စိတ်ချမ်းသာပါစေကွယ်။

image

ကျေနပ်အားရသွားတဲ့ချစ်စိတ်ဟာ ပျော်ရွှင်မှုထက် မပျော်ရွှင်မှုဆီကိုသာ ပိုပြီးဆိုက်ရောက်သွားတတ်တယ်။
အဲဒါ မမပြောတာ မဟုတ်ပါဘူးကွယ် ဟိုမှုန်တေတေလူကြီး ရှိုပင်ဟောင်ဝါ ဆိုတဲ့လူကြီး ပြောတာပါ။
အဲလို ဆိုတော့ ကျေနပ်အားရသွားခြင်း မဖြစ်လိုက်ရတဲ့ ညီမရဲ့ချစ်စိတ်က ဘယ်လိုများနေမလဲ လို့ တွေးမိလို့ပါ။

သူ့နဲ့ပတ်သက်ပြီး ညီမခံစားရတာလေးက လှတယ်ကွယ် .. 

ဲ "" ... စိတ်အနှောင့်အယှက် မပေးချင်တော့ပါဘူး။ သူ့ဘဝလေး အေးချမ်းပီး အစစအရာရာ
အဆင်ပြေနေရင် ညီမနေပျော်ပါတယ်။ အမှန်တော့ ညီမဘက်က မြတ်မြတ်နိုးနိုး ချစ်နေတဲ့သူပါ ... "" လို့ ဆိုတယ်မဟုတ်လား။

မပေါင်းဖက်လိုက်ရတဲ့အချစ်ဟာ ချစ်ရသူကိုယ်တိုင်အတွက်ရော ... ကြားလိုက်ရတဲ့တခြားသူတွေအတွက်ပါ တသသနဲ့ ရင်တွေလှိုက်ဖိုလိုက်ရတာကွယ် ... ။ 
 ဘယ်လောက်ကောင်းလိုက်သလဲ ။ ဒီလိုအချစ်မျိုးကြုံလိုက်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ လို့ ...။ 
မမက တကယ်ပြောတာပါ။
စဉ်းစားကြည့်လေ ကမ္ဘာကျော် အချစ်ဇာတ်လမ်းတွေ ရုပ်ရှင်တွေ အားလုံးကို ကြည့်  ..သူတို့ ဘယ်မှာပေါင်းဖက်ရလို့လဲ ..။ ရင်ထဲက အချစ်တွေသိမ်းဆည်းပြီး ချစ်သူကို  အဝေးကနေကြည့်ရင်း ဇာတ်လမ်းကပြီးသွားရတာ။ ကြည့်ပြီးရင် ရင်ထဲကိုနင့်လို့ ။ ကောင်းလိုက်တဲ့အချစ် ကောင်းလိုက်တဲ့ဇာတ်လမ်း ၊ တသသနဲ့ ပြောလို့မဆုံးတော့ဘူး .. နော် ။

  ချစ်သူနှစ်ယောက် ညားကြလေသတည်း ဆိုပြီး ဇာတ်သိမ်းသွားရင်တော့ အဲဒါမှတ်သာထားပေတော့ .. ဇာတ်လမ်းက ခုမှ စတာ .. နောက်ကျရင်  ရန်ဖြစ်ကြပြီ မုန်းကြပြီ ကြည့်မရတော့ဘူး နောက်ဆုံး အခန့်မသင့်ရင် ကွဲကြလေသတည်း ဖြစ်ကြအုံးမှာ။
 မမပြောတာ မယုံပါနဲ့ကွယ်။ လက်တွေ့သာ လေ့လာကြည့်ပါ။ 
 အဲဒီ ရှိုပင်ဟောင်ဝါ ဆိုတဲ့ ဖီလိုဆော်ဖာကြီးကို မမ ချစ်လည်းချစ် မုန်းလည်းမုန်းတာ ဒါ့ကြောင့်ကွဲ့။ သူက အမှန်တွေ သိပ်ပြောတာပဲ။ မှန်လွန်းတော့ ဘယ်လိုလုပ် ရိုမန်းတစ် ရတော့မလဲ လို့ နော်။
 ရီစရာ ပြောတာပါနော် .. ညီမလေး ငိုနေမလားလို့ ရီအောင်လုပ်ချင်တာပါ။ 

