေ ထွက်နေတာပါပဲ။

ပူအိုက်တဲ့ ဒဏ်ကို ခံစားနေရတော့လည်း ဘယ်မှ မသွားရချင်
နေပါစေ မိုး သာ ရွာစေ လိုမိတာပါပဲ။
ငဗစ်ကာလ ဆိုတော့လည်း ဘယ်မှ မသွားရတာလည်း
ပိုကောင်းချင်သလိုပဲ မဟုတ်လား။

img_0.6277362523320735.jpg

ဒီတော့လည်း သက်သာလို သက်သာငြား မိုး ကို
မျှော်ရင်း သီချင်းလေး ညည်းကာ ခုလို ပို့စ်တင်လိုက်တော့
ဝင်ငွေလေးလည်း ရရော မဟုတ်လားဗျာ။

မိတ်ဆွေအများ အေးချမ်း သာယာ ရှိကြပါစေဗျာ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center