ဆရာတစ်ယောက် အကြောင်း

''ဟော သံလွင်တို့ ပါလား
ဘယ်လာကြတာလဲ''

''ကိုကြီးဆီကို သက်သက်လာတာ''

သံလွင်နဲ့ သာမကြာမကြာတွေ့ ဖြစ်ပေမယ့်
ဝေမိုးနဲ့ က မတွေ့ ဖြစ်တာ ၂နှစ်လောက်တောင်ရှိရောပေါ့

''ဦး သက်သာရဲ့လားဟင်''

သြော် ကျနော့်အဖေ လေဖြတ်တဲ့ သတင်းကိုလာမေးကြတာကိုး
သူတို့ နှစ်ယောက်ကြည့်ရတာ အရင်တခါ ဆုံတုန်းကထက် ပိုနီးကပ်နေသလိုပဲ

ပြီးခဲ့တဲ့ တစ်လလောက်က အဖေ လေဖြတ်သွားတယ်လေ
အမေကတော့ အဖေ့နားကကို မခွာတော့တာ...

''လာအထဲဝင်လေ ညီမလေး
ဖေဖေ့ဆီ သတင်းလာမေးတာလား''

'ဟုတ်ကိုကြီး ''

ငယ်ငယ်ကတည်းက ဖေဖေနဲ့  ခင်နေတဲ့ သံလွင်လေးဟာ ဖေဖေ့ကို ခြေဆုပ်လက်နယ်ပြုရင်း စကားတွေ တတွတ်တွတ်ပြောနေရှာတယ်

ကျနော်ကတော့ ညီငယ်လေး ဝေမိုးကို စကားပြောဧည့်ခံထားသည်

''ညီလေး မင်းနဲ့ သံလွင်ရဲ့ အခြေအနေက ?''

''ခင်ဖို့ အကောင်းဆုံး ချစ်သူအဖြစ်ပေါ့ဗျာ''

''ငါ့ညီစကားက အဆန်းပါလား''

''ချစ်သူလို့ နှစ်ဦးသဘောတူ သတ်မှတ်လိုက်ကြပေမယ့် ဆက်ဆံရေးက အရင်အတိုင်းပဲလေ
တခါတလေ လူလစ်တုန်း
နမ်းကြတာကလွဲရင်ပေါ့''

ဝေမိုးကပေါ့ပေါ့ပါးပါးလေး ရယ်သွမ်း၍ပြောသည်

''ကိုယ် မင်းရေးတဲ့စာအုပ်လေး ဖတ်ရတယ်''

''ဟုတ် အစ်ကို ''

''အဲ့ဒိအထဲမှာ သံလွင့်အဖေအကြောင်းတော့ ကိုယ်နဲ့  ဆုံဖူးလို့ သိတယ်ကွ
အခြားသူတွေအကြောင်းတော့ မသိဘူး
ဒါပေမယ့် ကိုဥက္ကာပြောတာလေးတွေ သဘောကျမိတယ်
နောက်ပြီး
ကိုယ့်အကြောင်းကို ပြန်ဖတ်ရတော့
ကိုယ်မင်းကို တော်တော် ကျေးဇူးတင်မိသွားတယ်
ကိုယ်စာအုပ်ထုတ်ဖြစ်ရင်လည်း
ကိုယ်အဲ့စာလေးကို ဒီအတိုင်း ပြန်ကူးထည့်လိုက်မယ်
ငါ့ညီရဲ့ အာဘော်ကို မပြောင်းတော့ဘူးလေ''

''အင်း အစ်ကို့ ရဲ့ ဆရာတစ်ယောက်အကြောင်း ဆောင်းပါးတွေတောင် မမြင်တာ ကြာပြီ ဆက်မရေးဖြစ်တော့ဘူးလား''

