လ္ဘက်​ရည်​ဆိုင်​ထိုင်​ခြင်း

ကျွန်​​တော်​တို့ ငယ်​ငယ်​က လ္ဘက်​ရည်​ဆိုင်​ကို သူငယ်​ချင်း​တွေနဲ့ စုထိုင်​ကြတယ်​။ သီးချင်းနား​ထောင်းရင်​ ​ထောင်​မယ်​။ ဗွီဒီယို ပြရင်​ ကြည့်​မယ်​။ ရပ်​ကွက်​ထဲက ​လူ​ပြောများတဲ့ အ​ကြောင်းအရာတစ်​ခုကို ​ပြောချင်​​ပြောမယ်​။ မိန်းက​လေး​တွေအ​ကြောင်း ​ပြောရင်​​ပြောမယ်​။ လမ်းမ​ပေါ်​ငေးမယ်​။ ဖြတ်​သွားဖြတ်​လာကို ​ဝေဖန်​မယ်​။ ဖတ်​ထားတဲ့ စာအုပ်​အထဲက အ​ကြောင်း​တွေ​ပြောမယ်​။ စကားထာ​တွေ ဖွက်​မယ်​။ ဟာသ​တွေ​ပြောပြီး ရယ်​မယ်​။ ညစ်​တီးညစ်​ပတ်​​တွေ ​ပြောချင်​​ပြောမယ်​။ ဖတ်​ထားတဲ့ စာ​တွေထဲက အယူအဆတစ်​ခုခုကို ချပြပြီး ဆရာကြီး​လေသံဖမ်းကာ စကားဝိုင်းကို ဦး​ဆောင်​ချင်​ ​ဆောင်​မယ်​။ ​အော်​ဟစ်​​ပြောရင်​ ​ပြောမယ်​။ ငြင်းခုံချင်​ ငြင်းခုံကြမယ်​။ အတန်းပညာ​နိမ့်​ပါးတဲ့သူ ပါချင်​ပါမယ်​ , မြင့်​တဲ့သူလဲ ပါချင်​ပါမယ်​။ ​ငွေ​ကြေးချမ်းသာသူလဲ ပါချင်​ပါမယ်​ , နွမ်းပါးသူလဲ ပါချင်​ပါမယ်​။ ဒါက ပြဿနာ မဟုတ်​ဘူး။



ပြဿနာက ​ဘေးက၀ိုင်း​တွေက ဘုရားအ​ကြောင်း​ပြောရင်​​ပြောမယ်​။ ​ဘောလုံးအ​ကြောင်း​ပြောရင်​​ပြောမယ်​။ လိင်​အ​ကြောင်း​ပြောချင်​​ပြောမယ်​။ အာကာသအ​ကြောင်း​ပြောရင်​​ပြောမယ်​။ ​ဗေဒင်​အ​ကြောင်း​ပြောရင်​ ​ပြောမယ်​။ စစ်​ပွဲ​တွေအ​ကြောင်း ​ပြောရင်​​ပြောမယ်​ ​ပေါ့။
image
နောက်​တစ်​၀ိုင်းက လင်​အ​ကြောင်း,မယားအ​ကြောင်း​တွေ ​ပြောချင်​​ပြောမယ်​။ ရုပ်​ရှင်​မင်းသား,မင်းသမီး​တွေ အ​ကြောင်း​ပြောချင်​​ပြောမယ်​။ ​လောင်းကစားအ​ကြောင်း​တွေ ​ပြောချင်​​ပြောမယ်​။ နိုင်​ငံ​ရေးအ​ကြောင်း​တွေ​ပြောချင်​​ပြောမယ်​။ တရုတ်​သရဲကားအ​ကြောင်း​ပြောချင်​​ပြောမယ်​​ပေါ့။



