အမှတ်တရ စကောထမင်း

ဒီနေ့တော့ မင်္ဂလာဦးညစာ စားပွဲတုန်းက ရိုက်ယူထားတဲ့
ပုံလေး တင်လိုက်ပါဦးမယ်။
မင်္ဂလာဦးညစာ တုန်းက ဆိုလို့ တူနှစ်ကိုယ်ပုံလေးတွေ
တင်မယ် မထင်နဲ့ဦးဗျ။

ကဲ လာပြီဗျာ ဟောဒီမှာ ......
dz81ad.png
အဲဒါ စကောထမင်း တဲ့။

အလယ်မှ အပုံကြီးကတော့ ငါးထမင်းနယ် ပါ။
ငါးထမင်းနယ် ဘေးက ပဲဘရာကြော်အဝိုင်းလေးတွေ စီလို့ပေါ့။
ဘေးပတ်ပတ်လည်မှာတော့ ဝက်အသားပြား ၊ ငါးပေါင်း ၊
အစိမ်းကြော် ၊ သီးစုံကြက်သားကြော် ၊ အသုပ်စုံ စသည်ဖြင့်
အမျိုးအမည်စုံ ဆယ်မျိုးလောက်ပေါ့။

အဲဒီ စကောဖြင့် ထည့်ထားတဲ့ စကောထမင်း တစ်ချပ်ကို
MMK 25000 ပေးခဲ့ရပါတယ်။

စားလို့လည်း ကောင်းပါတယ်။ အမှတ်တရတစ်ခုတော့
ဖြစ်ခဲ့တာပေါ့ဗျာ။

ခုတော့လည်း အဲဒီပုံလေးတွေ ဖေ့ဘုပ်မှာ တင်ထားခဲ့လို့
Memory ပြန်တတ်လာတာကြောင့် ဒီမှာ မှတ်မှတ်ရရ
ပြန်တင်လိုက်ရတာပါပဲဗျာ။

ကဲ မိတ်ဆွေတို့ စားကြည့်ချင်တယ်ဆို
Home Stay ကာလ လွန်မြောက်လာရင် မန္တလေးမြို့နှင့်
မဝေးလှတဲ့ ထုံးဘို အုန်းချော ရွာလေးမှာ ရနိုင်ပါမယ်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency