ကမ္ဘာကျော်ကြား အမျိုးသမီး မီလျံနာ ForexTraderများ

ကမ္ဘာ့အချမ်းသာဆုံး Forex Trader တွေအကြောင်းရေးဖြစ်ခဲ့တဲ့အခါ အမျိုးသမီး Trader အမ/ညီမ တွေကလည်း မေးကြပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေရော Forex Trading မှာအောင်မြင်ကြသလား ? ဆိုတဲ့မေးခွန်းပါ ...



" Entrepreneurship " စွန့်ဦးတီထွင် လုပ်ငန်းတွေခေတ်စားလာတဲ့ ခေတ်တစ်ခေတ် စရောက်လာကတည်းက Forex Trading မှာမှ မဟုတ်ပါဘူး ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးတွေဟာ အောင်မြင်မှုရနေကြတာ ဖြစ်ပါတယ်။ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်၊ အမျိုးသမီး စွမ်းဆောင်ရှင် စတဲ့အသုံးအနှုန်းတွေဟာ မြင်နေကျဖြစ်သလို Forex မှာလည်း အမျိုးသမီး Trader တွေအောင်မြင်ကြပါတယ်။
image
Forex Trading ဟာ အမျိုးသားတွေလွှမ်းမိုးတဲ့ လောကတစ်ခုဆိုပေမယ့် တကယ်တော့ Forex ရဲ့ nature ဟာ မိန်းကလေးဆန်တဲ့ အမျိုးသမီးတွေနဲ့ ကိုက်ညီမှု တော်တော်လေးရှိတဲ့လောကပါ။ စည်းကမ်းလိုက်နာမှု၊ Risk & Reward ထိန်းသိမ်းမှု၊ ငွေကို အနည်းအများမတွက်ဘဲ တန်ဖိုးထားမှု၊ စိတ်ရှည်သည်းခံမှု၊ အလွန်အကျူး မစွန့်စားတတ်မှု စတဲ့ သဘာဝတွေဟာ အမျိုးသမီး တော်တော်များများမှာ ပိုင်ဆိုင်ထားကြတဲ့အတွက် သူတို့ဟာ Forex လောကမှာ တစ်စတစ်စ အောင်မြင်လာကြတာပါ။



Trader အမ/ညီမတွေကို Inspire ပေးနိုင်မယ့် ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ မီလျံနာ အမျိုးသမီး Trader တွေအကြောင်း လေ့လာကြည့်ရအောင်ပါ ...

image
ကမ္ဘာ့အဆင့် နံပါတ် (၁) Ingeborg Mootz



" Never too late to start " တစ်ခုခုကို အစပြုဖို့ နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး ဆိုတဲ့ ဆိုရိုးစကား နဲ့ ဂုဏ်ပြုခံရတဲ့သူပါ။



သူမဟာ ကမ္ဘာမှာ ကဏ္ဍတိုင်းကလာပြီး လေးစားမှုထားခံရတာဘာကြောင့်လဲဆိုတော့ အသက် ၈၃ နှစ်မှာမှ Trader စလုပ်ခဲ့တာမို့လို့ပါပဲ။ ဘယ်တုန်းကမှ မချမ်းသာခဲ့တဲ့ မုဆိုးမအဘွားအိုကြီးတစ်ယောက်ဟာ အခုတော့ ဂျာမနီရဲ့အထင်ရှားဆုံး အသက် ၉၃ နှစ်အရွယ် မီလျံနာ Forex Trader တစ်ယောက်ပါ။ Trader ဘဝကနဦး ၈ နှစ်အတွင်းမှာ ယူရို €500,000 ကျော်ကို Stock Exchange ကနေ မြတ်ခဲ့ပါသေးတယ်။
သူမလို အောင်မြင်ချင်တဲ့သူတွေအတွက် သူမရဲ့အောင်မြင်ခဲ့ပုံကို အသေးစိတ်ရေးသားထားတဲ့ အတွေ့အကြုံနဲ့ အသိအမြင်တွေမျှဝေပေးတဲ့ စာအုပ်တစ်အုပ်ကိုလည်း ရေးသားနေခဲ့ပါတယ်။



ဘဝမှာ သူမ လိုလူမျိုးရှိတယ်ဆိုတာ သိရမှတော့ ဘာအတွက်ကြောင့် ကျွန်တော်တို့တွေ " စိတ်ဓာတ်ကျတယ် " ဆိုတဲ့အကြောင်းကို တွေးနေကြဦးမှာလဲဗျာ။



Never too late to start something. ပဲပေါ့ ...
ကမ္ဘာ့အဆင့် နံပါတ်(၂) Kathy Lien



Kathy ကတော့ ကမ္ဘာပေါ်မှာနာမည် အကြီးဆုံးပါ။ Trader တစ်ယောက်အနေနဲ့ Profit အများဆုံးရလို့ ဆိုတာတင်မကပါဘူး Forex Trading နဲ့ ပါတ်သက်တဲ့ အလေးစားခံရဆုံး စာရေးသူတွေထဲက၊ Market Analyst တွေထဲက တစ်ယောက်ဖြစ်နေလို့ပါ။



BK Asset Management ရဲ့ FX Strategy Managing Director ဖြစ်သလို၊ Investing.com လိုမျိုး ကမ္ဘာကျော် website ပေါင်းများစွာရဲ့ ပင်တိုင်စာရေးသူဖြစ်ပါတယ်။



" High Profits in High Heel: Secrets from Today's Top Women Traders' " ဆိုတဲ့စာအုပ်ကိုလည်း ရေးသားထုတ်ဝေထားပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center