''အေးကွ... အဖေ့ရဲ့ ကျန်းမာရေးကလည်း နည်းနည်း ချူ ခြာလာတော့ ကိုယ်စာထဲ
စိတ်နှစ်လို့ မရဘူးဖြစ်နေတယ်
စာသာဖတ်နေတာ စာရေးဖို့ 
ဘယ်လိုမှ စိတ်နှစ်လို့ မရဘူးကွာ''

''ရေးပါ အစ်ကိုရာ အစ်ကိုစာရေးပုံလေးကကောင်းတယ်
ဖတ်ရတာလေးက ရှင်းတယ်လေ
ပညာရေးအတွက် အစ်ကို့  ရဲ့ စိတ်ထက်သန်မှုတွေကို မြင်နေရတယ်
အခုလာတာက အစ်ကိုဆောင်းပါးတွေကို မမြင်တာကြာလို့  ဘာများဖြစ်သလဲ လို့  သံလွင့်ကို မေးတော့ သံလွင်ကလည်း ဂဃနဏ မပြောဘူး
အဲဒါနဲ့ ပဲ အစ်ကို့ ဆီသွားရအောင် ဆိုပြီး ထွက်လာခဲ့တာ''

ကျနော် နဲ့  ဝေမိုးစကားပြောနေတုန်း သံလွင်ထွက်လာသည်

ဝေမိုးက
''အစ်ကို ဆောင်းပါးတွေနားထားတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ''

''၂နှစ်ပျော့ပျော့လောက်ရှိသွားပြီညီ''

''ဒါဆို အစ်ကို စာထဲက တပည့်လေးတွေတောင် ၁၀တန်းရောက်ပြီပေါ့''

''တချို့ ကအောင်တောင်သွားပြီ ငါ့ညီရ
ကိုယ်က ကိုယ်ဆရာစဖြစ်ကတည်းက အကြောင်းအရာတွေကိုလည်း ယူရေးထားတာလေ
ဖြစ်ရပ်မှန်ကို အခြေခံပေမယ့်
အချိန်ကျတော့ အဆင်ပြေသလို ရေးလိုက်တာ
messageကို ပဲ ဦးစားပေးတာကိုး''

'ကျနော်က အစ်ကို့ ကို စာအုပ်ထုတ်စေချင်လှပြီ
ဆရာတစ်ယောက်အကြောင်းကို ဖတ်ရတာ ကျနော်တကယ်အားရမိတယ်အစ်ကို''

''ကျေးဇူးငါ့ညီရာ ခုလို လာတိုက်တွန်းတော့ ကိုယ်တကယ်အားရှိမိတယ်
ကိုယ်စာအုပ်ထုတ်ဖို့ အတွက် ပြန်ပြီး editလုပ်လိုက်ဦးမယ်
ငါ့ညီရဲ့သံလွင်စာအုပ်လေးဖတ်ပြီး သံလွင့်လို တပည့်မလေးတစ်ယောက်လောက် သိပ်လိုချင်မိလာတယ်
သိပ်Activeဖြစ်တဲ့ကောင်မလေးပေါ့'

သံလွင်က သူ့ အကြောင်းပြောတော့ ရယ်နေသည်

''ကိုမင်းသစ်လည်း ကျနော့်စာအုပ် ဖတ်ပြီးပြီဆိုတော့ ကျနော်နဲ့  သံလွင့်အကြောင်းကို သိပြီးရောပေါ့''

''ဟား သိပါ့ဗျာ
ကိုယ်ကလည်း ကိုယ့်ကိုလာမေးဖို့  တောင် တောင့်တမိသေးတယ်
ကိုယ့်ကိုယ်ကို ပြန်မေးရတာ သိပ်အားမရဘူး
ညီတို့ က မေးပါ ကိုယ့်အဖြေကို သဘောမတူရင်လည်း အားနာစရာမလိုဘဲ ပြန်ထောက်ပြပါ''

''သံလွင် စမေးမလား ကျနော်စမေးရမလား''

'ဝေမိုးအရင်မေးလေ''