image

   မချစ်သင့်တဲ့သူဆိုတာ ဘယ်လိုလူလဲလို့ မေးကြည့်တော့ ညီမလေးလူက လူဝတ်နဲ့ ဘုန်းကြီးတစ်ပိုင်း ဖြစ်နေတဲ့သူကိုး။
  ရှိပါစေတော့လေ .. အချစ်ဟာ လုပ်ယူလို့မရဘူးလို့ ဆိုခဲ့တာကိုး။ ဒီတော့ ကိုယ်ချစ်တာ ချစ်တာပဲပေါ့။ ကိုယ်ချစ်တာရော .. ချစ်တဲ့အတိုင်းပဲ ဆက်ရှိနေမှာလား။ 
  ရှိနေမှာပါ ဆိုရင်တောင် ကိုယ်ခံစားရတာကို ပုံကြီးမချဲ့ပါနဲ့ကွယ်။ အချစ်ဟာ အနည်ထိုင်တတ်ပါတယ်။  အသာလေး ထားလိုက်ပါ။
  ဖျော်ရည်ဟာ လှုပ်မပေးရင် အနည်ထိုင်မှာ ဖြစ်သလို ခံစားချက်တွေဟာလည်း လှုပ်မပေးရင် အနည်ထိုင်ပါတယ်။ 
   ဒါဟာ ကိုယ်က တမင် ဖြစ်ချင်လို့ ဖြစ်လိုက်တာမျိုး မဟုတ်ပါဘူး ... စိတ်ရဲ့သဘာဝပါ။

  အဲဒီတော့ မိန်းမသားဘဝမှာ တစ်ဖက်သတ်အချစ်ကို တနင့်တပိုး ခံစားရတာ ဆန်းသလား။ မဆန်းဘူးနော်။ ဒါမျိုးခံစားရတဲ့ ယောက်ျားသားတွေရော မရှိနိုင်ဘူးလား။ ရှိမှာပဲနော်။

အဲဒီတော့ မမက တစ်ခု အကြံပေးချင်တယ် ...
ကိုယ်ခံစားရတဲ့အရာတိုင်း ဘယ်တော့မှ အလဟဿ ဖြစ်မသွားစေနဲ့။ ခံစားမှုတွေရဲ့သဘာဝကို နားလည်အောင်လုပ်ပါ။ ရှင်လင်းအောင် လုပ်ပါ။ နားလည်အောင် ရှင်းလင်းအောင် လုပ်တဲ့ ကိုယ့် Experience ကို မှတ်သားထားပါ။ 
 ခံစားမှုတွေကို ကိုယ်ဘယ်ပုံဘယ်နည်း ကိုင်တွယ်ခဲ့တယ် ထိန်းသိမ်းတယ် ဆိုတာ အရေးကြီးတဲ့ အတွေ့အကြုံပါ။ တန်ဖိုးရှိတယ်။ 
  ကိုယ်နောကျေခဲ့တဲ့ အတွေ့အကြုံဖြစ်တဲ့အတွက် ကိုယ်သိတယ် ဘယ်လိုနေတယ် ဘယ်လိုခံစားရတယ် ဆိုတာ။ ဒီတော့ ဒီလိုကြုံနေရတဲ့ တခြားလူကိုတွေ့ရင် ကူညီနိုင်လိမ့်မယ်။ 
 တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်လိုလူတစ်ယောက်ယောက် တွေ့မှာပါနော်။ တွေ့ခဲ့ရင် သူ့ကိုယ်သူ နားလည်အောင် အကူအညီပေးပါ။ တတ်နိုင်သလောက်ပေါ့။ ခံစားမှုတွေဟာ တူတာများပါတယ်။ သူ့မှာဖြစ်တာနဲ့ ကိုယ့်မှာဖြစ်တာ အတူတူပဲ။ 

   ပြန်ပြောရရင် ကိုယ်ကြုံတွေ့လိုက်ရတဲ့ အခက်အခဲ ဒုက္ခ လောကဓံ အားလုံးဟာ အလကားဖြစ်မသွားစေရဘူး နော်။ 
  ဒီလို ခံစားလိုက်ရတဲ့အတွက်ကြောင် ကိုယ်ဟာ ပိုပြီး နားလည်တတ်တဲ့သူ ဖြစ်လာတယ် ပိုကူညီပေးနိုင်တဲ့သူ ဖြစ်လာတယ်။
 ကိုယ်ဟာ ဒီလိုလူတစ်ယောက် ဖြစ်ပြီဆိုရင် I want to be strong. .. လို့ ပြောနေစရာတောင် မလိုဘူး။ အလိုလို strong ဖြစ်နေတာ။ 
   strong ဖြစ်ဖို့ မတောင့်တနဲ့။  stong ဖြစ်ဖို့က အရင်ဆုံး တောင့်တနေစရာ မလိုဘူး။ ခံစားမှုတွေရဲ့ သဘာဝကို သေသေချာချာနားလည်သွားဖို့ နက်နက်နဲနဲမြင်လိုက်ဖို့ ပိုင်းပိုင်းခြားခြား သဘောပေါက်ဖို့ သာ အရင်ကြိုးစား နော်။ Strong mind က မတောင့်တပဲ ရောက်လာလိမ့်မယ်။ 

စိတ်ချမ်းသာပါစေကွယ်။

photo : google

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center