ရွှေလက်ညှိုးသံချပ်
Shwe Lett Nyo Than Gyat
မိုး မိုး မိုးလား မောင်တို့
(လေ လေ လေလား မောင်တို့)
မိုးနဲ့လေနဲ့ နှစ်ပါးပြိုင်
(ဒီမိုစတိုင် ဆိုရမှာပဲ)
ဒီမိုခေတ်မို့ အရူးပြိုင်
(ထိပ်ဆုံးထိုင်တာ သူတို့ချည်းပဲ)
ဆိုးရေးရှိလို့ ဆိုလိုက်မည်
(ခြောက်ခြောက် စောက်စောက်
အရေး မလုပ်ဘူး)
ရွှေလက်ညိုး ရွှေလက်ညိုး
(တည့်တည့်ထိုးမယ့် ရွှေလက်ညိုး)
ရွှေလက်ညိုးက ဆားပက်မှာ
(တီကောင်တွေတော့ စပ်ကြမှာပဲ)
အမြင်အရှိပြောနေတာ
(ကိုယ်မှားတာ ကိုယ်သာ သိ)
အမှားသိလို့ အမှန်ပြင်
(၄၀ ကျော်ဟာ ဘ၀ စ တုန်း)
(ကဲ ဘော်ဘော်တို့ရေ အချိန်မဖြုန်းနဲ့
အမုန်းသာ လှော်တော့)
အပြစ်ပြောပြိုင်တဲ့ တို့မေမေ
(ဝေလေလေဆို အိမ်ပြန်အိပ်တော့)
စီးပွားရေးတွေ ယုတ်လျာ့လာ
(သူတို့ကြောင့် သူတို့ကြောင့်)
တောင်သူထွက်ကုန် ဈေးလျော့လာ
(သူတို့ကြောင့် သူတို့ကြောင့်)
ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာ
(သူတို့ကြောင့် သူတို့ကြောင့်)
ဈေးမရောင်းရ အ အားနေ
(သန်းရှာနေဟေ့ သန်းရှာနေ)
ကုန်းဈေးနှုန်းတွေ ကျစေရေး
(ဟင်းတခွက်နဲ့ လွေး)
သဘာဝဘေးဟာ သဘာဝပါ
(ကျုပ်တို့နဲ့မှ မဆိုင်တာ)
မကြုံချင်ရင်နေရာပြောင်း
(အခုချက်ခြင်း ဂျောင်း)
ပုစွန်ဖောက်လို့ ဆည်ကြိုးသကို
(သံချေးကိုက်လို့ တံတားပြို)
ဝန်ကြီး ၀န်ချုပ် အပြိုင်ရူး
(မြန်မာ့ခေတ်သစ်ထူး)
ကိုယ်မလုပ်တတ် အပြစ်ပို
(စာအုပ်ကြီးကို အပြစ်ဆို)
လုပ်တိုင်လွဲလည်း ငါမမှား
(နှစ် ၅၀ ကြောင့်ဗျား)
နိုင်ငံသားတွေ လုံခြုံရေး
(အစိုးရက လုပ်ဆောင်ပေး)
{(ဟို ရှေးရှေး ဟိုရှေး ရှေး)}
စီးပွားကျတာ အစိုးရ
(အသုံးမကျလို့တဲ့ဗျ)
{(ဟို ရှေးရှေး ဟို ရှေးရှေး)}
အခုပြောတာ စီးပွာကျ
(ပြည်သူ အ လို့ဗျ)
({မှတ်ထားဟေ့ မှတ်ထားဟေ့)}
မန်ကျီးထန်းလျက်က တမူးပို
(ဇာတိမန်ကို မကြားလို)
နတ်ကတော် ၀န်အစုပ်
(နှစ်မူးပိုလို့ ရှုပ်)
ဒေါက်စုပ် ၀န်ချုပ် အရူုးပြိုင်
(ကြွေးမကျေလို့ မလုပ်နိုင် )
မယ်မယ်ခေတ်မှာ တရှိန်ထိုး
(အကြွေး ၄ ဆ တတိုး)
မယ်တော်ကြီးက အလှပြိုင်
(မော်ဒယ်ရှုံးလို့ သူကနိုင်)
သရုပ်ဆောင်က ပီပြင်လှ
(မို့မို့မြင့်အောင် ရှုံးတယ်ဗျ)
{ငိုချင်း။ ။ ( အမယ်မင်း ပြောရတော့မယ်၊ မူအမှား လူအမှားကြောင့် တို့ပြည်ကြီးလည်း ငရဲခန်းသာသာ၊ အရူးမသာ ဝန်မင်းတွေကြောင့် ခေါင်းတွဲကြီးလည်း မီးတောက်နေပြီပေါ့။ မယ်မင်းမ ထမိန်လေယပ်လို့ မီးလောင်ပြင် ပြာတောင်ပေါက်တယ်ကွယ်။ ခံလိုက်ကြပေအုံး။ ၁၂ သန်း မအေးပေးတို့ရေ}
ဟေ့ ဟေ့ မောင်တို့ရေ
