မိန်းမပျက်

”#မိန်းမပျက်”(စ/ဆုံး)

                  (၁)

             ”သက်ထက်…”
             ”ဟင်…ပြောလေ ခင်ဦး”

ခင်ဦးက မှန်တင်ခုံရှေ့ မှာ အလှပြင်ရင်း သက်ထက်ကို လှမ်းခေါ်လိုက်သည့်အတွက် သက်ထက်က ဖက်လက်စ စာအုပ်ကို ပိတ်လိုက်ရင်း ကြည့်လိုက်သည်။
”ငါ လှလားဟင်… မျက်နှာမှာ မိတ်ကပ်တွေထူလပျစ်ကြီးမနေပါဘူးနော်”

image”လှပါတယ်… မိတ်ကပ်တွေလဲ ထူမနေဘူး ငါ့သယ်ရင်းက ကြွေရုပ်ကလေးကျနေတာပဲ နင်က ပြင်တတ်ဆင်တတ်တယ်နော်”
ခင်ဦးက ကျေနပ်စွာပြုံးလိုက်သည်။ ခင်ဦးက ကြွေရုပ်အတိုင်း ချောမောလှပသည်။ သူမရဲ့အကြည့် သူမရဲ့မျက်ဝန်းတွေက ယောက်ျား တွေကို ညို့ယူဖမ်းစားနိုင်သည်။ မိန်းကလေးတစ်ယောက်လို အိနြေ္ဒမရှိ အမြဲတမ်းရှက်ပြာနေတတ်သည့် သူမရဲ့အကျင့်ကို သက်ထက်လုံးဝသဘောမကျပါ။
”ငါက အမြဲတမ်းလှလှပပ နေရတာကိုသဘောကျတယ်၊ ခင်ဦး ရဲ့အလှတရားအောက်မှာ ယောက်ျားတွေ အသက်ရူဖို့မေ့လောက်အောင် ဒူးထောက်ဝပ်တွားစေရမယ်၊ သက်ထက် သိတယ်မို့လား ဥမ္မာဒန္တီရဲ့အလှကို သိဝီမင်းကြီး မြင်ပြီး စွဲလန်းသွားသလိုပေါ့ဟာ၊ ဟားဟား ”
ခင်ဦးက သက်ထက်ကို ပြောရင်းကိုယ့်အတွေးနဲ့ကိုယ်ရယ် လိုက်သည်။ သက်ထက်က ခင်ဦး ရဲ့ အပြောအဆိုအမူအကျင့်တွေကို ရင်လေးကာ သက်ပျင်းချလိုက်ရင်း
”အလှတရားရဲ့ နောက်ကွယ်မှာ ဘဝပျက်သွားတဲ့ မိန်းမငယ်လေးတွေ အများကြီးပဲခင်ဦး၊ ပန်းလေးတွေလိုပေါ့ဟာ ဖူးခါစပွင့်ခါစမှာ ခူးဆွတ်ချင်တဲ့သူတွေအများကြီးပဲ၊
တန်ဖိုးထားကြတယ်၊ ဦးထိပ်မှာပန်ဆင်တတ်ကြတယ်၊ ပန်းကလေးနွမ်းခြောက်သွားတဲ့အခါ ကျတော့ ဘယ်သူမှမနမ်းရိုက်ချင်ကြတာပေါ့ လူတကာရဲ့ ခြေနမ်းဖက်မှာ ရောက်မှန်းမသိရောက်သွားကြတာ၊
ငါတို့မိန်းကလေးတွေလဲ အလှတရားရဲ့ နောက်ကွယ်ကဆိုးကျိုးဖြစ်တဲ့ ယောက်ျားတွေရဲ့ရမ္မက်ကျော့ကွင်းကို မဝင်မိဖို့လိုတယ်”
”ငါနားလည်ပါတယ် သက်ထက်ရဲ့၊ သြော်… နင်အပြင်သွားလို့ မိတ်ကပ် ဘာညာလိမ်းချင်ရင် ယူလိမ်းနော်”
”ဒီအချိန်မှာ ငါအလှအပဘက်ကို စိတ်မဝင်စားလို့ပါ၊ ငါခုချိန်စိတ်ဝင်စားတာ ကျောင်းစာပဲ၊ လှဖို့ပဖို့လဲ နင့်လိုအချိန်မပေးနိုင်ဘူး”
သက်ထက်ရဲ့ ထိုးနက်ချက်တွေက ခင်ဦးရဲ့ရင်ဝကို စောင့်ကန်သလို စူးနစ်သွားသည်။ ကွက်ခနဲပျက်သွားတဲ့ မျက်နှာကို ပြံးရောင်သန်းသောအပြုံးဖြင့်
”အေးပါဟာ… သက်ထက် ငါ ဒီနေ့မှောင်မှရောက်မယ် ထမင်းစာရင်စားနှင့်နော်၊ အာ့ဆို ငါသွားပီ”
ခင်ဦးက သက်ထက်ကို နူတ်ဆက်ပြီး သုပ်သုပ်ပျာပျာဖြင့်ထွက်ခွာသွားသည်။ ခင်ဦးရဲ့ ကျောပြင်ကိုကြည့်ရင်း သက်ထက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

