Mother Language Leaning Part (1)

ဤစာတမ်းသည်​ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကား နှိုင်းယှဉ်​​လေ့လာတင်​ပြထား​သော စာတမ်းဖြစ်​ပါသည်​။ ဤသို့တင်​ပြရာတွငိ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားရှိ ​ဝေါဟာရအသုံးအနှုန်းတို့၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိပုံတို့ကို နှိုင်းယှဉ်​ ​လေ့လာတင်​ပြထားသည်​။ ဤသို့တင်​ပြရာတွငိ သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများ၊ လူ့အသုံးအ​ဆောင်​ပစ္စည်းနှင့်​ လုပ်​ငန်းသုံးဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများ၊ ယဉ်​​ကျေးမှု ဓ​လေ့ထုံးစံ ဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများဟူ၍ ကဏ္ဍ(၃)ခု ခွဲ၍ ​လေ့လာတင်​ပြထားပါသည်​။
သော့ချက်​​ဝေါဟာရများ - ​ဒေသိယစကား၊ စံစကား၊ ​ဒေသ​ဒေသိယစကား၊ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှု
နိဒါန်း
ဤစာတမ်းသည်​ ရခိုင်​ပြည်​နယ်​ရှိ ရခိုင်​လူမျိုးအများစု​နေထိုင်​​သော ​မြောက်​ဦး​ဒေသိယစကားနှင့်​ ကချင်​ပြည်​နယ်​ရှိ ရှမ်းလူမျိုးအများစု​နေထိုင်​ရာ ​ဗန်း​မော်​​ဒေသိယစကားတို့ကို နှိုင်းယှဉ်​​လေ့လာတင်​ပြထား​သော စာတမ်းတစ်​​စောင့်​ဖြစ်​ပါသည်​။ နှိုင်းယှဉ်​​လေ့လာရာတွင်​ အသံထွက်​၊ သဒ္ဒါ၊ ​ဝေါဟာရ အဓိပ္ပါယ်​ ကွဲပြားပုံတို့ကို နှိုင်းယှဉ်​​လေ့လာနိုင်​​သောလည်း ဤစာတမ်းတွင်​ ​ဝေါဟာရအသုံးအနှုန်းကိုသာ နှိုင်းယှဉ်​​လေ့လာတင်​ပြသွားမည်​ဖြစ်​ပါသည်​။ ထိုသို့ နှိုင်းယှဉ်​​လေ့လာမှု​ကြောင့်​ အညွှန်းခံတူ​သော်​လည်း အညွှန်းပြု​ဝေါဟာရများ ကွဲပြား​နေသည့်​ ​နောက်​ခံအ​ကြောင်းတို့ကို စိတ်​ဝင်​စားဖွယ်​​တွေ့ရှိလာရပါသည်​။ ​ရေ​မြေ​ဒေသ၊ ဓ​လေ့ထုံးစံ ကွာခြားမှုတို့​ကြောင့်​ ကွဲပြား​နေ​သော ​ဝေါဟာရများကို ​လေ့လာတင်​ပြခြင်း​ကြောင့်​ အမျိုးသားယဉ်​​ကျေးမှု သ​ဘောကိုလည်း ​တွေ့မြင်​လာရပါသည်​။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center