ကားမောင်းရင် သိထားသင့်သော အချက်များ

2018နောက်ပိ ကားမောင်းရင် သိထားသင့်သော အချက်များ ✅

ကားကိုလီဗာနင်းပြီး ဘီးလိမ့်ရင် ​ဂွေလှည့်​တတ်​ရင်​ ကားမောင်းတတ်တယ်လို့ထင်​တဲ့ ​ယာဉ်မောင်းလိုင်စင် ဘယ်ကနေဘယ်လိုရလာမှန်းမသိတဲ့ အမိုက်အမဲလေးတွေ​ကြောင့်​လဲ ရန်​ကုန်​က ကားပိုကျပ်​​နေတာဖြစ်ပါတယ်။

အဖိုးတန်​အကြံဥာဏ်​​တွေ​ပေးလိုက်​မယ်​။ ​နောက်​ခါ ကား​ပေါ်တက်​ရင်​ ဒါ​လေး​တွေမှတ်​ထား။ ဦး​နှောက်​မ​ကောင်းရင်​ ပရင့်​ထုတ်​ပြီးကားထဲကပ်​ထားလိုက်​ 😁
ထုတ်စရာပိုက်ဆံမရှိရင် Chat Box ကနေပြော။ အလှုခံပေးမယ်။ ရချင်မှလဲရမယ် 😏

✅ မီးစိမ်းတာနဲ့ ဟွန်းမတီးနဲ့။ ​ရှေ့မှာထွက်​မရလို့မထွက်​တာ။ ပြီးတော့ကျွန်တော်တို့မောင်းနေတာ Formula 1 မဟုတ်သလို Fast&Furious ထဲက Action ခန်းလဲမဟုတ်ဘူးဗျ 😂

✅ ​ကွေ့ရင်​ ဆစ်​ဂနယ်​ပြ။ ​နောက်​က​ကောင်​​ရော ​ရှေ့က​ကောင်​​ရောက အကြားအမြင်​မရဘူး။

✅ ယာဉ်နှစ်​ထပ်​အကြာကြီးရပ်​မထားနဲ့။ ​လမ်းကကျဉ်းရတဲ့အထဲ ​ခြစ်​မိတိုက်​မိရင်​ ​သေ​အောင်​​အော်​ဦးမယ်​။

✅ ​လမ်းထိပ်​အ​ကွေ့ကြီးမှာ ကားမရပ်​ထားနဲ့။ ဆိုက်​ကား​တောင်​ ကျယ်​ကျယ်​​ကွေ့မရဘူး။

✅ ဖရီး​​ကြောမှာ ပိတ်​ပြီးတည့်​သွားဖို့ တကိုယ်ကောင်းဆန်ပြီး ရပ်​မ​နေနဲ့။ ​နောက်​က မင်းတို့အ​ဖေ​တွေက အား​နေတာမဟုတ်​ဘူး။ ငါဆိုဟွန်းတီးပြီး မင်းရဲ့သာယာနေတဲ့စိတ်ကူးကို ဖျက်ဆီးမှာ 😂

✅ မီးပွိုင့်​မမီဘူးထင်​ရင်​ မထိန်းနိုင်မသိမ်းနိုင်ဖြစ်အောင်မမောင်း​နဲ့။ ပြီးရင်​ ဟိုဘက်​လမ်း​ရော ဒီဘက်​လမ်း​ရော သွားမရတာဘဲအဖတ်​တင်​လိမ့်​မယ်​။ အကောင်းဆုံးအကြံပေးချင်တာက မီးပွိုင့်နားရောက်ရင် အချိန်မရွေး ရပ်နိုင်အောင် မောင်းသင့်တယ်။ အခန့်မသင့်ရင် မီးအရောင်ရုတ်တရက်ပြောင်းပြီး Surprise လုပ်တတ်တယ်။ စည်းနားအထိ ရုတ်တရက်ရပ်နိုင်အောင် သတိအနေအထားနဲ့ ပုံမှန်မောင်းပြီး ဖြတ်ခါနီးကျမှ ဖြတ်သင့်မဖြတ်သင့် ဦးနှောက်လေးနည်းနည်းသုံးပြီးမှ လုပ်ပါ။

✅ လမ်း​ကြောထဲဝင်​လို့မရ​သေးဘူးဆိုတာသိရင်​ လမ်းလယ်​မှာ ကန့်​လန့်​ကြီး ခံပြီးရပ်​မ​နေနဲ့။ ကိုယ်​လည်းသွားရတာမဟုတ်​ဘဲ သူများ​တွေပါပိတ်​ကုန်​မယ်​။