                             (၂)

             ခင်ဦး အဆောင်ကို ရောက်လာသည်က သုံးလကျော်ကျော်မျှရှိသည်။ သက်ထက်ကတော့ ကျောင်းတက်ဖို့အတွက် အဆောင်ငှါးနေရခြင်းဖြစ်သည်။ သက်ထက်လဲ ခင်ဦးကိုခင်သလို ခင်ဦးလဲ သက်ထက်အပေါ် ညီမအရင်းတစ်ယောက်လို ချစ်သည်။ ဒါပေမဲ့တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိချေ။ ခင်ဦးရဲ့ အလုပ်ကကို ရေရေရာရာမပြောသည့်အတွက် သက်ထက်မမေးလိုတော့ပါ။ 
           သက်ထက် လက်မှာပတ်ထားသည့် နာရီ ကို တစ်ချက်ကြည့်လိုက်သည်။ အချိန်ကား ည ၁၁ခွဲပြီ။ ဒီအချိန်ထိ ခင်ဦး ပြန်မလာသေး၍ စိတ်ထဲ ပူပင်နေရပြန်သည်။ အဆောင်ရှေ့သို့ ကားမီးရောင်တစ်ခုကို သက်ထက် ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရသည်။ ဘုရားရေ ခင်ဦးပါလား။ ယောက်ျားတစ်ယောက်ဖြင့် ကားပေါ်ကထွက်လာကာ နှစ်ယောက်သား ယိုင်ထိုးနေသည်။ သက်ထက်အမြင်မှားသည်မဟုတ်ပါ။ စိုးရိမ်စိတ်ဖုံးလွှမ်းကား သက်ထက် အဆောင်တံခါးသော့ယူလျှက်ခင်ဦးနားသို့ ရောက်လာခဲ့သည်။
                ”တာ့…တာ့ ကိုကြီး”
                ”ကြွေရုပ်…ကိုကြီးသွားပီ”

