What Is This Flowers

ဘာပန်းလဲကွဲ့

ဒီနေ့တော့ ပန်းပွင့်ဖြူလွှလေးတွေကို တင်လိုက်ပါတယ်။
ဒီပန်းဖြူလွှလွှ အပွင့်လေးတွေကို ပန်တဲ့သူ မရှိကြပါဘူး။
စားတဲ့သူလည်း မရှိကြပါဘူး။ ခူးဆွတ်မွှေးကြူသူလည်း
မရှိကြပါဘူး။ ဒါဆို ဒီပန်းလေးတွေက ဘာတန်ဖိုး
ရှိဦးမှာလဲ။

img_0.8361636689176624.jpg

ဟုတ်မှာပါ ၊ ပန်းပွင့်မှာတော့ တန်ဖိုး မရှိဘူးပေါ့။
ဒါပေမယ့် ပန်းပွင့်လေးတွေက အသီး စိမ်းစိမ်းလေးတွေ
အပြွတ်လိုက် သီးပါတယ်။
၎င်းအသီးလေးတွေ ကိုတော့ အစိမ်းလိုက် ငပိရည်၊
ငံပြာရည်၊ ငပိချက် တို့ဖြင့် တို့စားတာ ရှိကြသလို၊
မီးဖုတ်လှော်သင်းကာ ငရုတ်သီးဖြင့် ရောထောင်းစား
ကြတာမျိုးလည်း ရှိကြပါတယ်။ အချို့ကတော့
အသီးလေးတွေ ချမ်း၍ ဖြစ်စေ၊ အလုံးလိုက် ဖြစ်စေ
ကြော်ချက်စားကြတာလည်း ရှိကါတယ်။

ကျွန်တော်လည်း ၎င်းအသီးလေးတွေကို အမျိုးမျိုး
လုပ် စားဖူးပါတယ်။ အရသာက ခါးဆိမ့်သက်လေးပေါ့။
ကိုက်စား ဝါးရတဲ့ အရသာလေး ကြိုက်မိပါတယ်။
အထဲမှာ အစိလေးများ စုပြုံနေတာကို ဝါးစားရတာ
အရသာ တွေ့ပါတယ်။

အဲ အပွင့်ဖြူလွှလွှ လေးတွေက သီးတဲ့ အသီးစိမ်းစိမ်း
လေးတွေကို စားလို့ရတယ် ဆ်ိုတော့ သူ့တန်ဖိုး နဲ့
သူတော့ ရှိပြီပေါ့ မဟုတ်လား။

ဒါပေမယ့် ၎င်းအသီးစိမ်းလေးတွေကို အခြေခံလူတန်းစား
တွေပဲ စားကြတာ များပါမယ်။ ဘာဖြစ်ဖြစ်လေ
ကိုယ်ကြိုက်တာလေး ခြံထဲမှာ အလေ့ကျ ပေါက်နေပြီး
အပွင့်တွေ ဝေနေတာ မြင်တော့ ခုလို ပို့စ်တင်လိုက်ရတာ
ပဲပေါ့ဗျာ။

ကဲ ဘာပန်းလဲ သိကြပြီလား။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center