✅ လမ်း​ပြောင်းပြန်​မ​မောင်းနဲ့။ သိသိကြီးနဲ့ဝင်လာရင် အရမ်းမုန်းဖို့ကောင်းပါတယ် 😏

✅ ဟိုဝင်​ဒီထွက်​မ​မောင်းနဲ့။ ဒီအ​ဖေက မ​မောင်းတတ်​လို့တန်းစီ​နေတာမဟုတ်​ဘူး။

✅ တည့်​​ကြောမှာ ​ကွေ့ဖို့၊ ကွေ့ကြောမှာ တည့်သွားဖို့ လုံးဝ လုံးဝ မလုပ်​နဲ့။ ဓာတ်​ပုံရိုက်​ပြီး Viber က​နေ ​အဲ့လို တစ်ဘို့ဘဲကြည့်တဲ့နွားတွေကို တိုင်​​ပေးမယ်​။

✅ လမ်းကိုသိသိကြီးနဲ့ အတင်းကြား ဖြတ်ဝင်​ပြီး ​အ​ဖေကိုမုန့်​ဖိုး​တောင်းသလို လမ်းမ​တောင်းနဲ့။ ကျွန်တော်တော့ မ​ပေးဘူးရယ်​။ ဖြတ်ကိုတိုက်ပြစ်ချင်တာ 🤫။ တစ်ကိုယ်ကောင်းဆန်တဲ့Taxi အနည်းစုဖြတ်ဝင်တတ်တဲ့သောက်ကျင့်ရှိပါတယ် 👊

✅ ပါကင်​ရပ်​ရင်​ ကန့်​လန့်​ကြီးမရပ်​ဘဲ ​နောက်​တစ်​​နေရာရ​အောင်​ချန်​ရပ်​​ပေး။ ရန်​ကုန်​မှာ ပါကင်​က ​သေရင်​မြှုပ်​ရမယ့်​ ​နေရာထက်​ရှာရပိုခက်​တယ်​။

✅ အဝိုင်းပတ်​ရင်​ အတွင်းကားကိုဦးစား​ပေးပတ်​။ ​​ပြောင်းပြန်​ပတ်​လို့ရရင်​​တောင်​ ပတ်​မယ့်​​ကောင်​​တွေ။

✅ တစ်​လမ်းလုံးကိုယ်​ပိုင်​သလို လမ်းလယ်​က​နေ ​မောင်းမ​နေနဲ့။ ကိုယ်​​နှေး​နှေး​မောင်းတတ်​ရင်​ ညာဘက်​ကပ်​​မောင်း။

✅ ညဘက်​ ကားမီးကို ရှိရှိသမျှ အကုန်​မထိုးထားနဲ့။ ​အလကား​နေရင်းမျက်​စိကန်း​တော့မယ်​။ လက်လေဖြတ်မနေဘဲ မီးအမြင့်စနဲ့ အနိမ့်စကို လိုသလိုသွက်သွက်လက်လက်ပြောင်းပြီး တဖက်ယာဉ်တွေကို ကိုယ်ချင်းစာပြီးမောင်းပေါ့ဗျာ

✅ သူများအိမ်ရှေ့ ခြံပေါက်ဝရှေ့မှာ မတတ်သာလို့ကားရပ်မယ်ဆိုရင် ဖုန်းနံပါတ်လေးထားခဲ့ပေါ့ဗျာ။ ထွက်မရဝင်မရဖြစ်အောင် ကိုးလိုးကန့်လန့်ရပ်သွားတဲ့အပြင် ဆက်သွယ်ဖို့လဲ ဖုန်းလေးတောင်မထားနိုင်တဲ့ခင်ဗျားကို အိမ်ရှင်တွေက မေတ္တာပို့ပေးနေတာခင်ဗျားကြီးသိသင့်ပါတယ်။ ကားတောင်စီးနေတာ ဖုန်းတလုံး 1500 လောက်တော့ခင်ဗျားလဲတတ်နိုင်ပါတယ်။ မတတ်နိုင်ရင် အလှုခံပေးမယ် 🤒

✅ Taxi များ လမ်းကျပ်တဲ့နေရာမှာ စမန်မထကြပါနဲ့။ ကားပိတ်လို့ပါ။ ဥပမာပြောရင် မြန်မာပလာဇာလိုနေရာတွေမှာ အဲ့လိုစမန်ထနေတဲ့Taxi တွေကြောင့်ပိတ်နေတာများပါတယ်။

✅ ခရီးသည်အတင်အချလုပ်ရင် လမ်းဘေးကပ်ပြီး ယာဉ်ကြောမပိတ်အောင် လူလိုသိပြီးကားရပ်ပါ။ ခင်ဗျားမောင်းနေတာ နွားလှည်းမဟုတ်တဲ့ မော်တော်ကားပါ။ လမ်းကလည်းခင်ဗျားတို့ ဘကြီးပိုင်တဲ့လမ်းမဟုတ်ပါ 😏

ခေါင်းထဲ​ပေါ်မှ ကျန်​တာထပ်​ဖြည့်​မည်​။

Credit: Thurein Hlaing Win + Admin 😁
Photo Credit: why kei.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now