စစ်မှန်သော လွတ်လပ်မှုမျိုးနှင့် အသိပညာ

လွတ်လပ်မှုဆိုတာ ဘာလဲ? လွတ်လပ်မှုဆိုတာ ရှုပ်ထွေးတဲပြသနာတစ်ခုလို့ သတ်မှတ်ရပါ့မယ်။ ဘာကြောင့်ရှုပ်ထွေးတဲ့ပြသနာတစ်ခူလို့ သတ်မှတ်ရလဲဆိုရင် လေးလေးနက်နက်သဘောပေါက်ဖို့အတွက် လိုအပ်တဲ့ပြဿနာတစ်ခုဖြစ်နေတာကြောင့်ပါ။ လွတ်လပ်မှုနဲ့ပြောကြတာတွေကအများကြီး ကြားသိရပါတယ်။ ကိုယ်လုပ်ချင်တာ လုပ်ရဖို့ လွတ်လပ်မှုတွေ ၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု စသဖြင့် လွတ်လပ်မှုနဲ့ပတ်သက်ပြီး ပညာရှိကြီးတွေ ရေးဖွဲ့ထားတဲ့ ကျမ်းတွေတောင် အများကြီးရှိပါတယ်။ထို့ကြောင့် ကျွန်ုပ်တို့ဟာ လွတ်လပ်မှုကိုလိုချင်တဲ့အခါ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မက်မက် ချဉ်းကပ်နိုင်မှသာလျှင် ကျွန်တို့လိုချင်တဲ့နေရာသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။
လွတ်လပ်မှုဆိုတာဟာ လုပ်ချင်ရာလုပ်၊ သွားချင်တာသွား၊ တွေးချင်ရာတွေ၊ စားချင်ရာ စားမျိုးလား? ထိုအရာမျိုးတွေကတော့ ကျွန်ုပ်တို့လည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်ဆောင်နေကြတာပါပဲ။ ထိုသို့လုပ်ဆောင်တဲ့အခါ မှန်ကန်မှုနဲ့ ဖြောင့်မက်မှုက အရေးကြီးဆုံးပါပဲ။ ဒါပေမဲ့ လွတ်လပ်တဲ့သူဆိုတာကတော့ မဆိုစလောက်လေးပါပဲ။
ဒါဆို အမှီအခို ကင်းတာကရော လွတ်လပ်မှုမျိုးပဲလား?။ ကမ္ဘာလောကကြီးမှာ အမှီအခို ကင်းတဲ့သူတွေ တော်တော်များများရှိပါတယ်။ ဒါကြောင့်လဲ ကျွန်ုပ်ဟာ အသိပညာ မရှိတဲ့အခါ လွတ်လပ်မှုကို မရရှိနိုင်ပါဘူး။အသိပညာရှိဖို့အတွက်ကလည်း ကျွုန်ပ်တို့ဟာ ကျွန်ုပ်တို့ ပတ်ဝန်ကျင်တစ်ခုလုံးကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ စစ်မှန်သော လွတ်လပ်မှုမျိုးကို ရဖို့အတွက်ကျွန်ုပ်တို့ ပတ်ဝန်ကျင်မှာရှိနေတဲ့ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းများ အစရှိသဖြင့်သည်တို့ကို အသိပညာ အတက်ပညာဖြင့် နားလည်းသဘောပေါက်ဖို့လိုပါတယ်။
image
Credit Photo Facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center