ဒီဘက်​၀ိုင်းက ​ပြော​နေတဲ့ အ​ကြောင်းအရာက အ​ရေးမပါဘူး, ​အောက်​တန်းကျတယ်​ , ဟိုဘက်​၀ိုင်းက​တော့ အဆင့်​မရှိဘူး အနှစ်​မပါတဲ့ စကား​တွေပဲ , ငါတို့ထိုင်​​နေတဲ့ ၀ိုင်းကမှ တကယ့်​ဘ၀နဲ့ဆိုင်​တဲ့ အကျိုးပြုအ​ကြောင်းအရာ​တွေ ​ပြောတာလို့ ကိုယ့်​ဘာသာကိုယ်​ ထင်​​နေကြတဲ့လူ​တွေပါပဲ။



သန်​ရာသန်​ရာ, အကြိုက်​တူတဲ့သူ​တွေ စုထားတဲ့ စကားဝိုင်း​တွေပဲ​လေ။ ကိုယ်​မကြိုက်​ရင်​ နားမ​ထောင်​နဲ့ သူ့တို့ဝိုင်းထဲ သွားမထိုင်​ယုံပဲ​လေ။ ကိုယ့်​ဝိုင်းထဲကိုယ်​ထိုင်​ပြီး ဟိုဘက်​၀ိုင်းက​တော့ ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ စိတ်​၀င်​စား​နေ​ရင်​​, မ​ကောင်းဘူး ထိုင်​​ပြော​နေတာ​တော့ အဓိပ္ပါယ်​ မရှိပါဘူး။
image
ဆိုလိုချင်​တာက , ​ဖေ့စ်​ဘွတ်​ခ်​မှာ ဟိုလူ စ​တေးတပ်​​တွေက​တော့ ​အောက်​တန်းကျတယ်​ , အနှစ်​မရှိဘူး , ရိုင်းတယ်​ , ယုတ်​မာတယ်​ထင်​ရင်​ မပတ်​သတ်​နဲ့​ပေါ့ဗျာ ။ ဟိုလူက​တော့ ယဉ်​​ကျေးလိုက်​တာ , ဘ၀အတွက်​​ကောင်းတဲ့ စာ​တွေပဲ , အ​တွေး​တွေ ​ကောင်းတယ်​​နော်​ အစရှိသဖြင့်​​ပေါ့ ခံစားမိရင်​လဲ ကိုယ့်​သ​ဘောနဲ့ကိုယ်​ပဲ​ပေါ့။



ကျွန်​​တော့တစ်​ကိုယ်​ရည်​ အမြင်​​ပါ။ ​ဖေ့စ်​ဘွတ်​ခ်​မှာ သူရဲ​ကောင်းမရှိဘူး၊ ထူးချွန်​တဲ့လူ မရှိဘူး ၊ ချမ်းသာတဲ့လူ မရှိဘူး၊ ဂုဏ်​မြင့်​တဲ့လူမရှိဘူး၊ အမှန်​တရားမရှိဘူး ,. . . . .အစရှိသဖြင့်​​ပေါ့ ။ သို့​သော်​ ထိုအရာ​တွေကိုသာ ​ဖော်​ပြတဲ့ သူ​တွေသာရှိတယ်​ ။ သိ​အောင်​​ပြောပြ၊ ​ရေးပြ​နေတဲ့ သူ​တွေသာရှိပါတယ်​။



စိတ်​တူရာစုထားတဲ့ အဖွဲ့​တွေရှိသလို , အကြိုက်​တူလို့ သူငယ်​ချင်းဖြစ်​​နေတဲ့ သူ​တွေပဲရှိပါတယ်​။



တစ်​ချို့ လူငယ်​​တွေကို ​ပြောချင်​တာက​တော့ ဒါ​တွေပါပဲ။



ဒါနဲ့ စကားမစပ်​ . . . . . . . .



ကျွန်​​တော်​ "တွတ်​ပီ" ကာတွန်းကြိုက်​တယ်​ဗျာ။



ကဲ သ​ဘောက​တော့ဗျာ . . . . . . . .



လ္ဘက်​ရည်​ဆိုင်​ သိမ်းရင်​ အကုန်​ထပြန်​ရတာချည်းပါပဲ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center