အသက် ၅၀ခန့် ယောက်ျားတစ်ယောက်က ခင်ဦးကို နူတ်ဆက်သွားသည်။ ခင်ဦးက သက်ထက်နောက်ကနေရောက်လာသည်ကိုမသိပါ။ သက်ထက်နဲ့ထိပ်တိုက်တွေ့လာသည့်အခါ ခင်ဦး မျက်စိမျက်နှာပျက်သွားသည်။
”သက်ထက်… နင်မအိပ်သေးဘူးလား”
တစ်ကိုယ်လုံးယိုင်ထိုးပီး အရက်နံတစ်ထောင်းထောင်းဖြင့် အာလေးလျှာလေးဖြင့် မေးလိုက်သည်။
”ခင်ဦး …နင်လာခဲ့ အထဲရောက်မှ နင့်ကိုပြောမယ်”
သက်ထက်က ခင်ဦးကို အထဲသို့တွဲလာပြီး ကုတင်ပေါ်သို့ လှဲချလိုက်သည်။
”ခင်ဦး … ခုဏ လူကဘယ်သူလဲ နင်နဲ့ဘယ်လိုပတ်သတ်လဲ၊ ငါမေးနေတယ်လေ ခင်ဦး”
ှကျဉ်းမြောင်းသော အကြည့်တို့ဖြင့် သက်ထက်ကို ကြည့်လိုက်ရင်း
”သူ့နာမည်က ဦးမာန်၊ ငါတို့ရဲ့ဘော့စ်”
”နင်… ဘာလို့ အရက်သောက်ထားတလဲ”
”ဒီနေ့ငါတို့ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပေါ့၊ ဘော့စ်က ဝန်ထမ်းအားလုံးကိုပျော်ပွဲရွှင်လုပ်ပေးတာဟ”
”နင်… မိန်းကလေးမဟုတ်ဘူးလား၊ နင်ဒီလိုအရက်သောက်မှ ဝိုင်သောက်မှ ခေတ်မှီတယ်အောက်မေ့နေလား၊ ခင်ဦး …နင့်မှာအရှက်မရှိဘူးလား၊ နင် မိန်းမပျက်လား”
သက်ထက် စိတ်တိုတိုနဲ့ အော်လိုက်သည်။ သက်ထက်…နင်အော်ငေါက်နေမယ်ဆိုလဲ ငါစိတ်မဆိုးပါဘူး။ ငါ့ဘဝက နင်ထင်သလို အပျိုစင်တစ်ယောက်မဟုတ်သလို ငါ့ရဲ့အလုပ်က ပြည့်တန်ဆာလုပ်နေတာဆိုရင် နင်ငါ့ကိုရွံမုန်းမိမှာသေချာသည်။ နင်သိမှာ ငါအစိုးရိမ်ဆုံးပါသက်ထက်ရယ်…။ ငါအရာအားလုံးဖုံးကွယ်လိမ်ညာခဲ့တာ…။

                            (၃)
            ရဲသွေး အလုပ်ပြန်လာချိန်က အရင်ရက်ထက်နောက်ကျနေသည်။ လကုန်ရက်နီးလာသည်မို့လချုပ်စားရင်လုပ်နေသည့်အတွက်ကြောင့်ဖြစ်သည်။ မိုးကလဲအဆက်မပြတ်ရွာနေသည့်အတွက် ကားကိုအရှိန်ပြင်းစွာ မမောင်းတော့ပေ။ ကားမီရောင်ကျိုးတို့ကျဲတဲအောက်တွင် ဒယိမ်းဒယိုင် ဖြင့် တစ်ယောက်တည်း လမ်းလျှောက်နေသည်ကိုတွေ့လိုက်သည်။ ရဲသွေး ကားလေး အနားရောက်သည့်အခါ သူမ မိုးရေစက်လက်ဖြင့် အရုပ် ကြိုးပြတ်သွားသလိုလဲကျသွားသည်။ ရဲသွေးကားပေါ်မှအမြန်ဆင်းလိုက်ပြီး
               ”ဟိတ်…ကောင်မလေး ဟိတ် ခေါ်တာမကြားဘူးလား…”

သူမကို ရဲသွေးခေါ်ပေမဲ့ သူမဘက်မှတုန့်ပြန်ခြင်းမရှိဘဲ ငြိမ်သက်မေ့မျောနေသည်။ ရဲသွေးက သူမကိုပွေ့ချီပြီး ဆေးရုံသို့ခေါ်သွားသည်။ သတိမေ့မျောနေ၍ ရဲသွေးတစ်ညလုံးသူမဘေးနားတွင်ထိုင်စောင့်နေသည်။
သူမ သတိရလာသည်။
”ကျွန်မဘယ်ကိုရောက်နေတာလား၊ ပြီးတော့ရှင်ကဘယ်သူလဲ”
”ငါ့နာမည်က ရဲသွေး၊ မင်းညက ကားလမ်းမှာ မေ့မျောနေလို့ ငါဆေးရုံခေါ်လာတာ၊ ဆရာဝန်က ဘာမှမဖြစ်ဘူးတဲ့ သွေးအားနဲလို့မူးမေ့သွားတာတဲ့ မနက်ဖြန်ဆို ဆင်းလို့ရပီတဲ့၊ ဒါနဲ့ မင်းနာမည်ကဘယ်သူလဲ”
”ရှင်… ကျွန်မနာမည် ဟို…ဟို ကြွေရုပ်ပါ”
”မင်းမနက်စာ ဆေးသောက်ဖို့ရယ် စားဖို့ရယ် ငါစီစဉ်ထားခဲ့တယ် ငါရုံးချိန်နီးနေပီ ငါသွားလိုက်အုန်းမယ်၊ နေ့လည် ငါပြန်လာခဲ့မယ်”
ရဲသွေးထက်ွခွာသွားသည်။ နေ့လည်ပြန်လာတော့ ဆေးရုံမှာကြွေရုပ်မရှိတော့ချေ။ သူမရဲ့နေရပ်လိပ်စာကိုမမေးလိုက်ရပါ။

