ကောင်းမွန်သောစိတ်ထား

အမှန်တရားသည် စိတ်ကူးယဉ်တာထပ် ပိုပြီး ဆန်းကြယ်သည်။ အမှန်တရားကို မြတ်နိုးတက်သူအတွက် အမှန်တရားကို လုပ်ဆောင်ပေးတဲ့သူတွေဟာ ယခုဘဝအတွက်သာမက နောက်ဘဝအတွက်ပါ ကောင်းမြတ်သော အကျိုးထူးကို ခံစားရစေသည်။
မကောင်းတဲ့ ၊ မသန့်ရှင်းသော ကိုယ်နှုတ် စိတ်ထား အပြုအမူတွေဟာ မိမိအတွက်လည်း အကျိုးမဲ့ ဖြစ်စေနိုင်သည်။ သူတစ်ပါးအတွက် အပျက်သဘောဆောင်သော အပြောအဆို အပြုအမူတွေဟာ သူတစ်ပါးကိုထိခိုက်စေခြင်းသာမက ပြောဆို ပြုမူတဲ့သူကိုယ်တိုင်လည်း ထိခိုက် ပျက်စီးစေတက်ပါသည်။
သူတစ်ပါးအတွက် ထိခိုက်နိုင်တယ် ဆိုသော အသိစိတ်ဓာတ်ကလေးရှိရင် မကောင်းတာတွေ ရှောင်လွယ်ပါတယ်။ ရှောင်နိုင်ရင်တော့ ကိုယ့်အတွက် ပြန်လည်ပေးဆပ်ရမည်ဆိုးကျိုးတွေ မရှိတော့ဘူးပေါ့။
ထိုကြောင့် ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ ကိုယ် ၊ စိတ်၊ နှုတ် ၊အပြုအမူတွေ မိမိသန္တာန်မှာ ဖြစ်ပွားစေတက်ပါတယ်။ မကောင်းမှုတွေ ကင်းရှင်းပြီး ၊ သန့်သန့်ရှင်းရှင်း နေထိုင်သွားမည်ဆိုလျှင် ကောင်းကျိုးတွေ ရနိုင်ပါတယ်။
မကောင်းမှုကို ဖြတ်လိုရပါလျက် မဖြတ်ချင်သည်ကလည်း မဖြစ်နိုင်ခြင်းတစ်မျိုး ဖြစ်လေသည်။ တစ်ချို့က စိတ်ဆင်းရဲစရာတွေ ဖြစ်နေတာကို ဖြတ်လို့ရနိုင်ပါလျက် မဖြတ်မိသည်ကလည်း မဖြတ်နိုင်ခြင်း တစ်မျိုးပင်ဖြစ်သည်။ ထိုကဲ့သို့ မကောင်းသည့်စိတ်ထားကို ဖျက်စီးပြီး ကောင်းမွန်စိတ်ထား မွေးမြူးကာ ဘဝအကျိုး ဖြစ်ထွန်းနိုင်ကြပါစေ။
image
Credit Photo Facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center