ကျွန်ုပ်တို့ ကမ္ဘာကြီးနှင့်သဘာဝအလှတရားများ၏တန်းဖို

တစ်ခါတစ်ရံ မနက်ခင်းစောစောအိပ်ရာထတဲ့ အချိန်မှာ ရေပြင်ပေါသို့ထိုးကျနေသောနေရောင်ကို ကျွန်ုပ်တို့ သတိထားပြီး ကြည့်ဖူးပါသည်။ ရေပြင်ပေါ်သို့ ကျရောက်နေသော နေရောင်ခြည်နှင့်အတူ ကျွန်ုပ်တို့ ပတ်ဝန်ကျင်မှာ ရှိနေတဲ့ သစ်ပင်လေးတွေ ရေပြင်ပေါ်သို့ အရိပ်ထိုးကျနေတာ တွေ့မြင်ရသည်။
ထို့သစ်ပင်တွေရဲ့ အဖျားကိုကြည့်လိုက်လျှင် ကောင်းကင်မှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာနေသော အဖြူရောင် တိမ်တိုက်များကိုတွေ့မြင်ရသည်။ အင်မတန်မှ နူးညံ့သိမ်မွေ့နေတာပေါ့။
ဒါဟာ ကျွန်ုပ်တို့ အားလုံး အတူတကွ နေထိုင်တဲ့ ကမ္ဘာကြီးမှာ လှပနေတဲ့ သဘာဝအလှတရားတွေ ဖြစ်ပါတယ်။ သင်ရော သတိထားပြီး ကြည့်ဖူးပြီးလား?
လူတော်တော်များများဟာ သဘာဝတရားတွေနဲ့လှပနေသော ကမ္ဘာကြီးမှာနေထိုင်ကြပြီး နိစ္စဓူဝအလုပ်သံသရာထဲမှာ တဝဲလည်လည်ဖြစ်နေတာကြောင့် လှပလွန်တဲ့ ကမ္ဘာကြီး၏ သဘာဝအလှတရားတွေကို မသိမမြင် သတိမထားမိကြပါဘူး။
သည်ကမ္ဘာကြီးဟာ ကျွန်ုပ်ရော၊ သင်ပါ ပိုင်ဆိုင်တဲ့ကမ္ဘာကြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ အားလုံး အတူနေထိုင်ကြတယ်။ သည်ကမ္ဘာကြီးကို ချစ်ခင်မြတ်နိုးတက်ဖို့ လိုအပ်ပါတယ်။ သည်ကမ္ဘာကြီးနှင့် သဘာဝအလှတရားတွေရေရှည် တည်တံ့ခိုင်မြဲနေဖို့အတွက် ကျွန်ုပ်တို့ အားလုံးဟာ သည်ကမ္ဘာကြီးကို တန်းဖိုထားဖို့လိုပါတယ်။ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်တဲ့ကမ္ဘာကြီးကို ချစ်ခင်မြတ်နိုး တန်းဖိုထားနိုင်ကြပါစေ။
image

Credit Photo Facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center