သည်းခံခြင်းဆိုတာ
အများအားဖြင့် ကောင်းတဲ့အမူအကျင့်တစ်ခုပါ
ဒါပေမယ့် ဖြစ်စဉ်နဲ့ ခံစားမှုတော့ ကွာခြားနေတတ်ပါ
တယ်။
လူတစ်ချို့်က သည်းခံစိတ်ရှည်တတ်သူကို
ချစ်ခင်သဘောကျကြမှာ အမှန်ပါပဲ။
ဘာလို့လဲဆိုတော့ ကိုယ်လုပ်ချင်တိုင်း
အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရနေတဲ့သူကို
ဘယ်သူကမှတော့ မုန်းကြမှာ မဟုတ်ပါဘူး။
ဒါပေမယ့်
သူပျော်ရင် ၊ သူစိတ်ချမ်းသာရင်ပြီးရောဆိုတဲ့စိတ်နဲ့
ကိုယ်ဘာဖြစ်ဖြစ် သည်းခံနေတာက
ကိုယ်တန်ဖိုးထားရသူကို အကြွေးတင်အောင်
လုပ်မိနေသလို ဖြစ်နေတတ်တယ်။
ကိုယ်က သည်းခံနေတာများလာတော့
တစ်ဖက်က ကိုယ့်နှလုံးသားကို ဘာမှမဖြစ်ဘူးထင်ပြီး
ပို၍ပို၍ နိုင့်ထက်စီးနင်းလုပ်သလိုဖြစ်လာတတ်တယ်
ကိုယ်က ဝဋ်ကြွေးတစ်ခုကြောင့်ပဲဖြစ်ဖြစ်
ပေးဆပ်ချင်လွန်းလို့ပဲ ဖြစ်ဖြစ် သည်းခံနေပေမယ့် တစ်ဖက်က
ရလေလိုလေအိုတစ္ဆေ ဖြစ်လာပြီး
အကြွေးတွေ ယူမိလာပါလေရော။
ဥပမာ.....မိဘက သားသမီးတွေကိုချစ်လွန်းလို့
အလိုလိုက်တာများလာတော့ သားသမီးတွေအနေနဲ့
နောက်ဆုံး ကိုယ်လိုချင်တာမရတဲ့အခါ
မိဘကို ကိုယ်ထိလက်ရောက် ပြုမူလာတဲ့အထိ
သံသရာနစ်အောင် မိဘက မချစ်တတ်သလို
ဖြစ်လာတတ်ပါတယ်။
ကမ္ဘာကြီး ပျက်စီးဆုတ်ယုတ်လာတဲ့အကြောင်းအရင်းက ပညာရှိတွေ ပါးစပ်ပိတ်ခဲ့လို့လို့ ကမ္ဘာကျော်
ပုဂ္ဂိုလ်တစ်ယောက်က ရင်ဖွင့်ခဲ့ဖူးပါတယ်။
ကိုယ်တန်ဖိုးထားရသူတွေနဲ့ ကိုယ်နဲ့ပတ်သက်ခဲ့သူတွေကို အကြွေးတွေ ထပ်မယူစေချင်ရင် သည်းခံသင့်တာကို
သည်းခံပြီး အားမနာသင့်တဲ့အရာကို
အမှန်မြင်အောင် ထောက်ပြသင့်ပါတယ်။
လူတစ်ချို့်က အရိပ်အမြွက် ပြောရုံဖြင့် နားလည်နိုင်ပေမယ့် လူတစ်ချို့ကတော့ အဆိပ်ရှိတဲ့မြွေတစ်ကောင်မှန်း
သိအောင်တော့ အမောက်ကလေးထောင်ပြမှရမှာပါ။
ဘယ်အရာကိုမဆို ပညာသားပါပါ
သူ့ဘက်ကိုယ့်ဘက် မျှတအောင် သည်းခံတတ်မှ
တရားမျှတခြင်း ဆိုတာ ဖြစ်လာမှာပါ
သူ့ဘက်တော့ ကောင်းသွားပြီး ကိုယ့်ဘက်မှာ
စုတ်ပြတ်သတ်အောင် ခံနေရရင်
မျှတပြီး မှန်ကန်တဲ့ သည်းခံခြင်းမဟုတ်ပြန်ဘူး။
သည်းခံပါ
သူကောင်းပြီး ကိုယ်အရမ်းကြီးထိခိုက်မသွားရင်....
သည်းခံပါ
သူ လမ်းကြောင်းမှန်ပြီး ကိုယ့်ဘဝလမ်းကြောင်းတွေ
မတိမ်းစောင်းသွားခဲ့ရင်......
သည်းခံပါ
သူ့ဂုဏ်သိက္ခာကို ကာကွယ်ရာရောက်ပြီး
ကိုယ့်ဂုဏ်သိက္ခာကို မထိခိုက်နိုင်ဘူးဆိုရင်.....
သည်းခံပါ
သူ့ကို ကိုယ်ဘယ်လိုမှ ပြောင်းလဲလို့ မရတော့ဘူးဆိုရင်......
နောက်ဆုံး သည်းခံလို့ မရတော့ဘဲ
ပြောင်းလဲလို့လည်း မဖြစ်နိုင်တော့ဘူးဆိုရင်
ဥပေက္ခာပြုနိုင်အောင် ကြိုးစားတာက
အနည်းဆုံးတော့ ချစ်စကိုရှည်စေပြီး
မုန်းစကိုတိုစေကာ နာကျင်မှုတွေ လျော့နည်းစေပါလိမ့်မယ်။