                            (၄)
         ၅လခန့် ကြာသောအခါ…

ရဲသွေးက ချစ်ရသော ချစ်သူ သက်ထက်ရဲ့မွေးနေ့ပွဲကို နှစ်ယောက်ကျင်းပပီးချိန်ကားလေးပေါ်မှာကြည်ကြည်နူးနူးဖြင့်ပြန်လာခဲ့သည်။ လမ်းဘေးကျကျ ဓာတ်တိုင် အောက် ပလက်ဖောင်းဘေးတွေ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်သိုက် စုရုံးနေကြသည်။ ဒီနေရာတွေမှာ ညဥ့်ငှက်ပေါသည်ကို ရဲသွေးသိသည်။ အမှတ်မထင်မြင်လိုက်ရတဲ့မြင်ကွင်း စကတ်ကို ပေါင်အရင်းထိဝတ်ထားသည့် သူမ။ ကြွေရုပ် ။
”သက်ထက်”
”ပြောလေ ကို”
”ဟိုမှာ ကို့အသိတစ်ယောက်ဲမြင်လိုက်လို့ ကားခဏ ရပ်လိုက်အုန်းမယ်”
ကားကို သူတို့ဘေးနားသို့ ချရပ်လိုက်သည်။ လူတစ်စုရဲ့မျက်ဝန်းတွေက ရဲသွေးဆီ မကြည်သော အကြည့်ဖြင့်
”မင်းကဘာလဲ… ဒီမယ် ငါဈေးညှိနေတာကွ၊ တစ်ခြားတစ်ယောက်ကိုသွားခေါ်”
”ကြွေရုပ်”
”ကျွန်မရှင့်ကိုမသိဘူး၊ ကျွန်မအလုပ်လုပ်နေတယ် မနှောက်ယှက်ပါနဲ့”
သက်ထက်က ကားပေါ်ကဆင်းလာခဲ့သည်။ သူမမျက်ဝန်းတွေပြာတက်သွားသလို မျက်ရည်တွေ ပေါက်ပေါက်ကြလာသည်။ မယုံနိုင်ဘူး။
”ခင်ဦး ”
”ဟင်… သက်ထက်”
ခင်ဦး သက်ထက်ကိုရင်မဆိုင်ရဲတော့ပါ။
”နင် လာခဲ့”
ခင်ဦး ရဲ့လက်ကို တင်းကျပ်ဆုပ်ကိုင်လိုက်ပီး ခေါ်လာခဲ့သည်။ အဆောင်ရောက်တော့
”နင်…ပြောစမ်း၊ နင့်မှာ လုပ်စရာရှားလား၊ ယောက်ျားတကာရဲ့ရင်ခွင်ထဲ မနှစ်မြို့ပဲ အိပ်ရတာ နင်သာယာနေတာလား၊ နင် ခွေးထက်မိုက်တယ်၊ နင့်ရဲ့အလုပ်က နင့်ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို မျက်နှာပြရဲတဲ့အလုပ်လား”
ခင်ဦးက ရိုက်ကြီးတငင်ငင်ဖြင့် ငိုကြွေး ရင်း
”ငါ… ဒီဘဝကိုရောက်ခဲ့တာ ငါ့အမေရဲ့နောက်လင် ငါ့ပထွေးမင်းလူ ငါ့ဘဝကိုခြွေချဖျက်ဆီးခဲ့တာ၊ အဲ့ဒီနောက် ငါအိမ်ကထွက်လာခဲ့ပြီး အလှပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တယ်၊ အဲဒါနဲ့ အလှပြင်လာတဲ့ဒေါ်ကြွယ်ဆိုတဲ့ မိန်းမကြီးက သက်သက်သာသာ အလုပ်လုပ်ပီးငွေရမယ့်အလုပ်ရှိတယ် လုပ်ချင်ရင်ဆက်သွယ်ဖို့ လိပ်စာပေးလိုက်တယ်၊
