ဝေါဟာရများကို လေ့လာကြည့်ခြင်းအားဖြင့် မြောက်ဦးဒေသိယစကားနှင့် ဗန်းမော်ဒေသိယစကားတို့သည် မြန်မာနိုင်ငံ၏ စံဘာသာစကားမှ ဆင်းသက်လာသော ဒေသိယစကားများဖြစ်ကြောင်း သိနိုင်ပါသည်။
သစ်ပင်၊ သီးနှံ၊ ပန်းမန်နှင့် အစားအသောက်ဆိုင်ရာ ဝေါဟာရများတွင် ကွဲပြားမှုရှိသော ဝေါဟာရများမှာ -
မြောက်ဦးဒေသိယစကား
သားလှကျေးဇူးပင်
ချရားပန်း
ရိုးလှသန္တာပန်း
ဝါးတုတ်
ပါပရာ
ဗန်းမော်ဒေသိယစကား
ခွေးသေးပန်းပင်
ခရေပန်း
ဆိတ်ထလူးပန်း
မျှစ်
ငါးမုန့်
သစ်ပင်၊ သီးနှံ၊ ပန်းမန်နှင့် အစားအသောက် ဆိုင်ရာ ကွဲပြားမှုရှိသော ဝေါဟာရများကို လေ့လာကြည်ရာတွင် ဝေါဟာရ ဖန်တီးပုံ၊ စိတ်ကူးစိတ်သန်း၊ အတွေးအမြင် ရှုထောင့်များမတူညီပုံကို တွေ့မြင်နိုင်သည်။``ငါးမုန့်´´ကို ပါပရာ ´ဟုခေါ်ခြင်းမှာ အခြားဘာသာစကားမှ အသံလှယ်မွေးစားခြင်းဖြစ်ပါသည်။ ဗန်းမော် ဒေသိယစကားတွင်
ဆိတ်ဖလူးပန်း´ကို မြောက်ဦးဒေသိယစကားတွင် `ရိုးလှသန္တာပန်း ´ ဟုခေါ်ခြင်းမှာ သန္တာကျောက်ကဲ့သို့ နီမြန်းလှသော ရိုးတံရှိသောပန်းဟု စိတ်ကူးတစ်မျိုးဖြင့် ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ယူဆပါသည်။
သစ်ပင်၊ သီးနှံ၊ ပန်းမန်နှင့် အစားအသောက်ဆိုင်ရာ ဝေါဟာရများတွင် ဆက်စပ်မှုရှိသော ဝေါဟာရများမှာ -
မြောက်ဦးဒေသိယစကား
တို့စား
ရေပူ
ရှက်ပင်
ငါးဆမာ
လိပ်ပြာပင်
ဗန်းမော်ဒေသိယစကား
တို့ စရာ
ရေနွေး
ထိကရုံးပင်
ငါးဆားနယ်
စွယ်တော်ပင်
သစ်ပင်၊ သီးနှံ၊ ပန်းမန်နှင့် အစားအသောက် ဆိုင်ရာဆက်စပ်မှုရှိသော ဝေါဟာရများကို လေ့လာကြည်သောအခါ ဝေါဟာရများ၏ အခေါ်အဝေါ်များနှင့် ပတ်သက်၍ အမည်မှည့်ခေါ်ပုံများကို စိတ်ဝင်းစားဖွယ်တွေ့ရှိရပါသည်။ ထိုအမည်မှည့်ခေါ်ပုံများသည် တိုင်းရင်းသားတို့၏ စိတ်ကူး၊ အတွေးအခေါ်၊ ကြံဆမှုများပါဝင်နေသည်ကို တွေ့ရပါသည်။