အပြုံးနဲ့ သာစွန့် လွှတ်လိုက်ပါ _____________________________

အပြုံးနဲ့ သာစွန့် လွှတ်လိုက်ပါ


စွန့် လွှတ်ဖို့ အချိန်တန်ရင်
စွန့် လွှတ်လိုက်ဖို့  မနှောင့်နှေးပါနဲ့ 
တစ်ယောက်အပေါ် တစ်ယောက်
နားလည်မှုတွေ မထားတော့ရင်
ကိုယ့်အတွက်လည်း
ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို သူ့ ဖက်ကလည်း
ကိုယ့်အပေါ်ပိုပြီး စိတ်ကုန်သွားပါလိမ့်မယ် ။

ရေစက်ပါလို့  တွေ့ ဆုံခွင့်ရခဲ့ပြီးပြီ
ရေစက်ကုန်တော့လည်း
ခွဲခွာရမှာ နိယာမမို့  လမ်းခွဲချိန်မှာ
ခံနိုင်ရည်ရှိအောင်ပဲ
ကြိုးစားထားဖို့  လိုအပ်ပါတယ် ။

လူတိုင်းဟာ ကိုယ်စိတ်နဲ့ ကိုယ် ၊
သူ့ စိတ်နဲ့  သူ့ အမြင် ရှင်သန်နေကြတာလေ
သူဟာကိုယ်မှ မဟုတ်တာ
ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တာလည်း သဘာဝတရား တစ်ခုပါ ။

မိသားစုကြားမှာဖြစ်စေ ၊
သူငယ်ချင်းမိတ်ဆွေတွေကြားမှာဖြစ်စေ ၊
ချစ်သူတွေကြားမှာဖြစ်စေ ပွင့်လင်းမှုဟာ
အားဆေးတစ်ခွက် လိုပါဘဲ ။

တစ်ယောက်အပေါ် တစ်ယောက်
မရိုးသားရင် ပွင့်လင်းမှုမရှိခဲ့ရင်
အောင့်သက်သက်ဆက်ဆံရေးဟာ
ပြဿနာတွေထပ်ခါထပ်ခါ ဖန်တီးနေသလို မကြာခဏ အထင်မြင်လွဲမှုတွေနဲ့ အတူ ကျေနပ်စရာကောင်းတဲ့
ဆက်ဆံရေး ဘယ်တော့မှ မရနိုင်တော့ပါဘူး ။

ဒီလို အမြင်မကြည်တဲ့ ဆက်ဆံရေးနဲ့ 
ဘယ်လိုရှေ့ ဆက်ကြမှာလည်း ဆိုတာ
အဓိကတွေးစရာဖြစ်ပါတယ် ။

ကိုယ်တွေးရမှာက -

သူ ငါ့အပေါ် နောက်ထပ်
နောက်ထပ် လိမ်ညာနေအုန်းမှာဘဲလား …

သူဆက်လိမ်ညာနေရင်ရော
ငါ ခံနိုင်ရည်ရှိပါ့မလား …

သူနောက်ထပ် မပွင့်လင်းရင်
ငါ သည်းခံနိုင်အုန်းမှာလား …

သူကရော ငါသည်းမခံနိုင်လို့ 
ပြောမိရင် ဘယ်လို တုန့် ပြန်နိုင်သလည်း …

သူ့ တုန်ပြန်မှုတွေကို
ငါ့အနေနဲ့  ခံနိုင်ရည် ရှိပါ့မလား …
အစရှိတဲ့ အပေါ်ယံ အခက်ခဲတွေကို
အဓိက တွေးကြည့်ပါ …

လူတိုင်း လူတိုင်းဟာ ကိုယ်ချစ်တဲ့သူရဲ့ ကိုယ်တန်ဖိုးထားမြတ်နိုးတဲ့ သူတွေရဲ့
ဥပက္ခာဒဏ်ကို ခံနိုင်ရည် မရှိကြပါဘူး

ဒါကြောင့်
တဖက်လူရဲ့ ဥပက္ခာပြုမှုတွေမရောက်လာခင်
လမ်းခွဲနိုင်ဖို့  ခံနိုင်ရည်စိတ် မွေးမြူထားပါ ။

အမုန်းတရားတွေရောက်မလာခင်
ကိုယ့်ဖက်ကစွန့် လွှတ်နိုင်အောင် ကြိုးစားပါ ။

ပြဿနာပေါင်းစုံ သယ်မလာခင် ကင်းနိုင်သမျှ ကင်းအောင်နေတတ်ဖို့  အားယူထားပါ ။

လောကကြီးမှာ ကိုယ်ချစ်တဲ့
တန်ဖိုးထားတဲ့သူတွေကို
လွယ်လွယ်နဲ့  ဘယ်သူမှ မစွန့် လွှတ်နိုင်သလို
အမုန်းဒဏ်လည်း မခံနိုင်ကြပါဘူး ။

ဒါပေမဲ့ -
စွန့် လွှတ်သင့်ပြီလို့  ကိုယ့်ဖက်က ယူဆလိုက်ရင် ကိုယ့်စိတ်တွေ
မနာကျင်သေးခင် စွန့် လွှတ်လိုက်ပါ ။

ရှေ့ ဆက်ဖို့  မဖြစ်နိုင်ဘူးလို့ 
ခံယူလိုက်ရင် ကိုယ့်စိတ်တွေ
ဝန်ထုတ်ဝန်ပိုးမဖြစ်ခင် စွန့် လွှတ်လိုက်ပါ ။

နေမြင့်လေ အရူးရင့်လေ
ဆိုတဲ့ စကားပုံလိုပါဘဲ
တဖက်လူရဲ့ မရိုးသားမှုတွေကို သိသိရက်နဲ့  မစွန့် လွှတ်နိုင်ရင် ရင်ထဲက သောကတွေဟာ ဖွဲမီးလိုပါဘဲ တငွေ့ ငွေ့ နဲ့  လောင်မြိုက်ရင်း
ဒေါသတွေက အမှားဆီကို
တွန်းပို့ သွားပါလိမ့်မယ် ။

လေးလံနေတဲ့အရာကို
လွှတ်ချပစ်ဖို့ လည်း မတွေဝေပါနဲ့  …
ပူလောင်နေတဲ့အရာကိုလည်း
လွှင့်ပစ်လိုက်ဖို့  မနှောင့်နှေးပါနဲ့ …
တင်းကျပ်နေတဲ့အရာကိုလည်း
ထုတ်ပစ်လိုက်ဖို့  မကြောက်ပါနဲ့ …

ဒဏ်ရာဆိုတာ မရင်းခင်သာ
ကုသဖို့ လွယ်တာမို့ 
အချိန်မှီကုသဖို့  ကြိုးစားခြင်းသာ
အမှန်ကန်ဆုံးဖြစ်ပါတယ် ။

ပွင့်လင်းမှုမရှိ ၊ ရိုးသားမှုမရှိတဲ့သူတွေဟာ ကိုယ့်ဘဝအတွက်အရာမရောက်တဲ့
လူတွေမို့  အမုန်းနဲ့  လမ်းခွဲခြင်း
မဟုတ်ပဲ အပြုံးလေးနဲ့  စွန့် လွှတ်ပစ်လိုက်ပါ ။

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center