နောက်တော့ငါလဲ သူ့လိပ်စာအတိုင်းသွားရင်း ငါ ပြည့်တန်ဆာအလုပ်ဆိုတာသိခဲ့ရတာ၊ ငါလဲ ငါ့ဘဝကိုမထူးဇာတ်ခင်းပြီး ဒီအလုပ်ကို မနှစ်မြို့လဲလုပ်နေရတာ၊ ငါ့ဘဝက စုပ်လဲဆူးစားလဲရူးပေါ့ဟာ၊ ငါ့ပထွေး မင်းလူကို ငါသတ်ပစ်ချင်အောင်မုန်းတယ်၊ သူ့ကြောင့် ငါ့ဘဝရစရာ မရှိအောင်စုပ်ပျက်သွားခဲ့တာ၊ ငါတို့လို ပြည့်တန်ဆာဘဝတူတွေ သိပ်သနားဖို့ကောင်းတယ်၊ ကိုယ်စိတ်မပါလဲ ယောက်ျားပေါင်းစုံနဲ့အိပ်ရတယ်၊ ဒီဘဝကို အကြောင်းကြောင့်ရောက်ကြရတာ၊ ရဲလိုက်ဖမ်းတော့လဲ ပြေးရလွှားရ မလွယ်ပါဘူးဟာ”
သက်ထက်ရင်ထဲနင့်သွားသည်။ သူမကို ဒီဘဝမှကယ်တင်ချင်သည်။
”နင်က အမှားကိုဆက်တိုက်ကျူးလွန်နေတော့တာ၊ ခင်ဦး…ဘဝမှာ တစ်ခါလဲကျတိုင်း ပြန်မထနိုင်စရာအကြောင်းမရှိဘူး၊ ဒါဘဝရဲ့တိုက်ပွဲပဲ၊ ညဥ့်ငှက်ဘဝကို စွန့်ပယ်လိုက်ပါတော့၊ မိန်းမပျက်ဘဝမှာယစ်မူးမနေနဲ့၊ ခုချိန်ကစပြီး ဘဝသစ်တစ်ခုကိုတည်ဆောက်လိုက်ပါ ခင်ဦး …”
ခင်ဦး အငိုမျက်လုံးအပြုံးမျက်နှာ တစ်ခုဖြင့်
”သက်ထက်…ငါ လူ့ဘဝကို စိတ်ကုန်သွားပြီဟာ၊ ငါ ဘုရားရိပ်တရားရိပ်အောက်မှာ နေတော့မယ်၊ ငါသီလရှင်ဝတ်ပီး သာသနဘောင့်မှာပဲ တစ်သက်လုံးနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပီ သက်ထက်”
အခုဆို မိန်းမပျက်ဘဝကနေ ဝဋ်ကျွတ်သွားတဲ့ခင်းဦးကို သက်ထက်ကျေနပ်အပြုံးမျိုးဖြင့်ကြည့်လိုက်သည်။ အခုဆို ခင်ဦးဘဝဟာ ဘုရားရိပ်တရားရိပ်အောက်မှာ အေးချမ်းလျှက်…
*********************
ပြီးပါပြီ
ဆက်​လက်​ပြီး အား​ပေးဝန်​ဖန်​​ပေးပါအုန်း​နော်​..
ကြိုးစားပါအုန်းမည်​...

                               ရဲသွေးနီ………
H2
H3
H4
3 columns
2 columns
1 column
Join the conversation now