ဝေမိုးက ခေါင်းငြိမ့်ပြပြီး

''အစ်ကို့ မှာ သင်ကြားရေးကို ပုံဖော်ထားတဲ့ Drawingတစ်ခုရှိလား''

''ဘယ်လို''

''ဒီလိုအစ်ကိုရာ constructinတွေ ဆောက်တဲ့အခါမှာ Groundမှာ မဆောက်ခင် Drawingတစ်ခု အရင်ဆွဲရတယ်
မြေပြင်မှ ဆုံးရှုံးမှုတွေ မတိကျမသေသပ်မှုတွေမဖြစ်အောင် drawingထဲမှာပဲ အရင်အဖြေရှာတယ်
strength of material တို့ ဘာတို့  ကို အခြေခံပြီး စဉ်းစားတာမျိုးပေါ့ အစ်ကိုရာ...
ဒီတော့ ဖြစ်လာစေချင်တဲ့ အဆောက်အဦးပုံစံဟာ Drawing အတိုင်း အတိအကျရှိပြီးသားပဲ
ဒါကြောင့် ပညာရေးအဆောက်အဦးအတွက် အစ်ကို့ မှာ Drawingရှိလား''

''ဥပမာလေးတော့ သဘောကျမိတယ်ကွာ... ကိုယ်က အဆောက်အဦးအသစ်ဆောက်ဖို့  Ideaအရင်ရတာမဟုတ်ဘူး
လက်ရှိအဆောက်အဦးရဲ့ အားနည်းချက်တွေကို အရင်မြင်တာ

ဒီလိုကွာ ကိုယ်တို့  မူလတန်းပညာရေးမှာ
ခန့် အပ်ထားတဲ့ ဆရာ/ဆရာမ တွေကဆရာအဆင့်သက်မှတ်ချက်မှာ ရာထူးအငယ်ဆုံးပဲ
အတန်းငယ်ရင် သင်ရလွယ်တယ် ဆိုတဲ့ ''logic''ကြီးနဲ့  ဆုံးဖြတ်ထားတာမဟုတ်လား

ဟုတ်ပြီ အဖြေထုတ်မယ်
တကယ်ပဲ အတန်းငယ်ရင် သင်ရလွယ်သလား

ညီလေးကို DOTAစကားနဲ့  ပြောရရင် နောက်ပိုင်း ဂေါဖို့ က အစပိုင်းမှာ creepကို သေချာစားရတယ်
အစပိုင်းမိနစ်တွေက သိပ်ကို အရေးကြီးတယ်
''အစကောင်းမှ အနှောင်းသေချာ''ဆိုတဲ့အတိုင်းပေါ့ကွာ''

DOTA gameကို နားမလည်သော သံလွင်က အူကြောင်ကြောင်လေးကြည့်သည်

''ဒီလို ညီမလေးရဲ့ အပင်တွေကို စိုက်ပျိုးတဲ့အခါ အစပိုင်းကာလတွေဟာ ဂရုစိုက်ဖို့  အလိုဆုံးပဲ

လူတွေက နားလည်မှုလွဲကြသေးတယ် ဂရုစိုက်တာကို မေတ္တာအလုပ်လို့  ထင်ကြတာလေ
တကယ်က ဂရုစိုက်တယ်ဆိုတာ ပညာအလုပ်ပဲ
ကလေးရဲ့ဗီဇအတိုင်း
လုပ်ဆောင်မှုတချို့  ကို ခွင့်ပြုဖို့ 
လုပ်ဆောင်မှုတချို့ ကို တားမြစ်ဖို့ 
ဆုံးဖြတ်ပေးရတယ်
ခွင့်ပြု သင့်တာ တားမြစ်သင့်တာကို ပိုင်းခြားဖို့  ဥာဏ်ရည်လိုပြန်တယ်

ဒီတော့ မူလတန်းဆရာဆရာမ တွေဟာ ကလေးစိတ်ပညာ စာအုပ်တွေဖတ်ထားသင့်တယ်''

''အစ်ကို ပြောပုံက ဒီနိုင်ငံ မူလတန်းပြတွေက ရှိသင့်တဲ့ အရည်အချင်းထက် နိမ့်ကျနေတာပေါ့''

''အဲ့ဒိကောက်ချက်အတွက် ကိုယ်စိတ်မကောင်းဘူး
ကိုယ်ပြောချင်တာက မူလတန်းပြ ဆရာ
ခန့် အပ်တဲ့ စံနှုံးအလွဲကို ပြောချင်တာ...

