"... မတူညီသောလူ့ဘဝများ ..." ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

image
.

အမေခွံ့ကျွေးတာကို မစားချင်လို့ အော်ဟစ် ငြင်းဆန် နေတဲ့
ဝဝကစ်ကစ် ကလေးလေးကို ...

စားသောက်ဆိုင် အပြင်မှာ တောင်းရမ်း နေတဲ့ အမျိုးသမီး
ရင်ခွင်ထဲက ပိန်ချုံးချုံး ကလေးငယ်က မှန်ပြတင်းတံခါး
ပေါက်ကတဆင့် ငေးကြည့်နေတယ်။

.

ကျောင်းပြေးပြီး ရုပ်ရှင် လာကြည့်ကြတဲ့ ကျောင်းဝတ်စုံနဲ့ ကောင်လေး ကောင်မလေးတွေကို ...

ရုပ်ရှင် ရုံရှေ့က လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုး လုပ်နေတဲ့ ကောင်လေးက မုန့်ပန်းကန်တွေချရင်း ငေးကြည့်နေတယ်။

.

ကားအသစ်မဝယ်ပေးလို့ ဒေါသတကြီး မောင်းလာတဲ့
ကိုယ်ပိုင်ကားပေါ်က လူငယ်လေး တစ်ယောက်ကို ...

လူတွေကြပ် ပြည့်သိပ်နေတဲ့ ဘတ်(စ်)ကားပေါ်မှာ ချိုင့်ဆွဲမတ်တပ် ရပ် နေရတဲ့ လူငယ်တစ်ယောက်က ငေးကြည့်နေတယ်။

.

ဖိနပ် အသစ်မရလို့ အမေကိုစိတ်ကောက်နေတဲ့
ကောင်မလေးကို ...

ကုန်တိုက်မှာ ကုန်ထမ်းနေရတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့ အသားမာ တက်နေတဲ့ ခြေထောက်တွေကို ကိုင်ကြည့်ရင်း
ငေးကြည့်နေတယ်။

.

အိမ်ကြီးအိမ်ကောင်းမှာမနေရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မိသားစုတစ်စုကို ....

ကျူးကျော်အိမ်အဖျက်ခံရလို့ လမ်းဘေးမှာတဲထိုးနေကြရတဲ့
မိသားစုတစ်စုက ငေးကြည့်နေတယ်။

.

သင်္ကြန် မဏ္ဍပ်ပေါ်မှာခုန်ပေါက် ပျော်မြူးနေကြတဲ့လူငယ်လေးတွေကို ...

မဏ္ဍပ် အောက်မှာမြွေရေခွံအိတ် ထမ်းရင်းဘီယာခွံ၊ ပုလင်းခွံတွေ
လိုက်တောင်းစုနေတဲ့ ကလေး ငယ်လေးတွေက ငေးကြည့်နေတယ်။

.

ထမင်းမငတ်ဖူးတဲ့သူဟာ
ဆာလောင်ခြင်းဝေဒနာကို ကိုယ်ချင်းမစာနိူင်ဘူးတဲ့ ...။

လူတွေဟာ
ကိုယ်ရနေတဲ့အရာတွေအပေါ် တန်ဖိုးမထားတတ်ကြဘူး။

ကိုယ့်ကိုကိုယ် ကံအဆိုးဆုံးလို့ ထင်နေကြရင်း ပတ်ဝန်းကျင်က
အကူအညီ လိုအပ်နေတဲ့မျက် ဝန်းလေးတွေကိုပါမြင်နိူင်စွမ်း
ပျောက်ဆုံးကုန်ကြတယ်....

H2
H3
H4
3 columns
2 columns
1 column
Join the conversation now