လှပသောဘဝနှင့်အရေးကြီးလှသည့်ပညာရေး

တက္ကသိုလ်ဝင်တန်းကလေးများ စာမေးပွဲဖြေဆိုနေကြပါပြီး။ ဒီစာမေးပွဲဟာ ကျောင်းသား/သူတွေ အတွက် ဘဝရဲ့ တစ်ဆစ်ချိုးအပိုင်းရောက်ရှိနေပါပြီး။ စာမေးပွဲအောင်စာရင်းထွက်တဲ့အချိန်မှာ ကျွန်ုပ်တို့ ကြိုးစားခဲ့တာတွေ ကျွန်ုပ်တို့ ရည်​မှန်းထားတဲ့ အခြေအနေတစ်ခုသို့ ရောက်ရှိတော့မှာပါ။
ကျွန်ုပ်ငယ်ငယ်တုန်းက လူကြီးတွေရဲ့ ပြောဆို ဆုံးမမှုတွေနဲ့အတူ ကျောင်းသားဘဝဟာ ပျော်ရွှင်ဖို့အကောင်းဆုံး၊ ကျောင်းသားဘဝဟာ အေးချမ်းမှုတွေနဲ့ပြည့်စုံနေတဲ့ကာလ ဆိုပြီး ကြားခဲ့ရဖူးပါတယ်။ ကျောင်းကထွက်ပြီးနောက် ဘဝရဲ့နောက်ပိုင်းကာလတွေမှာ ပျော်ရွှင်မှုရဖို့ အလွန်ခဲယဉ်းသွားပါပြီး ကျွန်ုပ်ထင်ပါတယ်။
ကျောင်းတော်ကြီးနဲ့ဝေးကွဲသွားခဲ့ပြီးနောက် အလွန်ကြီးမှာတဲ့ ပြဿနာတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရတော့မယ်။ စားဝတ်နေရေးပြဿနာ၊ ကိုယ်ရေးကိုယ်တာ ပေါင်းသင်းဆက်ဆံရေးပြဿနာ၊စစ်ပွဲပြဿနာ၊ ဘာသာရေးဆိုင်ရာပြဿနာ၊ နိုင်ငံသားဆိုင်ရာပြဿနာ အစရှိသဖြင့် ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာများစွာတွေ့မြင်ရတော့မှာဖြစ်ပါတယ်။
ထိုပြဿနာမျိုး ဖြေရှင်းနိုင်စွမ်း မသင်ကြားခဲ့ပညာရေးမျိုးကို အတုအယောင် ပညာမျိုးပဲဖြစ်တယ်လို့ ကျွန်ုပ်ထင်တယ်။ ကျွန်ုပ်တို့သိတက်နားလည်းပြောဆိုတက်တဲ့ အရွယ်လေးထဲကစ၍ ဘွဲ့ရတဲ့အချိန်ထိ သင်ကြားခဲ့သောပညာရေးဟာ ဘဝမှာတွေ့ကြုံလာတဲ့အခက်ခဲတွေကို ဖြေရှင်းနိုင်စွမ်းမရှိခဲ့ဘူးဆိုရင် သင်ကြားခဲ့သော ထိုပညာမျိုးဟာ အချိန်ကုန်စေခဲ့ပြီး အတုအယောင် ပညာရေးမျိုး ဖြစ်ပါတယ်။
ပညာရေးဆိုတာ ဗဟုသုတ၊နည်းပညာတွေသင်တန်းတွေ ပေးတာလောက်မဟုတ်ဘဲ လူ့မှုပြဿနာတွေကို နားလည်ရင်ဆိုင်နိုင်အောင် သင်ကြားပို့ချပေးသင့်တဲ့အချက် အရေးပါလှပါတယ်။
စစ်မှန်သောပညာရေးမျိုးဆိုတာ ကျောင်းသူ/သားတွေကတစ်ဆင့် ကမ္ဘာလောကကြီးကို ကျက်သရေမင်္ဂလာရှိအောင် လုပ်ပေးနိုင်စွမ်းရှိတာမျိုးဖြစ်ပါတယ်။
image
Credit Photo Facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center