Football

မန်ယူက ကမ္ဘာ့ အကြီးကျယ်ဆုံးသော ကလပ်လို့ ဆန်းချက်ဇ်ပြော
မန်ယူတိုက်စစ်မှူးသစ် အလက်ဆစ်ဆန်းချက်ဇ်က မန်ယူအသင်းဟာ ကမ္ဘာ့အကောင်းဆုံးကလပ် ဖြစ်ပြီးအခုလိုပူးပေါင်းနိုင်ခဲ့တဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ပြောလိုက်ပါတယ်။
FB_IMG_1516822285482.jpg
မန်ယူဟာ ဆန်းချက်ဇ်ကိုခေါ်ဖို့သဘောတူညီချက်ရထားတာကြာပြီဖြစ်ပေမယ့် အာဆင်နယ်နဲ့ ခီတာရန်တို့ အပြီးသတ်သဘောတူညီမှုရဖို့ကိုစောင့်နေရတာကြောင့် တနင်္လာနေ့နှောင်းပိုင်းကမှ အတည်ပြု ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူမှာကျောနံပါတ် ၇ ၀တ်ဆင်မယ့်ဆန်းချက်ဇ်ဟာ မန်ယူရဲ့ "Glory Glory Man United"ဆိုတဲ့တေးသွားကို စန္ဒရားနဲ့တီးပြပြီး ကလပ်ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကိုမန်ယူဝက်ဆိုက်ကထုတ်ပြန်ခဲ့ရာမှာ အွန်လိုင်းပေါ်မှာ လူကြိုက်အရမ်းများနေပါတယ်။ သူက“မန်ယူဟာကမ္ဘာ့အကြီးကျယ်ဆုံးကလပ်ဖြစ်ပါတယ်။ ဒီအသင်းနဲ့ပူပေါင်းရလို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်အနေနဲ့ကစားသမားဘ၀မှာ အရေးပါမှုနဲ့ချစ်မြတ်နိုးမှုတို့ကို လိုအပ်ခဲ့တာပါ။ ဒါကြောင့်လည်း ဒီကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဒါဟာဘယ်ကစားသမားမဆို အလိုရှိတဲ့အချက်မဟုတ်လား”လို့ပြောသွားပါတယ်။

B(18)
Written...@yehtetaung
Photo...Manchester United Website & Page
Screenshot_2018-01-12-10-47-59-906_com.miui.gallery.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now