This content got low rating by people.

အလုပ်တွေသိပ်များတဲ့ ချစ်သူဆီက ဂရုစိုက်မှုလေးရဖို့

ချစ်သူသက်တမ်းမှာ အလုပ်တွေများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုအချိန်မပေးတတ်တဲ့ ချစ်သူ ကောင်လေး ကို ရထားပြီဆိုရင်တော့ ဒါကသင့်အပေါ်မှာမချစ်တော့တာတော့ မဟုတ်ပါဘူး။သူ့ရဲ့စိတ်ကိုအချစ်ရေးမှာ နှစ်မြုပ်မထားတော့ဘဲ အခြားသူဝါသနာပါတဲ့အရာတွေနဲ့ အလုပ်တွေကိုဦးစား ပေးတာက သူ့အနေနဲ့အချစ်ရေးမှာခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုသူပိုင်ဆိုင်နေပြီိလို့ ခံစားရလို့ဖြစ်ပါတယ်။
ကောင်မလေးတွေကတော့ ချစ်သူဆီကနေ အမြဲဂရုစိုက်ခံချင်ကြတာဆိုတော့ ဒီလိုမျိုးဖြစ်နေတဲ့ ကိုယ့်ချစ်သူ မောင်ကို ပြန်ပြီးကိုယ့်ဘက်ကိုစိတ်ပြန်လည်အောင် ဒီလိုနည်းလမ်းလေးတွေသုံးလို့ရပါတယ်။(၁) ချစ်သူအမြင်မှာဆွဲဆောင်မှုရှိစေဖို့ သေသေသပ်သပ်လှလှပပ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။
(၂) မျက်နှာကို ဘာမှမလိမ်းတာထက်စာရင် ပြင်ပြင်ဆင်ဆင်နဲ့ လှလှပပဖြစ်အောင်မိတ်ကပ် အနည်းငယ်ပြင် ဆင်ပါ။(၃) သူသင့်ကိုလိုအပ်နေတဲ့အချိန်မှာ တတ်နိုင်သလောက် သူ့အနားမှာ အတူတူရှိပေးပါ။ သူ့အပေါ်မှာလည်း ဂရုစိုက်ပေးပါ။(၄) တစ်နေ့ကို တစ်ခါလောက်ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ စာပို့တာပဲဖြစ်ဖြစ် သတိတရနဲ့ သူ့ကို ဆက်သွယ်ပေးပါ။
(၅) သူကြိုက်တတ်တာလေးတွေ ချက်ပေးတာပဲဖြစ်ဖြစ် တစ်ပတ်တစ်ခါလောက် လုပ်ပေးမယ်ဆိုရင် အချစ်ရေးမှာ နှစ်ဦးသားဆက်ဆံရေးက ပိုပြီးခိုင်မာလာပါလိမ့်မယ်။
(၆) သူအလုပ်တွေများလို့ သင့်ကိုအချိန်မပေးနိုင်ခဲ့တဲ့ အခါတွေဆိုရင်လည်း သင့်အနေနဲ့ သူ့အပေါ်နား လည်ကြောင်း ပြသပေးပါ။
(၇) ချစ်သူကောင်လေးရဲ့ အလုပ်ဇယားတွေကို သေချာမှတ်ထားပြီး သူအဆင်ပြေနိုင်မယ့်အချိန်တွေမှာ သူနဲ့နီးစပ် အောင်နေထိုင်ပါ။
(၈) အမြဲစိတ်ဆိုး စိတ်ကောက်တတ်တဲ့အကျင့်တွေကို လျော့ပြီး နှစ်ယောက်အတွက်ရှေ့ဆက်မယ့် အနာဂတ်အစီအစဉ်တွေကို သေချာတိုင်ပင်ပါ။ ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုရင် သင့်အပေါ်မှာ အာရုံစိုက်ပြီး ပြောဆိုတိုင်ပင်ပါလိမ့်မယ်။
image
ကဲ..ဒီနည်းတွေနဲ့ အလုပ်ရှုပ်တဲ့ချစ်သူမောင်တွေ ကိုယ့်အပေါ်အာရုံစိုက်အောင် စွမ်းဆောင်လိုက်ပါဦးနော်…

H2
H3
H4
3 columns
2 columns
1 column
Join the conversation now