ကမ္ဘာ့ဖလားဖိအားတစ်ခ

Words
114
Reading
1 min
Listen
Play
8y

အာဂျင်တီးနားနည်းပြ ဂျော့ဆမ်ပေါ်လီ က အသင်းရဲ့ အဓိက ကစားသမား မက်ဆီမှာ ကမ္ဘာ့ဖလားချန်ပီယံဆု အရယူဖို့ ဖိအားတစ်ခု ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။
image
နည်းပြဆမ်ပေါ်လီရေးသားပြီး ဧပြီလထဲမှာ ထုတ်ဝေဖို့ရှိတဲ့ စာအုပ်ရဲ့ကောက်နုတ်ချက်တစ်ခု မှာတော့ – ” မက်ဆီရဲ့ဦးခေါင်းကိုချိန်ထားတဲ့ သေနတ် တစ်လက်ရှိပါတယ်။ ကမ္ဘာ့ဖလားလို့ခေါ်တယ်။ အဲဒါကို အရမယူနိုင်ရင်တော့ သူအပစ်ခံရပြီး သေသွားလိမ့်မယ်။ ရလဒ်အနေနဲ့ ဖိအားကြောင့် သူ့အရည်အချင်းကို သူပြလို့မရဘူး။ ” လို့ ရေးသားထားပါတယ်။ ” ကျွန်တော် မြင်မိတာကတော့ ဒီလို အနုတ်ဆောင်တဲ့ ပတ်ဝန်းကျင် အခြေအနေ တွေက မက်ဆီကို ဖျက်ဆီးလိုက်ပါတယ်။” လို့ နည်းပြ ဆမ်ပေါ်လီကပြောပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစား သမား အဖြစ် အားလုံးက သတ်မှတ်ထားတာကြောင့် အာဂျင်တီးနားအသင်း အနေနဲ့ ကမ္ဘာ့ဖလားရရှိအောင် အသင်းလိုက် ကြိုးစားနိုင် သည့်တိုင်အောင် မက်ဆီအပေါ် စိုးရိမ်မှုရှိကြောင်း လည်း နည်းပြကပြောပါတယ်။ အာဂျင်တီးနားနည်းပြ ဆမ်ပေါ်လီကပြောကြား ခဲ့ရာမှာတော့ – ” လတ်တလောမှာတော့ သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား လို့ ပြောလို့ရတဲ့ ကစားသမားမျိုးကို ကြီးကြပ် လေ့ကျင့်ပေးနေရတယ်လို့ ခံစားမိပါတယ်။ မက်ဆီလိုလူမျိုးက ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် (၁၀)နှစ်လောက် ရပ်တည် ခဲ့ပြီးပါပြီ။ ခင်ဗျားထက် ဒီကစားသမား ပိုကောင်း တယ်ဆိုတာကို ခေါင်းဆောင်ဖြစ်သူက သိလိုက်တဲ့အချိန်မှာ သူ့ကိုထိန်းချုပ်ရမယ့် အဆင့်က ခက်ခဲသွားပါပြီ။ ဘယ်သူမှ မလုပ်နိုင်တဲ့ အရာမျိုးကို သူလုပ်နိုင်ပါပြီ။ ” လို့ ဆိုပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် ကမ္ဘာ့ဖလား အုပ်စု(D) မှာ အိုက်စ်လန် ၊ ခရိုအေးရှား ၊ နိုင်ဂျီးရီးယား အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ကမ္ဘာ့ဖလားဖိအားတစ်ခ | Ecency