ကလေးတွေအတွက်
သိပ်တော်တဲ့ဆရာတွေကိုအလိုရှိတာ
တော်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းရဦးမယ်....
ဒေါက်တာသန်းထွန်း မူလတန်းသင်ခိုင်းရင် သူသင်တတ်မှာ မဟုတ်ဘူး...
ဒါသူ့ ရဲ့အထူးပြုမဟုတ်လို့ ...
ဒီမူလတန်းသင်ဖို့ သူမတော်ဘူး
''မသင့်တော့ မတော်ဘူးပေါ့ကွာ

စာသင်တယ်ဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ 
အတွေ့ အကြုံ သိပ်လိုအပ်တယ်...
အတွေ့ အကြုံဆိုတာ မူလတန်းသင်တဲ့ လုပ်သက်ကို ပြောတာမဟုတ်ဘူး
မူလတန်းကျောင်းသားဘဝ ဖြတ်သန်းမှုကို ဆိုလိုတာ

မူလတန်းကျောင်းသားဘဝဖြတ်သန်းခဲ့မှုဟာ သင်ကြားပေးတဲ့ ဆရာအတွက် သိပ်ဝေးနေတော့ မှတ်မိဖို့ က မလွယ်လှဘူး....
ငါ့တုန်းက''ဘယ်လို''ဆိုတဲ့ အတွေ့  အကြုံဟာလည်း အရေးကြီးတယ်
ဒါကြောင့် ဒီမူလတန်းအရွယ်တွေကို သင်ပေးမယ့်ဆရာဆီကအရည်အချင်းများများ တောင်းဆိုရမယ်

ရာထူးသတ်မှတ်ချက်ကောင်းကောင်း ပြန်ပေးရမယ်''

''အစ်ကို့ ရဲ့ အဓိက ပြင်ဆင်ချင်တဲ့ အချက်က ဒါလား''

''ဒါကို အဓိကလို့ ပဲဆိုရလိမ့်မယ်''

''လက်ရှိဆရာ ဆရာမတွေကို အနားပေးပစ်ရမှာလား''

ကျနော် ဝေမိုးကို အံ့သြစွာ စိုက်ကြည့်မိသည်
ဒီကောင်လေး မေးခွန်းတွေ သိပ်ကို ပွင့်လင်း ရဲတင်းလွန်းသည်

''အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတွေထဲမှာ ကိုယ်လည်း အပါအဝင်ပဲ

ဆရာရွေးချယ်ရေးအတွက် လုပ်ခွင့်ရှိတဲ့သူတွေက သူတို့  လုပ်သင့်တာကိုလုပ်

အေး ... အခုလက်ရှိ ဆရာဖြစ်နေတဲ့
ကိုယ်တို့ ကလည်း ကိုယ်တို့  လုပ်သင့်တာကို အကောင်းဆုံး လုပ်ရမယ်
ပိုလေ့လာရမယ်
ကျောင်းသားတွေ အကြောင်းကို ပိုသိအောင်ကြိုးစားရမယ်
ပိုစိတ်ရှည်ရမယ်
ပိုကောင်းတဲ့ သင်ကြားနည်း အသစ်တွေကို ရှာဖွေနေရမယ်

