"ကိုယ်​ မပါ​စေနဲ့​နော်​”

လိမ္မာလိုက်​တာဆိုတဲ့
စကားရဲ့ ​နောက်​ကွယ်​မှာ
အသုံးချခြင်း​တွေ ကပ်​ပါမလာ​စေနဲ့​နော်

သိတတ်​လိုက်​တာဆိုတဲ့
ချီးမွမ်းသံ​တွေရဲ့ ​နောက်​ကွယ်​မှာ
အချွန်​နဲ့ မ လိုက်​ခြင်း​တွေ ရှိမလာ​စေနဲ့​နော်

အရမ်းချစ်​တာပဲဆိုတဲ့
နှလုံးသားရဲ့ ဖွင့်​ဟသံ​တွေ​နောက်​မှာ
အတ္တမီး​တွေ အစွန်း​ရောက်​​အောင်
မ​တောက်​​လောင်​​စေနဲ့​နော်

တာဝန်​​ကျေပါတယ်​ဆိုတဲ့
ဂုဏ်​ယူစကား​တွေ​နောက်​မှာ
မနိုင်​ဝန်​​တွေ ထပ်​ထပ်​မ​ပေးမိ​စေနဲ့​နော်

သနားစရာ​လေးပါလားလို့
ကရုဏာသံ​တွေ​နောက်​မှာ
အခွင့်​အ​ရေး ယူမိသလို မဖြစ်​​စေနဲ့​နော်

အရမ်းစိတ်​ရှည်​တာပဲ ဆိုတဲ့
လေးစားမှု​တွေ​နောက်​မှာ
အနိုင်​ယူလိုမှု​တွေ ပိုပြီးများမလာ​စေနဲ့​နော်

အရမ်းသ​ဘောထားကြီးတာပဲဆိုတဲ့
ချီးကျူးသံ​တွေ​နောက်​မှာ
ဒဏ်​ရာ​တွေ အထပ်​ထပ်​ မလိမ်းကျံလိုက်​ပါနဲ့​နော်

လူတစ်​ချို့က
အားနာတတ်​သူကို အနိုင်​ပိုပြီးလိုချင်​​နေတတ်​သလို
တာဝန်​​ကျေတဲ့သူကို ပိုပြီးခိုင်းချင်​တတ်​ကြတယ်
ခွင့်​လွှတ်​တတ်​ပြီး သ​ဘောထားကြီးသူကို
ပိုနာကျင်​​အောင်​ လုပ်​တတ်​ကြသလို
အကျင့်​စာရိတ္တ ရိုးသားသူ​တွေကို
ချီးကျူးဖို့ထက်​ ​နေရာ​ပျောက်​​အောင်​ လုပ်​ချင်​တတ်​ကြတယ်

ဘယ်​လိုပဲဖြစ်​ဖြစ်​ပါ
အဲ့ဒီလူ​တွေထဲ ကိုယ်​မပါ​အောင်​ ကြိုးစားရင်း
လူ​တော်​လူ​ကောင်း​တွေဘက်​က
ရပ်​တည်​​ပေးပါလို့ အကြုံပြုပါရ​စေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center