တန်ဖိုးရှိတဲ့ boys and girls

တန်ဖိုးရှိတဲ့ မိန်းကလေးဆိုတာ

စာအုပ်ကောင်းတစ်အုပ်လိုပါပဲ

ဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ

ပြန်ဖတ်တဲ့ အခါတိုင်း မရိုးနိုင်အောင် အရသာရှိတယ်လေ။
တန်ဖိုးကြီးတဲ့ မိန်းကလေးဆိုတာ

"စိန်"လိုပါပဲ ဘယ်ခေတ်ပဲရောက်ရောက်

ဘယ်နေရာမှာပဲ ဖြစ်ဖြစ်

လူသားတိုင်းတန်ဖိုးထားဝတ်ဆင်ခံရတဲ့ တန်ဖိုးကြီးအဆင်တန်ဆာ

တစ်ခုပဲလေ။
image
တန်ဖိုးမြင့်မားလွန်းပြီး သိက္ခာပြည့်စုံတဲ့ မိန်းမတိုင်းသည်

တွေ့ရခဲလွန်းသော ပုလဲ လိုပါပဲ

ရှားပါးလေလေ တန်ဖိုးက မှန်းဆလို့မရလေလေဖြစ်ပြီး

လူသားတိုင်းက လိုချင်မက်မောပြီး

စိတ်ကူးယဉ်ကြတာပဲလေ။

တန်ဖိုးရှိတဲ့ ယောက်ျားဆိုတာ

ရှောက်သီးသုပ် လိုပါပဲ

ဘယ်လောက်ချဉ်ချဉ်

မြင်သူ မိန်းကလေးတော်တော်များများက

သွားရည်ယိုမိမှာတော့ အမှန်ပဲလေ။
တန်ဖိုးရှိတဲ့ ယောက်ျားဆိုတာ

မြန်မာရိုးရာ ဝတ်စုံလိုပါပဲ

ခေတ်တွေဘယ်လောက် ပြောင်းပြောင်း

အချိန်မရွေးဝတ်ရင် အချိန်မရွေးကြည့်ကောင်းနေတုန်းပဲလေ။
image
အကျင့်သိက္ခာပြည့်စုံတဲ့ ယောက်ျားတိုင်းသည်

ရှားပါးသလို တန်ဖိုးကလည်း တိုင်းတာလို့မရနိုင်သော

ပြည်တန်ပတ္တမြားလိုပါပဲ

လူသားတိုင်းက မက်မောတန်ဖိုးထားခြင်းခံရတာပဲလေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center