ဘယ်လူသားမဆို ကိုယ်မလုပ်မိတဲ့
လုပ်ရပ်တစ်ခုကို လုပ်တယ်လို့ စွပ်စွဲခံခဲ့ရရင်
ပြဿ နာအတိမ်အနက်အပေါ်မူတည်ပြီး
စိတ်ထိခိုက်မှု အနည်းနဲ့အများတော့ ရှိလာမှာပဲ
လူတစ်ချို့်က ရိုးသားမှုဆိုတဲ့အရာကို
ကစားစရာအရုပ်တစ်ခုလို လုပ်ချင်တိုင်းလုပ်နေတတ်
ကြတယ်
မစားရတဲ့ အမဲ သဲနဲ့ပက်သလို
မယှဉ်နိုင်ပြန်ရင်လည်း အပုပ်ချတတ်ကြပြန်တယ်
ကိုယ့်ဘက်က အကောင်းဆုံး နေထိုင်ပေးဆပ်နေပါလျက်နဲ့ တစ်ဖက်က ကိုယ့်ရိုးသားမှုကို
ရက်ရက်စက်စက် ချနင်းနေပြီဆိုရင်....
၁)သူ့အမှားကို ကိုယ့်အမှားမဖြစ်စေပါနဲ့
၂)ကိုယ်ထားခဲ့တဲ့ စေတနာတွေ စစ်မှန်ကြောင်း
လက်တွေ့ပြသပါ
၃)မတတ်သာလို့ သူနဲ့မကင်းနိုင်သေးဘူးဆိုရင်
ဒေါသနဲ့ တုန့်ပြန်မယ့်အစား ပညာသားပါပါ
သူ့အမှားတွေကို တစ်ခုစီ ဖော်ထုတ်ပြသပါ
၎)အပြီးတိုင် ထိုသူနဲ့ လမ်းခွဲမယ်ဆိုရင်
ကိုယ့်တန်ဖိုး ၊ ကိုယ့်ဂုဏ်သိက္ခာကို
အချိန်ကာလတစ်ခုရင်းပြီး ပြသပါ
၅)ဖြစ်နိုင်မယ်ဆိုရင် အမုန်းဖြင့် ကျောခိုင်းတာထက်
အပြုံးဖြင့် လက်ပြနုတ်ဆက်ပေးပါ
ရိုးသားမှု ဆိုတဲ့အရာက အရမ်းတန်ဖိုးကြီးတဲ့
ဆုလာဘ်ပါ
အဲ့ဒီဆုလာဘ်ကြီးကို လူတိုင်းလိုလိုစီက
ပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့
ဘာလို့လဲဆိုတော့ ရိုးသားမှု ကို လူတိုင်းကြိုက်ပေမယ့်
ပြန်ပေးဖို့တော့ တွန့်တိုနေတတ်ကြလို့ပါ
သူငယ်ချင်း.....
မင်းရဲ့ ရိုးသားမှုဂုဏ်ကို ကာကွယ်စောင့်ရှောက်
ပေးနိုင်တာက မင်းကိုယ်တိုင် နဲ့
လောကပါလတရားစီရင်ခန်းပဲရှိတယ်
ဒါ့ကြောင့် "ရိုးသားပါ မ အစေနဲ့
ယုံကြည်ပါ မကန်းစေနဲ့
စေတနာထားပါ အစော်ကားခံရလောက်အောင်
ကိုယ့်တန်ဖိုးကို ဈေးမပေါစေနဲ့နော်”