{(ဘာလဲ ဘာလဲ) လို့}
တေမိကြီး အိပ်ပျော် ဆဲ
(လူစား လဲ လူစားလဲ)
ရုပ်သေးနားလို့ ရုပ်သေပေါ်
(လူ လဲစား လူ လဲ စား)
မောင်သာယဉ် ဝန်အရှုပ်
(သမီး ဂေါ်ဖီထုပ်)
ဝန်လေး တချို့ ကြိုက်တတ်တာ
(စမူစာဟေ့ စမူစာ)
အမတ်တချို့ ကြိုက်တာလည်း
(စမူစာပဲဟေ့ စမူစာပဲ)
အမတ်မမ ကြိုက်တာလေး
(အီကြာကွေးဟေ့ အီကြာကွေး)
ကုလား ဆော်လို့ တရုတ်လှော်
(သူတို့ဆော်တာ တို့ပြည်သူ ဟ)
ကုလားနှံလို့ တရုတ်ရံ
(တို့တိုင်းမြန်ပြည် ပင်လယ်ဝရောက်)
အန်ကယ်ဆန်က အမုန်းဆော်
(အင်္ဂလန်က ငေါက်တော်က်ကြီးနဲ့)
အဘ မကြိုက်တဲ့ အနီကြောင်
(အခုများတော့ ဘဘ ခေါ်တဲ့)
{ထိုးဇာတ်။ ။ ပင်နီဝတ်၊ ပုဆိုး စလွယ်သိုင်း၊ အရက်ပုလင်း လက်ကဆွဲပြီး ဒရွတ်တိုက်ထွက်လာ။ ဟေ့ကောင်တွေ ငါ့ကို ဘာကောင် မှတ်နေကြလဲ။ အခု လမ်းဖယ်ပေးစမ်း။ တယ် ဒီကောင် ပြောနေရတာ ကြာတယ်။ ကဲကွာ။ ဖျန်း ဖျန်း။ အနီး နား တွေ့တဲ့ ကောင်လေးကို ပါး ၂ ချက် ရိုက်။
နောက် ကောင်မလေးကို ကလိထိုး။ ပြီးတော့ ဖုန်း ထုတ်ပေးပြီး ရော့ မုန့်ဖိုး လို့ ဆို }
ရွေးကောက်ပွဲ ရွေးကောက်ပွဲ
(ပြည်သူဟေ့ ပြည်သူ ဟ)
ဘုရားတည်ပြီး ခုချိန်ခါ
(ငြမ်းတွေ ဖျက် ငြမ်းတွေ ဖျက်)
ရွေးကောက်ပွဲ ရွေးကောက်ပွဲ
(ပြည်သူဟေ့ ပြည်သူ ဟ)
{(လူးပါးဝတဲ့ မသာမ ပါးရိုက်ကြ ပါးရိုက်ကြ)}
ပါးရိုက်ချင်လဲ အပိုပဲ
(ဒိုင်ကို အပိုင်ဆွဲ)
တရားဆိုင်လဲ အပိုပဲ
(ဒိုင်ကို အပိုင်ဆွဲ)
ဒီမိုခေတ် ဒီမိုခေတ်
(ပြည်သူတွေမှာ နွားတွေဖြစ် နွားတွေဖြစ်)
ပုဂံပြည်ကြီး သာယာစည်
(နော်ရထာမည် ဘုရင်မြတ်ကြောင့်) ဗုဒ္ဓသာသနာ ထွန်းတောက်လာ
(နော်ရထာလို ဘုရင်မြတ်ကြောင့်)
ခိုင်မာခဲ့တဲ့ အလံတိုင်
(ယိုင်တိုင်ဟေ့ ယိုင်တိုင်တိုင်)
မြန်တိုင်းပြည်ကြီး သာယာရေး
(အဆဲပြိုင်ပေးဟေ့ အဆဲပြိုင်ပေး)
{သီချင်း။ ။ ဇော်ဝင်းထွဋ်၏ မဟာ သီချင်း ဖွင်းပေးပ့။ သံချပ်အဖွဲ့သားများ အားလုံး အဖိုးကြီးအို အဖွားကြီးအိုပုံ သရုပ်ဆောင်ကြပါ။}
သီချင်းဆုံးလျှင်
အာရှ ကျားကြီးဖြစ်ချင်တော့
(အပြောလေးတွေလျှော့)
ဂေါ်ဇီလာကြီး ဖြစ်ချင်တော့
(အပြောလေးတွေလျှော့)
စင်္ကပူကို ကျော်ချင်တော့
(အပြောလေးတွေလျှော့)
ိထိုင်းကို ကျော်ချင်တော့
(အပြောလေးတွေလျှော့)
အာဆီယံ တစ်ဖြစ်ချင်တော့
(အပြောလေးတွေလျှော့)
အပြောလျှော့ဖို့ ပြောနေတာ
(အပြောများလို့ပါ )
ဒေါင်းခန္ဓာသူဝင်စား
(သာလိကာမလေလား )
ဟေလာ မောင်တို့ ဝါး
အပိတ် ဧချင်း။ ။ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ ကို ဧချင်းဖြည့် သီဆိုပါ။