ကိုယ်ရေးခဲ့တဲ့ဆောင်းပါးတွေဟာ ဆရာတစ်ယောက် ဘယ်လို ကျင့်သုံးသင့်တယ်ဆိုတာကို ကိုယ့်အတွေးကိုယ့်အမြင်နဲ့  တင်ပြတဲ့သဘောပေါ့''

''အစ်ကို အတွေးတွေကရော မှန်ပါ့မလား''

''ကိုယ့်အတွေးတွေ မှန်ပါတယ်လို့  ကိုယ့်မှာဆုံးဖြတ်ခွင့်မရှိဘူး
ဒါက စာဖတ်သူသုံးသပ်ရမယ့် ကိစ္စပဲ
''ကျနော်ကတော့ ဒီလိုမြင်တယ်''လို့  ဖွင့်ပြောရမှာ ကိုယ့်အပိုင်းလေ

ကျနော်ပြောတာတွေ လက်ခံပါ ယုံကြည်ပါလို့  ကိုယ့်မှာ တိုက်တွန်းခွင့်မရှိဘူး
ဘာကြောင့်လဲဆိုတော့ ကိုယ်လည်း လွဲနိုင်လို့ ''

သံလွင်က ကျနော့်ကို ပြုံးကြည့်ပြီး
''ဝေမိုးကိုတော့ သည်းခံအစ်ကိုရေ
သူ့ မေးခွန်းတွေက ရိုက်ပေါက်ချည်းပဲ''

''ရပါတယ်ညီမရဲ့''လို့  ပြောပေမယ့် ဝေမိုးရဲ့မေးခွန်းတွေက ရင်ကို တစ်ချက်တစ်ချက် အောင့်သွားစေတာတော့အမှန်ပဲ

ဝေမိုးက ကျနော့်ရင်ကို မြင်၍ပဲလားမသိ
ကျနော့်ကို တိုက်ရိုက်ပြောမယ့်အစား သံလွင့်ကိုလှမ်းပြောသည်

''ဒီလိုရှိတယ်သံလွင်
သူများနဲ့ မတူတဲ့ အယူအဆတစ်ခုကို ချပြချင်ရင် အများလက်ခံထားတဲ့ ဘောင်ထဲက ဖောက်ထွက်ချင်ရင်
ကိုယ်ပြန်ရရှိမယ့် တုံ့ ပြန်မှု ကြမ်းကြမ်းတွေကို
လက်ခံရဲဖို့ လိုတယ်
ရင်ဆိုင်ရဲဖို့ လိုတယ်
ဖြေရှင်းနိုင်ဖို့ လိုတယ်

ကိုမင်းသစ် ဒီလိုရေးချလိုက်မယ်ဆိုရင် ကျနော်မေးတဲ့ မေးခွန်းမျိုးတွေကို ကိုမင်းသစ်ကြုံရမှာပဲ

အခုကျနော်နဲ့ ကိုမင်းသစ်က အလ္လာပ သလ္လာပ ပြောနေတာမဟုတ်ဘူးလေ
ဒါကြောင့် ပွင့်လင်းဖို့ ကအဓိကပဲ

ထောက်ခံဆွေးနွေးမှုဟာ ကိုမင်းသစ်ရဲ့အားစိုက်မှုကို ပေါ့သွားစေလိမ့်မယ်
ဒီတော့ ဝေဖန်ဆွေးနွေးမှုကိုသုံးတယ်
အားနည်းချက်ကို ရှာပြီး ထောက်ရမှာပဲ''

ဝေမိုး ၏အဖြေကို ကျနော် တော်တော်ကို ကျေနပ်သွားသည်
ဟုတ်တယ်ဒါမှ အတိုက်ခံကောင်းစစ်စစ်....

