KTVသွားပြီး`နွား´မကျနဲ့ အကို

KTV မှာတညဖြုန်းလိုက်တဲ့ ပိုက်ဆံက

အကို့ကလေးတွေရဲ့ကျူရှင်တလလုံးစာ

ဆိုတာ သတိရပေးပါအကို



KTVက မိန်ခလေးကို မုန့်ဖိုး ပေးတဲ့ပိုက်ဆံက

အစ်ကို့သား/သမီးးတစ်နှစ်လုံးးဝတ်လို့ ရတဲ့

 ကျောင်းဝတ်စုံတစ်စုံစာရှိတယ်ဆိုတာ

 သတိရပေးပါ အကို



KTVမှာ သောက်တဲ့ဘီယာတစ်လုံးတန်ဖိုးက

 အစ်ကို့ အိမ်အတွက်

ဈေးဖိုးရှိတယ်ဆိုတာ သတိရပေးပါ အကို
image
KTV မှာ ဝိတ်တာကို ပေးလိုက်တဲ့ ပိုက်ဆံ ၅၀၀၀ က

အစ်ကို့ မိန်းမဝတ်ဖို့  လုံချည်တစ်ကွင်းစာရှိတယ်ဆိုတာ

သတိရပေးပါ အကို



KTV မှာ အမြည်းတစ်ပွဲ ၃၅၀၀ က အစ်ကို့ တမိသားစုလုံးအတွက်အသားဟင်း ၅၀သားဆို ဖူဖူလုံလုံ

 စားလို့ ရတယ်ဆိုတာ

်သတိရပေးပါ အကို



KTV မှာ အစ်ကို ဖြုန်းခဲ့တဲ့ ပိုက်ဆံတွေသာ

ရွှေဝယ်မယ်ဆိုရင် အခု အစ်ကို့ မိန်းမဆီမှာ

 လက်ကောက်တွေ

ဆွဲကြိုးတွေ ဆယ်ကွင်းစာလောက်ရှိပြီ်ဆိုတာ

သေချာတယ်ဆို ပြန်တွေးကြည့်ပေးပါ  အကို
image
"  နောင်နှစ်ဆို အကို့ သားတွေ/သမီတွေ

    တက္ကသိုလ်တက်ရတော့မယ်လေ   "



KTV သွားမယ်ဆို  အဲဒါတွေ

ပြန်သတိရပေးပါ   အစ်ကို



ဒါဟာ ချမ်းသာတဲ့ လူတစ်စုရဲ့

သာမန်လူတန်းစားတွေဆီက အပျော်အပါးနဲ့

ငွေချူတဲ့ နည်းဗျူဟာပါ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center