ကျွန်တော်မိဘတွေငယ်ငယ် ကတည်းကပညာဘက်ကိုဦးစားပေးသင်သည်။ဒါနဲ့
ရိုးရိုးရှူနေရတဲ့လေနဲ့၊ မွန်းကျပ်နေချိန်မှာ တောင့်တတဲ့လေ မတူဘူးကွ။ သိပ်မွန်းကျပ်ရင် သိပ်ပြီး လေလိုတယ်။ သူနဲ့ထိုက်တန်တဲ့ တန်ဖိုးကို ပေးမှရတယ်။ ဘာမှ အလကားမရဘူး။၊ စာအုပ်တွေ အလကားပေးနေတယ်ဆိုပေမယ့် ပညာကို အလကား ရနိုင်သလား ပြန်စဉ်းစားကြည့်ပါ။နိုင်ငံတစ်နိုင်ငံမှာများများလိုချင်ရင်
များများလေးကိုယ့်ဘက်က ပြန်ပေးရတာတွေရှိတယ်။ များများစိုက်ထုတ်နိုင်သူတွေ ကျောင်းကောင်းကောင်းထားတယ်။ ဂုဏ်ထူးတွေ အများကြီးရအောင် အရင်းအနှီးတွေ စိုက်ထုတ်ကြတာတွေလုပ်ကြတယ်။ပညာကိုဦးစာပေးပါ။
အရင်းအနှီးကို များများပေးပြီး များများ ပြန်ယူနေသူတွေရှိသလို၊ ပညာရေးမှာ အရင်းအနှီးတွေ မစိုက်ထုတ်နိုင်တော့လို့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စက်ရုံတွေထွက်ပြီးတော့ အလုပ် လုပ်ခိုင်းနေရတာတွေလည်း အများကြီးပဲ။ မြန်မာနိုင်ငံမှာ ရေန ဆိုကရေးတီးပြောသလိုပဲ။ များများလိုချင် များများရှူရမယ်။ သူများထက် ခေါင်းတစ်လုံးကျော်ပြီး ပိုရှူနိုင်ရမယ်။ ပိုပြီး ကြိုးစားရမယ်။ ပိုပြီး လေ့လာနိုင်ရမယ်။ ရုန်းထွက်ပြီး ရှူနိုင်ရမယ်လို့ ပြောချင်တာ။ ဘယ်လောက်ရှူဖို့ ဆန္ဒရှိခဲ့ ကျောင်းတက်မှရတာဆိုတဲ့ခေတ်က ကုန်နေပြီလောက်ကြည့်ပြီး၊ အွန်လိုင်းက တက္ကသိုလ်ကိုတက်၊ အင်္ဂလန်မှာ ဘွဲ့သွားယူတဲ့ တရုတ်ကျေးလက်က ကောင်လေးတွေ၊ အမေရိကမှာ အင်ဂျင်နီယာဖြစ်နေတဲ့ အိန္ဒိယတောသားလေးတွေအကြောင်း ကျွန်တော် နောက်မှရေးဦးမယ်နောက်ဆက်မယ့်ဟာပညကြောင့်ကြီးပွားမယ်ကြောင်းတင်ပေးမယ်။...
credit photo-google photo