''ကျေးဇူးညီလေးရာ ကိုယ်အားရှိသွားပြီ ရဲရင့်သွားပြီ
အနည်းဆုံးတော့ ကိုယ့်အတွေးတွေ ချွတ်ချော်သွားရင် ထိန်းပေးမယ့် ညီလေးရှိနေပြီ
ဒါဆို ကိုယ်ဆက်ပြောမယ်

ကိုယ်မြင်တာက မြန်မာပြည်က ၁၈နှစ်သားဟာ (Europe)ယူရုပ်က ၁၈နှစ်သားနဲ့  ရင့်ကျက်မှုအပိုင်းမှာ သိပ်ကွာခြားလွန်းတယ်
ရင့်ကျက်မှုဆိုတာကတော့ ခြုံပြောလိုက်တာပါ
အရည်အချင်း အစုံစုံကို ဆိုလိုတာပါ

ဒါဆို ၅နှစ်သားချင်းရော ကွာသလားဆိုတော့ နည်းနည်းကွာနေသေးတာပဲ
အဖြေက ကလေးကို ဘယ်လို ထိန်းကျောင်းရမယ်ဆိုတဲ့ နည်းစနစ်တွေကွာတာ

ဒီကလေးကို ထိန်းကြောင်းဖို့  အဓိက တာဝန်ရှိတာဟာ မိဘနဲ့  ဆရာ

မိဘဆိုတာက ကိုယ်မွေးထားတဲ့ သားသမီးနည်းနည်းလေးကိုပဲ ကိုင်တွယ်ရတာ
ဆရာဆိုတာက တပည့်ပေါင်းများစွာကို ကိုင်တွယ်ရတာ
ဒါကြောင့် ဆရာတွေကောင်းမှ တော်မှ လူသားအရင်းအမြစ်ဖွံ့ ဖြိုးလာ မှာ'

'' လက်ရှိ မြန်မာ့ လူ့ အဖွဲ့ အစည်း အဆင့်တစ်ခုနိမ့်ကျနေတယ်ဆိုတာ အရင့်အရင်က ဆရာတွေရဲ့ လိုအပ်ချက်ပေါ့ အဲ့ဒိလိုလား အစ်ကို''

''ခြုံပြောရရင် နိုင်ငံ့ကဏ္ဍကို
ဦးဆောင်သူတွေညံ့ခဲ့လို့ ပေါ့
ချွင်းချက်အားဖြင့် တော်သူတွေရှိမယ်
ယေဘူယျအားဖြင့် ညံ့သူတွေများတယ်

ဆရာရွေးချယ်မှု ခန့် အပ်မှု စနစ် အားနည်းရင် ဆရာတွေရဲ့ အရည်အချင်းပိုင်းလည်း အားနည်းမှာပဲ

ကိုယ်တို့  အဖြေကို အားမနာတမ်းထုတ်မှရမယ်
အနာဂါတ်မျိုးဆက်သစ်တွေ အတွက်လေ''

''ဒီစကားတွေကို လက်ရှိထမ်းဆောင်နေတဲ့ဆရာ ဆရာမတွေ နဲ့ 
ဆရာ ဆရာမ အဟောင်းတွေ ကလက်ခံချင်ပါ့မလား''

ကျနော်ခဏငိုင်သွားသည်
ကိုယ့်ဖြစ်တည်မှုမာနကို ဆုပ်ကိုင်ထားချင်တာနဲ့ ပဲ ပိုကောင်းမယ့်လမ်းကို မျက်နှာလွှဲပစ်ကြမှာလား

စကားလုံးတွေ အဆိပ်ဖြစ်သွားမှာတော့ ကျနော်စိုးရိမ်နေမိတာအမှန်ပါပဲ

ဝေမိုးက
''ကျနော်အစ်ကို့ ကိုမေးမယ်ဗျာ
အစ်ကို့ ကို သင်ခဲ့တဲ့ ဆရာ ဆရာမတွေကို အစ်ကို ကျေးဇူးမတင်ဘူးလား
အသိအမှတ်မပြုဘူးလား''

