Return back of btc to the top

ကောင်းကင်​က ကြယ်​​ပွင့်​​လေး​တွေကို

မင်း အတွက်​ ငါ ခူးဆွတ်​မ​ပေးနိုင်​​ပေမယ့်

မင်းဘဝအတွက်​ လိုအပ်​ချက်​​တွေကို

ငါ တတ်​နိုင်​သ​လောက်​ ဖြည့်​ဆည်း​ပေးနိုင်​တယ်



"လ ”ကမ္ဘာ​ပေါ်ကို မင်းကို ​ရောက်​​အောင်

မပို့နိုင်​​သေး​ပေမယ့်​ မင်း ရဲ့ကမ္ဘာကို​တော့

အေးမြ​နွေး​ထွေးတဲ့ အလင်း​ရောင်​ခြည်​​တွေ

ငါ ဖြန့်​ကျက်​ ​ပေးနိုင်​တယ်
image

ပင်​လယ်​ သမုဒ္ဒရာကြီးကို မင်း အတွက်

ရေကူးကန်​ မလုပ်​​ဆောင်​​ပေးနိုင်​​ပေမယ့်

ငါ့ ​မေတ္တာ​ရေနဲ့ မင်း ဘဝကို

အေးမြ​စေပါလိမ့်​မယ်



မိုး​မျှော်​တိုက်​ကြီး​တွေ မင်းအတွက်

ငါ မ​ဆောက်​​လုပ်​​ပေးနိုင်​​သေး​ပေမယ့်

တဲအိမ်​​လေးနဲ့ မင်းဘဝကို လုံခြုံသာယာ​စေပါ့မယ်



ဇိမ်​ခံကားအ​ကောင်းစားကြီး​တွေ

မင်း အတွက်​ ငါ မဖန်​ဆင်း​ပေးနိုင်​​သေး​ပေမယ့်

မင်း သွားချင်​တဲ့​နေရာကို ​ချော​မောလုံခြုံစွာ

ငါ အ​ရောက်​ပို့​ပေးနိုင်​တယ်
image

စိန်​ ​ရွှေ ​နှင့်​ ​ခေတ်​​ပေါ်အလှကုန်​ပစ္စည်း​တွေ

မင်း အတွက်​ ရာနှုန်းပြည့်​ မဆင်​မြန်းနိုင်​​သေး​ပေမယ့်

ငါ့ရဲ့ ကိုယ်​ကျင့်​သိက္ခာနဲ့ စိတ်​ဓာတ်​​ကောင်း​တွေ​ကြောင့်

လူဘုံအလယ်​မှာ မင်း မျက်​နှာ ပွင့်​လန်း​နေ​စေရမယ်



"ချစ်​တယ်​”ဆိုတဲ့ စကားလုံးကို မင်း ​ပျော်​​နေ​အောင်

တဖွဖွ မ​ပြောနိုင်​​ပေမယ့်

ငါ့ ​မေတ္တာကို တသသလွမ်း​နေ​ရ​အောင်

လက်​​တွေ့ သက်​​သေပြပါ့မယ်​ ချစ်​သူ.....

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center