ကျွန်နော်အတွေး ကျွန်နော်အမြင် ကျွန်နော်၏ သုံးသပ်ချက်များ   အပိုင်း ( 1  )

ကျွန်နော်အတွေး ကျွန်နေည်အမြင် ကျွန်နော်၏ သုံးသပ်ချက်များ အပိုင်း ( 1 )
image
စက္ကန့်တိုင်း မိနစ်တိုင်း အချိန်နေ့ရက်တွေတိုင်းကို ကျွန်နော်သတိကပ် အသိထည့်ပြီး စဉ်ခြင်သုံးသပ်ကြည့်မိပါတယ်……………
မနက်မိုးလင်းကနေအစပြုပြီး ညလူသံတိတ်တဲ့အချိန်ထိပေါ့ဗျာ တချို့လူတွေဟာ မနက်မိုးလင်း အိပ်ရာကနေနိုးထတဲ့အချိန်ကစပြီး မရပ်မနား မမောနိုင် မပန်းနိုင် စကားများစွာကို စိတ်ကူးပေါက်ရာ ပြောနိုင်ကြပါတယ်……………
တချို့လူတွေကျပြန်တော့ မိုးလင်းကနေအိပ်ချိန်အထိ အခန်းထဲ လူရှိနေတယ် မထင်ရလောက်အောင်တိတ်တဆိတ် ငြိမ်သက်စွာနဲ့ နေတက်ကြပါတယ်………………
ဒီလူနှစ်မျိုးနှစ်စားကို ကျွန်နော် အတွေးအမြင်နဲ့ ပေါ့ပါးစွာ ရင်ဖွင့်ပြချင်ပါတယ်……………
ကျွန်နော်ရဲ့ ရင်ဖွင့်ဟချက်တွေဟာ သဘောထားတွေ တိုက်ဆိုင်မှု တွေးမြင်တာခြင်းမတူညီခြင်းတွေကြောင့် အတင်အဖျင်း တွေပါကွားဆိုပြီး မှတ်ချက်ပြုကြသူတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်………
အဘယ်ကြောင့်လဲလို့ ဆိုလိုရလျှင်ဖြင့် လူချင်းတူညီမှု ရုပ်လက္ခာတွေရှိနေကြပေမယ့် မတူဘီနိုင်တဲ့စိတ်တွေက တစ်ယောက်တစ်မျိုးနဲ့ အဆုံးမရှိကြခြင်းကြောင့်ပါဗျာ………………
ကျွန်နော်ဟာ ဆင်းရဲသောလူတစ်ယောက်မဟုတ်သလို ချမ်းသာသောလူတစ်ယောက်မဟုတ်တာတော့ သေခြာနေပါတယ်………………
ဆင်ူရဲချမ်းသာဆိုတဲ့စကားရဲ့အဓိပ္ပါယ်ဟာ စိတ်ထဲထင်မြင်သလို ကောက်ချက်ပြုလို့ရလေတော့ ကျွန်နော်ဆိုလိုချင်တဲ့စကားက ကျွန်နော်စိတ်ဆင်းရဲနေတဲ့သူတစ်ယောက်မဟုတ်ပါဘူး…………
ဒီလိုပါပဲ ကျွန်နော်စိတ်ချမ်းသာနေတဲ့သူတစ်ယောက်လဲ မဟုတ်ပါဘူးလို့ ပြောချင်နေတာပါ………………
ဘယ်စိတ်တွေကမဆင်းရဲတာလည်း မေးကောင်းမေးနေကြပါလိမ့်မယ်…………
မမေးသော်လည်း ဒီကကျွန်နော်ဖြေချက်နေတာပါဗျာ………………
လိုရင်းနဲ့တိုတိုတုတ်တုတ် ပြောရလျှင် ကျွန်နော်စိတ်ဓါတ်တွေက ဘယ်တုန်းကမှမဆက်းရဲခဲ့ပါဘူး…………
အောက်တန်းစားစိတ်ဓါတ်တွေမရှိသလို အထက်တန်းစားစိတ်ဓါတ်တွေရှိနိုင်ရေးအတွက်ကတော့ လေ့လာသင်ကြား မှတ်သား နာယူ လက်ခံ လိုက်နာ ကျင့်သုံးနေလျင်ပါပဲ……………
ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုဖေးမကူညီပါဆိုတဲ့ စကားလေးအတိုင်း နေထိုင်ကျင့်ကြံလာခဲ့သလို ဆက်လက်ပြီးတော့ ထိုအကျင့်စရိုက်ဓလေ့လေးကိုလည်း ထိန်းသိမ်းနေရင်း ကျွန်နေည်ရဲ့စိတ်ကို ထိန်းကျောင်းနေလျက်ပါပဲ…………………
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စကားရှိသလို အရာရာတိုင်းကို အပြုဘက်ကနေပြီး သဘောထားကြီးကြီး ထားရှိလိုက်ပါဆိုစကားလည်း ရှိနေပြန်ပါတယ်………………
ငတေတစ်ယောက်မာနိုင်ရေးအတွက် သဘောထားကြီးကြီးနဲ့ နားလည်ပေးရမယ်ဆိုရင် လောကကြီးက မတရားဘူးဆိုပြီး လူတိုင်းအပြစ်တင်နေကြတော့မှပေါ့ဗျာ………………
ဒီလိုလူစားမျိုးကို သဘောထားမကြီးသင့်သလို နားလည်မှုလည်း မရှိသင့်ပါဘူးလို့တော့ ကျွန်ယူဆထားပါတယ်…………………
လူတစ်ယောက်ပျော်ရွှင်မှုအတွက် ကျန်တဲ့လူတွေအားလုံး စိတ်ဆင်းရဲနေရမယ်ဆိုရင် တရာမျှတမှုဆိုတဲ့စကားက အလကားဖြစ်နေပြီပေါ့ဗျ…………………
စည်းကမ်းဆိုတာလူတစ်ယောက်ရဲ့တန်ဖိုး ဒီစကားလုံးလေးကိုတော့ လူတိုင်း ကလေးဘဝကစပြီး မိဘဆရာများက ဆုံးမပြောကြားတာကို နာထောင်ခဲ့ဖူးကြမှာပါ…………………
စည်းတစ်ခုနဲ့ကမ်းရဲ့ကြားမှာ လိုက်နာခြင်းဆိုတာရှိနေကြရပါလိမ့်မယ်………………
စည်းလည်းမရှိ လိုက်နာခြင်းလညိုမရှိ ကမ်းလည်းမမြင်ဘူးဆိုလျှင်တော့ အရာအားလုံးဟာ အဆက်မပြေခြင်းများနဲ့သာ တွေ့ကြုံနေကြရမှာပါ………………
စာဖတ်သူတွေအနေဖြင့် တစ်ခုခုကို ခုလုခုလု ဖြစ်နေကြပါလိမ့်မယ်………………
ဘာကြောင့်လဲဆိုတော့ အစချီပြီးရေးချရင်ဖွင့်မယ့်အကြောင်းလေးကို မရေးချပဲ စိတ်ထဲခံစားဖြစ်ပေါ်လာသမျှတွေကို ရေးချရင်ဖွင့်နေမိတယ်ဗျာ……………
ထိုလူနှစ်မျိုးနှစ်စားအကြောင်းလေးကို နောက်တင်ပြမယ့် ပို့စ်မှာရင်ဖွင့်ရေးချတင်ပြပါ့မယ်လို့ပြောကြားရင်း စာလည်းရှည်လျားနေခြင်းကြောင့်ပါခင်ဗျာ………………………………
author: @thura
photo:my

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center