''ဒီမေးခွန်းကျမှ ကိုယ်ဘာဖြေရမယ်ဆိုတာကို အလင်းပွင့်သွားတယ်

ဥပမာလေး ပြောပြမယ်ကွာ
တွင်းကြီးတစ်တွင်းထဲမှာ အစားအစာတွေ ရှိတယ်
အဲ့ဒိအစားအစာတွေကို လူတစ်ယောက်က သယ်မပြီး ကလေးတွေကို အစာဝေဖို့ 
တာဝန်ပေးခံထားရတယ်
သူ့ ကြောင့် ကလေးတွေ အစာစားရတယ်ဆိုပါတော့ကွာ

ဒီအချက်ကိုစဉ်းစားရင် အစာဝေတဲ့သူကို ကျေးဇူးတင်ဖို့  ကောင်းတယ်

ထပ်စဉ်းစားရအောင် ကလေးတွေ အစာစားရတာတော့ ဟုတ်ပါပြီ
ကလေးအခွင့်အရေး
ကိုကြည့်ရအောင်
စားရတဲ့ပမာဏက ဘယ်လောက်လဲ
ပမာဏဘယ်လောက်စားရသင့်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိသလား
ဒါမှမဟုတ် အဲ့ဒိလူခပ်ပေးသလောက်ပဲ စားရမှာလား
image
အဲ့ဒိလူရဲ့ အစာခပ်နှုံးဟာ
သူ့ ရဲ့အရည်အချင်းပေါ် မူတည်ပြီး အနည်းအများ ကွာနိုင်သလို
အဲ့ဒိလူရဲ့ မေတ္တာစေတနာပေါ် မူတည်ပြီးလည်း အနည်းအများကွာ နိုင်တယ်

ကိုယ်တို့ ပညာရခဲ့တာမှန်တယ်
ဒါပေမယ့် ဝလင်လုံလောက်ခဲ့ရဲ့လား
ဒီတော့ ကိုယ်တို့ က ကျွေးခဲ့တဲ့အစာတွေအတွက် ကျေးဇူးတင်တယ်
ဝဝလင်လင် မဖြစ်ခဲ့တဲ့အတွက်တော့ ပြန်ထောက်ပြချင်တယ်ညီ

အခု အစာခပ်တဲ့ အလုပ်ကို ကိုယ်လုပ်နေရပြီ
ကိုယ့်ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ကိုယ်ခပ်ပေးမယ်

ဒါပေမယ့် အစာခပ်တဲ့ တာဝန်ကိုတော့ တကယ်သန်မာတဲ့သူ
မေတ္တာစေတနာကောင်းမယ့်သူကိုသာ ပေးစေချင်တာမျိုးပါ''

သံလွင်ကဝေမိုးကို ပြုံးပြီးကြည့်နေသည်
ဝေမိုးကတော့ မေးခွန်းထုတ်ရန် စဉ်းစားနေသည့်ဟန်
ကျနော်ကတော့ ဝေမိုးရဲ့မေးခွန်းတွေကို မောပန်းစွာ ဖြေနေရသူပေါ့

''အစ်ကို ကလေးတွေကို ဘယ်လိုမြင်လဲ''

''တန်ဖိုးရှိတဲ့ ကျောက်ရိုင်းတုံးလေးတွေ''

''ဒါရှေးကတည်းက သတ်မှတ်ထားတာပဲ''

'ဟုတ်တယ် စကားအဖြစ်သတ်မှတ်ထားတယ်
ဒါပေမယ့် ကလေးတွေကို အဲ့ဒိလိုသဘောမထားကြဘူး

ကလေးရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင် မျက်လုံးကို ဆုံအောင်ကြည့်ပြီး
''သားက သားရည်မှန်းတဲ့ ဆရာဝန်ကြီး ဖြစ်ကိုဖြစ်မှာ
သမီးရည်မှန်းတဲ့ နာမည်ကျော် Designerဖြစ်ကိုဖြစ်မှာလို့  ဆရာတွေ အားပေးခဲ့ဖူးရဲ့လား

