နေထူးနိုင်​ ခ​ရေစီ


ကျွန်ုပ်​၏မာတာမိခင်​ ​ကျေးဇူးရှင်​ကြီးသည်
အသက်​အရွယ်​အားဖြင့်
(၇၅)​ကျော်​၍ (၇၆)ထဲသို့
ချဉ်းနင်းဝင်​​ရောက်​လာပြီဖြစ်​​သော​ကြောင့်
ကြီးရင့်​ပြီဟုဆိုနိုင်​သည်​။

ဇာတိရွာမှာရှိ​သော သားသမီးငါး​ယောက်​နှင့်
မြေးမြစ်​တို့အား စွန့်​ခွာကာ
ကျွန်ုပ်​နှင့်​အတူလိုက်​​နေ၍ ဝမ်းသာရပါ၏။
ဝမ်းသာသည်​နှင့်​တပြိုင်​နက်
ဝမ်းနည်းခြင်းလည်းခံစားရ၏။

အ​ကြောင်းကား.....
အ​မေသည်​ လူကသာ ကျွန်ုပ်​အနားရှိ​သော်​လည်း
စိတ်​က ရွာပြန်​​ရောက်​​နေ​သော​ကြောင့်​ဖြစ်​၏။

ထို့​ကြောင့်​.....
ထွက်​​ပေါက်​ရှာသည်​ထင့်​...
Video. ရုံတွင်​ ​နေထူးနိုင်​ဇာတ်​ကား
ပြပါက မလွတ်​တမ်းအား​ပေးတတ်​၏။

နေထူးနိုင်​သာကြိုက်​သည်
မျက်​​စေ့ကား
နှစ်​ကြိမ်​တိုင်​တိုင်​ခွဲစိပ်​ထားရ၍
ကောင်းလှသည်​မဟုတ်​​ပေ။

အခြားမင်းသားပြလျှင်
လုံးဝကြည့်​သည်​မဟုတ်​။
ဤ၍ဤမျှ အား​ပေးသူတည်း။

နံနက်​​မိုး​သောက်​ အလင်း​ရောက်​​သောအခါ
``အ​မေ ကျန်းမာရဲ့လား?
နေ​ကောင်းလား? ဘယ်​လို​နေ​သေးလဲ ´´ဟု ​မေးလျှင်
ခေါင်းမူးရတာနှင့်​ မျက်​​စေ့ထဲ
ရီ​ဝေ​ဝေဖြစ်​ရတာနှင့်​....
တစ်​ခုမဟုတ်​ တစ်​ခု​တော့
ပုံမှန်​ဖြစ်​​နေတတ်​သည်​။

မကြည့်​ဖို့​ပြော​သော်​လည်း​ပြောမရ။
နေထူးနိုင်​ပဲ ဇာတ်​ကားမရိုက်​ရန်
ပြောရမလား?
Videi.ရုံကိုပဲ ​နေထူးနိုင်​ကားမပြဖို့
တောင်းပန်​ရမလား?
ကျွန်ုပ်​လည်းမ​ပြောတတ်​ပြီ...။

ရှေးလူကြီးများ​ပြောကြ​သော
`ကုသိုလ်​တစ်​ပဲ ငရဲတစ်​ပိဿာ´ဟူသည်
ကျွန်ုပ်​ကိုများ ညွှန်းသည်​လားမ​သိ..။

ဪ......
နေထူးနိုင်​ Craze.မာမီရယ်​ဗျာ....။
************************** image
@yemin
Photo credit : facebook.com

H2
H3
H4
3 columns
2 columns
1 column
Join the conversation now