ကျောင်းလာတက်တယ်
သင်ပေးလိုက်တယ်
တစ်တန်းပြီးသွားတယ်
ကလေးတွေကို motivateလုပ်ပေးဖို့  ပျက်ကွက်ကြသူတွေအများကြီးပဲ

Everychild is special.တဲ့
ကလေးတွေမှာ ကိုယ်ပိုင် Talent ကိုယ်စီနဲ့ ...
ကျောက်ရိုင်းတုံးလို့ သာလက်ခံပြီး ကျောက်သွေးပေးဖို့  ပျက်ကွက်ကြသူတွေရှိတယ်

လက်ညှိုးထိုးတဲ့လမ်းစဉ်ထက် လက်တွဲခေါ်တဲ့ လမ်းစဉ်ကို ကိုယ်က ပိုသဘောကျတယ်ညီလေး
အရင်က ဖြစ်ခဲ့တာတွေ ရှိစေတော့
ကိုယ်တို့ လက်ထက်မှာ ဒီပညာရေး constructionကြီးကို အကောင်းဆုံး တည်ဆောက်သွားချင်တယ်

တကယ်ကို အပြု သဘောသက်သက်ပါညီ
ယုံပါ...
အတိတ်ထဲမှာ နာကျည်းမုန်းတီးနေ
လို့ မှမပြီးဘဲ...
အဲ့ဒိအတိတ်က အားနည်းချက်တွေကို သင်္ခန်းစာယူပြီး ပိုကောင်းတဲ့ မြန်မာ ဖြစ်အောင်သာ ကိုယ့်မှာ တည်ဆောက်ချင်စိတ်ရှိနေတာပါ''

''အစ်ကို့ ပြောစကားတွေက ဆရာတစ်ယောက်ထက်ပိုနေတယ်''

''ညီသတ်မှတ်ထားတဲ့ ဆရာတစ်ယောက်ရဲ့ စံ က သိပ်နည်းနေလို့ နေမှာပါ
ကိုယ်သတ်မှတ်ထားတဲ့ ဆရာတစ်ယောက်ရဲ့စံကို ကိုယ်ကိုယ်တိုင်လည်း မပြည့်မှီ သေးဘူးညီ
ခုမှ ကြိုးစားနေရဆဲ''

ဝေမိုးက သူ့ လက်ကို ရှေ့ ထုတ်ရင်း ကျနော့်ကို ကမ်းလိုက်သည်
ကျနော်လည်း သူ့ လက်ကို ပြန်ဆွဲလိုက်ရင် တစ်ယောက်ကို တစ်ယောက် ကျေကျေနပ်နပ်ပြုံး ကြည့်သည်...

''လေးစားမိပါတယ်အစ်ကို'' ဆိုတဲ့စကားရယ်
''ကျေးဇူးတင်လိုက်တာ ညီလေးရာ'' ဆိုတဲ့စကားရယ်ဟာ ပြိုင်ထွက်လာတယ်

သံလွင်ကတော့
ဒီနေ့ အတော်စကားနည်းသည်
သူနဲ့ မဆိုင်သလို ဘာမှ ဝင်မမေးပါ
ဒါမှမဟုတ် သူ့ ကောင်လေး ဝေမိုးရဲ့ မေးခွန်းတွေကပဲ လုံလောက်၍လား မသိ

''ညီလေး ဝေမိုး ကိုယ်စာအုပ်ရေးဖြစ်တဲ့အခါ ဒီနေ့  ပြောခဲ့တဲ့စကားတွေကို ကိုယ်မှတ်မိသလောက် ပြန်ရေးချသွားမယ်
ညီခွင့်ပြုတယ်မဟုတ်လား''

''ကျနော်တို့ က အစ်ကို့ ကို ရေးစေချင်နေတဲ့သူတွေလေ
ခွင့်ပြုတယ်လို့ မသုံးပါရစေနဲ့ အစ်ကို
ကျနော် ထောက်ခံတယ်လို့ ပဲ သုံးပါရစေ.''
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center